Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Caine
6.2
Austin Powers in Goldmember (2002)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်းDr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကိုထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်းပိုDarkတဲ့ ...
movie
Austin Powers in Goldmember (2002)
2021
HEVC 1080p 5.1
6.1
Best Sellers (2021)
Best Sellers (2021)==============IMDb Rating - 6.1/10ဖခင်ဖြစ်သူဆီကနေ စတန်းဘရစ်ပုံနှိပ်တိုက်ကိုအမွေရခဲ့ပေမဲ့ သူ့လက်ထက်ထုတ်ဝေတဲ့စာအုပ်တွေကလူတွေရဲ့ဝေဖန်မှုကိုခံရပြီး ပုံနှိပ်တိုက်ပါအခြေအနေယိုယွင်းလာခဲ့ပါတယ်။ အဲ့ဒီယိုယွင်းလာတဲ့ပုံနှိပ်ကိုကယ်ဖို့ လူစီတစ်ယောက်နောက်ဆုံးအကြံကိုထုတ်ရတော့တာပေါ့။ပုံနှိပ်တိုက်ပိုင် စာရေးဆရာကြီးကို ရရှိရေးပေါ့။ဒီလိုနဲ့ဟဲရစ်ရှောကို သူတို့စဉ်းစားမိခဲ့ကြတယ်။ ဟဲရစ်ရှောဆိုတာ “Atomic Autumn” ဆိုတဲ့စာအုပ်ကိုရေးခဲ့တဲ့စာရေးဆရာကြီး သူကအဲ့တစ်အုပ်ပဲရေးခဲ့ဖူးပေမဲ့ အဲ့တစ်အုပ်ကလည်းအဲ့အချိန်ကရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်။ဒါပေမဲ့ အဲ့နောက်ပိုင်းစာမရေးတော့သလို လူတွေမြင်ကွင်းကပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း(၅၀)ကြာသွားပြီဖြစ်တဲ့အပြင်…. သူ့အကြောင်းဇာတ်လမ်းတွေကလည်း ကောင်းတာမရှိတဲ့ အရက်သမား..လူတွေကိုမုန်းလို့တစ်ယောက်တည်းနေနေတဲ့လူ…စကားပြောရင်ရင့်သီးတဲ့လူ…သူစိတ်ထဲရှိသလိုနေထိုင်တဲ့သူ့ကို လူစီစတန်းဘရစ်တစ်ယောက် ဘယ်လိုစည်းရုံးမှာလဲ။သူတို့နှစ်ယောက်ရဲ့စာအုပ်အရောင်းမြှင့်တင်ရေးခရီးလေးကရော ဖြောင့်ဖြူးမှာရဲ့လား….လူစီတစ်ယောက် သူ့ပုံနှိပ်တိုက်ကိုကယ်တင်နိုင်မှာလား စတာတွေကို စိတ်ဝင်တစားကြည့်ရှူရမှာပါ။ဇာတ်လမ်းလေးက ဟဲရစ်ရှောရဲ့အဆဲလေးတွေနဲ့ရယ်ရသလို ဒရမ်မာလေးပါ နှောထားတော့ ရယ်လိုက်ငိုလိုက်ခံစားလိုက်နဲ့ဖြစ်သွားစေမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chit Tee မှရေးသားပေးပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : Comedy, ...
movie
Best Sellers (2021)
2021
8.5
The Prestige (2006)
THE PRESTIGEIMDb (8.5/10) / Rotten Tomatoes (76%)ကြီးမားတဲ့ မျက်လှည့် လှည့်စားမှုတိုင်းမှာ အပိုင်း (3) ပိုင်း ဒါမှမဟုတ် ပြကွက် (3) ကွက်ပါရှိတယ်။ ပထမ အပိုင်းကိုတော့ "ကတိ" လို့ခေါ်တယ်။ မျက်လှည့်ဆရာတစ်ယောက် ဟာ မင်းကို ရိုးရှင်းတဲ့ အရာကိုပြသလိမ့်မယ်။ အထပ်လိုက်စီထားတဲ့ ကဒ်တွေ၊ ဌက်တစ်ကောင် ဒါမှမဟုတ် လူတစ်ယောက်ပေါ့၊ သူကမင်းကို ဒီအရာကိုပြမယ်။ စစ်မှန်ခြင်း သာမာန်ဖြစ်ခြင်း ပြုပြင်ပြောင်းလဲထားခြင်း မဟုတ်ကြောင်းတို့ကို မင်းကို စစ်ဆေးခိုင်းဖို့ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့.. မဟုတ်ပါဘူး။ ဒုတိယပြကွက်ကိုတော့ "လှည့်ခြင်း" လို့ခေါ်တယ်။ မျက်လှည့်ဆရာက သာမာန်အရာဝတ္ထုတစ်ခုကို ယူပြီး ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ဖြစ်အောင်လုပ်ဆောင်လိုက်တယ်။ အခုမင်းလျှို့ဝှက်ချက်တွေကို ရှာဖွေနေမယ်။ ဒါပေမဲ့ မင်းတွေ့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မင်းတကယ်ကြည့်မနေလို့ပဲလေ။ မင်းကတစ်ကယ်မသိချင်ပါဘူး။ မင်းက အရူးလုပ်ခံချင်တာပါ။ ဒါပေမဲ့လည်း မင်းလက်ခုပ်မတီးသေးဘူး။ ...
