Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Aaron Milligan
Faceless After Dark (2023)
Coulrophobia ဆိုတဲ့ clown တွေ လူပြက်တွေ၊ မျက်နှာမှာ ဆေးတွေခြယ် ပြုံးနေတဲ့ မျက်နှာကြီးနဲ့ လူတွေ အဲ့ပုံစံတွေကို ကြောက်ကြတဲ့ phobia တစ်ခုက လူတော်တော်များများမှာ ရှိကြတယ်။ ဒါပေမယ့် သည်ဇာတ်ကားမှာကတော့ အဲ့ဒီ့ clown တွေကို clown တွေ လူသတ်တဲ့ပုံစံအတိုင်း ပြန်သတ်ပြတာကို သေချာကြည့်ရမှာပဲ ဖြစ်ပါတယ်။ဘယ်လို clown တွေ ကို သတ်တာလဲ။ ဘာကြောင့် သတ်တာလဲ။ နောက်ခံက အကြောင်းတွေကကော ဘာတွေရှိမလဲ။ ပြီးတော့ ရုပ်ရှင်လောကနဲ့ လူမှုကွန်ရက်က ပုပ်ပွနေတဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သွေးတွေသံတွေနဲ့ တသသ ကြည့်ရမယ့် ဇာတ်ကားမျိုးကို ကြည့်ချင်ရင်တော့ ခုဇာတ်ကားက အကြည့်သင့်ဆုံးကားပဲ ဖြစ်ပါတယ်။File size…(1.1 GB)/(536 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Faceless After Dark (2023)
5.6
Desperation Road (2023)
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံးအချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျောပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲသူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Desperation Road (2023)
Don’t Kill It (2016)
Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie
Don’t Kill It (2016)
8
The Tutor (2023)
The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie
The Tutor (2023)
2023
4.8
Bad Candy (2020)
Bad Candy (2020) ==============တစ်ချိန်တည်း တစ်မြို့တည်းမှာ တချို့တွေကပျော်ပါးနေပြီး တချို့တွေက လူမသိသူမသိကမ္ဘာပျက်နေတဲ့အဖြစ်မျိုးတွေ မြင်ဖူးမှာပါ။ ဒီဇာတ်လမ်း ထဲမှာပါတဲ့ နယူဆဲလမ်မြို့လေးရဲ့ ဟောလိုး၀င်းညဟာလည်း အဲဒီလိုပါပဲ။နယူဆဲလမ်မှာ Chilly Billy ဆိုတာ သရဲအကြောင်းတွေတင်ဆက်ပေးနေတဲ့ ဒေသခံတွေအကြိုက် ရေဒီယိုအစီစဉ်တစ်ခုပေါ့။ ဟောလိုး၀င်းညမှာ တင်ဆက်သူ ဘီလီပြောပြမယ့် ခြောက်ခြားဖွယ်သရဲဇာတ်လမ်းတွေကို ပုံဖော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွေဟာ လက်တွေ့လိုလို ပုံပြင်သက်သက်လိုလို ရောထွေးပြီး သို့လောသို့လော ကြည့်ရှုကြရမှာကို ဒီဇာတ်လမ်းရဲ့အသက်လို့ ပြောရမယ်ထင်ပါတယ်။လူ့လောကနဲ့ ဝိညာဉ်လောကရဲ့ကြားနံရံဟာ အပါးလွှာဆုံးဖြစ်သွားတယ်လို့ အယူရှိကြတဲ့ ဟောလိုး၀င်းည၊ နယူးဆဲလမ်မြို့လေးမှာ ဘယ်သူတွေက ကမ္ဘာ ပျက်သလိုခံစားကြရမလဲဆိုတာ ခြောက်ခြားဖွယ် ကြည့်ကြရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Slipknot band ရဲ့ lead vocalist, Corey Taylor ကလည်း Chilly Billy ရဲ့တင်ဆက်သူ ဘီလီနေရာက ပါ၀င်သရုပ်ဆောင်ထားပါတယ်။ သွေးရဲရဲသံရဲရဲ သတ်ဖြတ်ခန်းတွေ၊ ၁၈ ယောက်စုကြည့်ရမယ့် ဇာတ်၀င်ခန်းနဲ့ စကားပြောခန်းတချို့ပါ၀င်ကြောင်း ကြိုတင်သတိပေးထားပါရစေနော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.68 GB) / (652 MB) / ...
movie
Bad Candy (2020)
2020
6.1
Samaritan (2022)
Samaritan (2022) ============= IMDb Rating - 6.1/10စတားလုံးကြီးရဲ့ စူပါဟီးရီုး အက်ရှင်ကားအသစ်ပါ။ ဂရန်နိုက်ဆိုတဲ့ မြို့လေးမှာတစ်ခါတုန်းက အရမ်းအားကြီးတဲ့ အမွှာနှစ်ယောက် ရှိခဲ့ ဖူးတယ်။ အင်အားအရမ်းကြီးလွန်းတော့ မြို့ထဲကလူတွေကို ထိခိုက် အောင်လုပ်မိတာရှိပါတယ်။ ဒီတော့သူတို့ညီအစ်ကိုကို ကြောက်လာတဲ့ လူတွေက သူတို့အိပ်နေတုန်းမှာ အိမ်ကိုမီးတင်ရှို့လိုက်တာပေါ့။ သူတို့ မိဘနှစ်ယောက်လုံးသေသွားပေမဲ့ သူတို့ညီအစ်ကိုကတော့ ဒဏ်ရာ တောင်မရဘဲလွတ်လာခဲ့ပါတယ်။အဲဒီမှာအစ်ကိုဖြစ်သူက ဆမယ်ရီတန် ဆိုတဲ့နာမည်နဲ့ လူတွေကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်လာပြီး၊ ညီကတော့ နဲမီးစစ် ဆိုတဲ့နာမည်နဲ့ တစ်မြို့လုံးကို မီးလောင်တိုက်သွင်းဖို့ ကြိုးစားလာပါတော့တယ်။ ဒီလိုနဲ့ညီအစ်ကိုနှစ်ယောက် အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး နှစ်ယောက်လုံးပျောက်ဆုံးသွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာလာတဲ့အချိန်မှာတော့ ဒီစွမ်းအားရှင်နှစ်ယောက်နဲ့ပတ် သတ်တဲ့ ဇာတ်လမ်းတွေပြန်ပေါ်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.7 GB) / (857 MB) / (530 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 42mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama, Fantasy Translator.......Mr.Anderson Encoder..........SWM
movie
Samaritan (2022)
2022
8.2
Three Billboards Outside Ebbing, Missouri (2017)
Three Billboards Outside Ebbing, Missouri (2017) IMDb - 8.2/10________Rotten - 90% Won 2 Oscars. Another 130 wins & 226 nominationsလက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျိုးတွေပေါ့။ဗီဇအမျိုးမျိုးနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ ...
movie
Three Billboards Outside Ebbing, Missouri (2017)
2017