movie
The Prestige (2006)
2006
6
Come Away 2020
889ခုနှစ်ကရေးဖွဲ့ခဲ့တဲ့ The Stolen Child ကဗျာကိုနောက်ခံထားပီးရိုက်ထားတဲ့ COME AWAY ဆိုတဲ့ဇာတ်ကားလေးကကလေးတွေရဲ့အိပ်မက ်ကမ္ဘာအကြောင်းကိုစိတ်ကူးယဥ္ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ဆောင်ကလေးမောင်နှမတွေ ဖြစ်တဲ့ဒေးဗစ် ပီတာနဲ့ အဲလစ် ၃ယောက်ထဲမှာမှအဲလစ်ကnarratorအဖြစ်နဲ့ပါ၀င်ထားတာပါအဲမောင်နှမ၃ယောက်က နယ်စွန်နယ်ဖျားကဆင်းရဲတဲ့မိသားစုလေးကဖြစ်ပီးသူတို့အဖေကတော့လက် မှုပညာရှင်တစ်ယောက်ပါ အေးချမ်းနေတဲ့သူတို့မိသားစုလေးဆီကိုရောက်လာတဲ့ဂယက်ကတော့ ဒေးဗစ်ကို Bristlemoss ကျောင်းကိုပို့ပေးမဲ့ကလေးတွေရဲ့အဒေါ် အယ်လီနာရဲ့အကြံပါပဲ အဲကိုသွားခါနီးဆဲဆဲမှာပဲဒေးဗစ်ရဲ့မျော်လင့်မထားတဲ့သေခြင်းတ ရားနဲ့ကြုံကြိုက် မိပါတယ်ပီတာနဲ့ အဲလစ်ရဲ့ရင်ထဲကနက်ရှိုင်းတဲ့ဒဏ်ရာတွေရှိလာသလိုကလေးတွေရဲ့အိပ်မက ်ကမ္ဘာလေးကလဲ သူတို့ရဲ့လက်တကမ်းအလိုမှာရှိနေတာပါအရွယ်ရောက်ကြီးပြင်းချင်တဲ့ဆန္ဒရှိကြပေမဲ့ ဒုက္ခအားလုံးကင်းေ၀းမဲ့အိပ်မက ်ကမ္ဘာလေးကိုဘယ်သူသွားနိုင်မလဲဆိုတာရသမြောက်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:30:00 Genre … Adventure, Fantasy, Dram Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie
Come Away 2020
7.5
Secondhand Lions 2003
ဝေါလ်တာဆိုတဲ့ ဆယ့်လေးနှစ်သားလေးဟာ လိမ္မာရှာပေမဲ့ မြာပွေတဲ့ အမေနဲ့နေ နေရရှာတဲ့ ဖတဆိုးသားလေးပါ ဒီလိုနဲ့တစ်နေ့မှာ သူ့အမေ ရည်းစားရှာထွက်ဖို့ ကောင်လေးဝေါ်လ်တာကို သူ့ရဲ့ လူပျိုကြီးအဖိုးလေးနှစ်ယောက်ဖြစ်တဲ့ ဟက်ဘ်နဲ့ ဂါ့သ်ဆီမှာ ချန်ထားခဲ့ပါတယ် ဒီလူပျိုကြီးနှစ်ယောက်ဆီမှာ ဝှက်ထားတဲ့ပိုက်ဆံတွေရှိနေတယ်လို့သတင်းထွက်လို့ အမျိုးတိုင်းက စိတ်၀င်စားနေကြတာပါ ဒီလိုနဲ့ ဝေါလ်တာက ဟက်ဘ် နဲ့ ဂါ့သ်တို့အိမ်ရောက်အပြီးမှာတော့ တကယ်ပဲပိုက်ဆံတွေရှိနေလား သူတို့နှစ်ယောက်က ဘယ်လိုနောက်ကြောင်းတွေရှိမလဲ ဝေါ်လ်တာကရော ဘာဆက်ဖြစ်လာမှာလဲ စတဲ့အကြောင်းအရာပေါင်းများစွာကို ကြည့်ရှုရမဲ့ မိသားစုဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 49min Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by Littleneo
movie
Secondhand Lions 2003
4.9
Four Kids and It (2020)
movie
Four Kids and It (2020)
2020
7.3
The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie
The Last Witch Hunter (2015)
6.5
Sleuth (2007)
Sleuth(2007) ဇာတ်ကားကတော့ ၁၉၇၂ ခုနှစ်က ရိုက်ထားတဲ့ Crime,Drama,Mysteryဇာတ်ကား Sleuth ကို ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ Andrew Wyke ရဲ့ မိန်းမနဲ့ ချစ်ကျွမ်းဝင်နေသူ MiloTindle က သူ့မိန်းမက ကွာရှင်းပေးစေလိုတဲ့ အကြောင်းကိုလာပြောပါတယ်။အဲဒီအချိန်မှာ စာရေးဆရာ က ကစားပွဲတစ်ခုကိုစလိုက်ပါတယ်။ သူတို့ကြားမှာမိန်းမတစ်ယောက်ထက် တခြားအရာတွေပါ ဝင်လာပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတိုက်ပွဲတွေဖြစ်လာတာကိုတွေ့ရမှာပါ။ Cast ကတော့ နာမည်ကြီးမင်းသားနှစ်လက်ဖြစ်တဲ့Micheal Caine နဲ့ Jude Law ပါ။ Micheal Caine က အရင်ဇာတ်ကားမှာ Milo Tindleနေရာက သရုပ်ဆောင်ထားပြီး အခုကားမှာတော့ Andrew နေရာကသရုပ်ဆောင်ထားပါတယ်။ အေးအေးဆေးဆေးကြည့်ပြီးထိုင်တွေးရမယ့်ဇာတ်ကားပါ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 850 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__6.5/10 Format__mp4 Duration__01:28:47 Type__Crime , Drama ...
movie
Sleuth (2007)
2007
7.9
Children of Men (2006)
movie
Children of Men (2006)
2006
7.3
Quills (2000)
မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( ကလောင်တံများ)IMDB - 7.3 ခရမ်းချဉ်သီး - ၇၅ လုံးဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ။* တစ်စက်မှ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ရေးချပြီး သူသေပြီးတဲ့နောက် တစ်စုံတစ်ရာ ချန်ခဲ့ချင်တဲ့ စာရေးဆရာ အရူးတစ်ယောက်....။* မေတ္တာတရား ခွင့်လွှတ်ခြင်းကို အလေးထားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်....။* အရူးတွေကို သူ့နည်းသူ့ဟန်နဲ့ နှိပ်စက်ပြီး ကုသတတ်တဲ့ ဒေါက်တာ တစ်ယောက်..။ကျွန်တော်တို့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက် ကလောင်သွားထက်တယ်တဲ့..။ လိင်မှု ကိစ္စတွေကို အပွင့်လင်းဆုံး ရေးထားပြီး ဂုဏ်သိက္ခာတွေ စည်းတွေ မပါပဲ လူ့လောကကြီးကို အရိုးသားဆုံး အမြင်နဲ့ ရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရေးသားမှုတွေဟာ တစ်ချို့လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင် အဲ့ခေတ်အဲ့ဒီအခါအနေနဲ့ ညစ်ညမ်းလွန်းနေပြန်ပါတယ်။ ဒီတော့ ...
movie
Quills (2000)
2000
5.2
Sherlock Gnomes (2018)
Sherlock Gnomes (2018)_____IMDb - 5.2/10 Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie
Sherlock Gnomes (2018)
2018
4.6
Dear Dictator (2017)
ဒီဇာတ်ကားက Drama,Comedy ပုံစံမျိုးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားပါတယ်။မင်းသားကြီး Michael Caine နဲ့ မင်းသမီးချောလေး Odeya Rush တို့အဓိကပါဝင်ထားပါတယ်။ဇာတ်ကြောင်းကတော့........ကျောင်းကနေ ကိုယ်လေးစားတဲ့လူတစ်ယောက်ဆီကို စာရေးရမယ်ဆိုပြီးအဆိုင်းမန့်ပေးလိုက်တော့ ကျောင်းသူကလေးမက မျက်နှာပြောင်ပြီး အာဏာရှင်တစ်ယောက်ထံကို ဖက်ရှင်စတိုင်ကြိုက်တဲ့အကြောင်းစာရေးလိုက်ပါတယ်..ဒီလိုနဲ့ သူတို့ နှစ်ယောက်သားခင်သွားကြတယ် ဆိုပါစို့။ကံကြမ္မာဇာတ်ကွက်အတိုင်း အာဏာရှင်ကြီး အာဏာသိမ်းခံလိုက်ရတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့.....။ File size…(850 MB) and (390 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by မိုးသောက်
movie
Dear Dictator (2017)
2017
5.8
Journey 2: The Mysterious Island (2012)
Sean Anderson partners with his mom's boyfriend on a mission to find his grandfather, who is thought to be missing on a mythical island. File Size : (700 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 34min Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : BluRay 720p DTS x264-3Li Translated by Myat Noe Wutt Yi Encoded by Thanhtike Zaw
movie
Journey 2: The Mysterious Island (2012)
2012
5.9
Gnomeo & Juliet (2011)
Gnomeo & Juliet (2011) IMDb - 5.9/10_____Rotten - 56% Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (752 MB) Quality : Blu-Ray 720p Format…mp4 Duration…01:24:00 Genre : , Adventure, Animation, Comedy Subtitle ...
movie
Gnomeo & Juliet (2011)
2011
7.9
Dunkirk (2017)
Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie
Dunkirk (2017)
2017
6.2
Cars 2 (2011)
movie
Cars 2 (2011)
2011
6.6
Escape to Victory (1981)
CM မှ classic ပရိတ်သတ်တွေအတွက် Old but gold ဇာတ်လမ်းလေးတစ်ခုတင်ပေးလိုက်ပါပြီ Escape to Victory ထွက်ပြေးလွတ်မြောက်မှုမှသည် အောင်ပွဲဆီသို့ လို့ဘာသာပြန်လို့ဆီလျော်မယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ် ကာလ ဂျာမန် စစ်သုံ့ပန်း အလုပ်ကြမ်းစခန်းမှာ အင်္ဂလန် နဲ့ ဝက်စ်ဟမ်းယူနိုက်တက် ကစားသမားတစ်ယောက်ဟာ သူ့ကိုသိနေတဲ့ စခန်းကိုခဏလာတဲ့ ဂျာမနီ လက်ရွေးစင်ဟောင်းဗိုလ်မှူးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် သူတို့စကားစပ်မိကြတဲ့အခါ ဘောလုံးပွဲတစ်ပွဲကစားဖို့ပြောဖြစ်ခဲ့ပါတယ် စခန်းမှာက နိုင်ငံစုံကစစ်သုံ့ပန်းတွေထဲမှာလဲ ကစားသမားကောင်းတွေ ရှိနေပါတယ် . . . အမေရိကန်ကွန်မန်ဒို တစ်ယောက်ဖြစ်တဲ့ ရပ်ဘီ ကစားသမားဟက်ခ်ျ တစ်ယောက်ဟာ အမြဲထွက်ပြေးလွတ်မြောက်ဖို့ကြံစည်နေတဲ့ သူတစ်ယောက်ပါ သူထွက်ပြေးဖို့စီစဉ်နေတဲ့အချိန် မှာ ဘောလုံးအသင်းနဲ့ ဘယ်လိုသက်ဆိုင်နေသလဲ. . .ဘောလုံးပွဲကလည်း ချစ်ကြည်ရေးပွဲအနေအထားကနေ ဂျာမန်အထက်အရာရှိတွေက ဘယ်လိုစီစဉ်အသုံးချလိုက်မလဲ . . .သုံ့ပန်းတွေထဲက တာဝန်ရှိတဲ့ စီနီယာ အရာရှိတွေနဲ့ ဘောလုံးအသင်းထိပ်တိုက်တွေမှုတွေကဘာတွေရှိနေမလဲ . . .ဘောလုံးပွဲ တစ်ပွဲဆိုတာ ဘောလုံးပွဲဆိုတာထက်ပိုတဲ့ အကြောင်းတရားတွေရှိနေမလဲ . . .စတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အလှည့်အပြောင်းတွေ ရန်သူဖြစ်နေပေမဲ့ တကယ့်အားကစားသမားစိတ်ဓါတ်ရှိတဲ့သူတွေ လက်အောက်ငယ်သားကိုနားလည်ပေမဲ့ ...
movie
Escape to Victory (1981)
1981
6.6
Going in Style (2017)
Going in Style (2017)_______IMDb - 6.6/10 ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံထောက်တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.6 ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။ (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ) File Size : (702 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
movie
Going in Style (2017)
2017
7.3
Youth (2015)
Youth (2015)IMDb (7.3/10)....Rotten Tomatoes (72%)အီတလီရုပ်ရှင်ပါ။မင်းသားကြီး Michael Caine နဲ့ Harvey Keitel တို့အပြင် အခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Comedy , Drama , Music အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။၂၈ ကြိမ်မြောက် ဥရောပရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ Michael Caine က အကောင်းဆုံးသရုပ်ဆောင်ဆု စသဖြင့် ဆုတွေ အသီးသီး ရရှိခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ........[Spoiler Alarm]ဆွစ်တောင်တန်းတွေဆီ အားလပ်ရက် ခရီးထွက်ကြတုန်း အဘိုးကြီးနှစ်ယောက် သူတို့ဖြတ်သန်းခဲ့ကြတဲ့ဘဝတွေကို ပြန်ပြောင်းဆင်ခြင်မိကြတဲ့အကြောင်းတွေလည်း ဖြစ်တယ်။ အိုမင်းခြင်းနဲ့ နုပျိုခြင်း၊ အတိတ်နဲ့ အနာဂတ်၊ ရှင်သန်မှုနဲ့ သေဆုံးမှု စတဲ့အကြောင်းအရာတွေကြားထဲက ထာဝရ ရုန်းကန်နေရခြင်းအကြောင်းတွေပေါ့။Fred Ballinger ( Michael Caine ) က ဂန္ထဝင်ဂီတစာဆိုကြီးတစ်ယောက်။ Mick Boyle ( Harvey ...
movie
Youth (2015)
2015
6.8
Stonehearst Asylum (2014)
Stone Hearst Asylum (2014) IMDb - 6.8/10_____Rotten - 54% ဒီဇာတ်ကားကတော့ IMDb rating 6.8/10 ရရှိထားပြီး ဇာတ်လမ်းဇာတ်ကွက် ဆင်ထားပုံကတော့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပါတယ်ဆိုတဲ့ ကုလားကားတွေကို သနားတယ်လို့တောင်ပြောလို့ရတဲ့ဇာတ်ကားပါ။ ဇာတ်ကားတကားလုံး လျှိုကွက်တွေနဲ့ ပြည့်နှက်နေပြီး ဇာတ်လမ်းကို အစအဆုံး ကြည့်မှသာ ဇာတ်လမ်းသဘောတရားကို သိရှိနိုင်မှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင် Eliza Graves နေရာမှာမင်းသမီး Kate Beckinsale ကသရုပ်ဆောင်ထားပြီးတော့ အဓိက မင်းသား ဒေါက်တာEdward Newgate နေရာမှာ မင်းသား Jim Sturgess ကပီပီပြင်ပြင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုမှာ သဘောကျတာကတော့ တကားလုံးကို အရူးတွေနဲ့ဘဲဇာတ်လမ်းဆင်ရိုက်ကူးထားတာကိုပါ။ ဒီဇာတ်ကားဟာ Golden Reel Award မှာ Best Sound Editing Award ကိုရရှိထားလို့ အသံကျယ်ကျယ်လေးနဲ့ကြည့်ရှုကြည့်ကြပါလို့ အကြံပြုခြင်ပါတယ်။ Oxford တက္ကသိုလ်ရှိ ဆေးပညာဆွေးနွေးပွဲတခုမှာ စိတ်ရောဂါတမျိုးကို ဆွေးနွေးကြရာမှ စိတ်ဝေဒနာရှင် တွေကို လက်တွေ့စမ်းသပ်ပြသခဲ့ရာမှ စိတ်ဝေဒနာရှင် Eliza Graves ကို မင်းသား ...
movie
Stonehearst Asylum (2014)
2014
1
2
Previous