Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mian Tiara
7
The Corpse Washer (2024)
The Corpse Washer သို့ Pemandi Jenazah 2024 အလောင်းပြင်သူImdb 7.1/10ခုရက်ပိုင်း ထွက်ရှိထားတဲ့သရဲကားတွေထဲ အကောင်းဆုံးလို့ပြောလို့ရလောက်တဲ့ အင်ဒိုအသစ်စက်စက်သရဲကားတင်ဆက်ပေးချင်ပါတယ် အသည်းငယ်တတ်သူများအနေနဲ့ ကြမ်းပေ့ဆိုတဲ့ဇာတ်ဝင်ခန်းတွေပါတာဖြစ်လို့ မကြည့်ခင်မှာစဉ်းစားစေချင်ပါတယ် ဒီကားကို ရုပ်ရှင်ရုံမှာသွားကြည့်တုန်းကတစ်ရုံလုံး ဝက်ဝက်ကွဲအော်ခဲ့ကြတဲ့ထိ ထိတ်လန့်စရာကောင်းခဲ့ပါတယ်လီလာတို့မိသားစုက ဘိုးစဉ်ဘောင်ဆက် အလောင်းရေချိုးပေးတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ် ဒါပေမဲ့လီလာကတော့ ဒီအလုပ်ကိုရွံရှာပြီးမုန်းတီးနေသူပါ တစ်ရွာလုံးမှာလည်းသူ့အမေကလွဲ ဒီအလုပ်ကိုလုပ်မဲ့လူကမရှိ သူ့အမေမရှိတော့ရင် ဒီအလုပ်ကိုသူပဲဆက်ပြီးလုပ်ကိုင်သွားရမှာကိုတွေးပြီး စိတ်ပူပန်နေခဲ့တာပေါ့ အလောင်းပြင်ရင်လိုက်နာရမဲ့စည်းကမ်းက ပြင်နေချိန်ဝတ်ထားရမဲ့အဝတ်အစားနဲ့ သေဆုံးသူနဲ့ဆိုင်တာတွေကို မီးရှို့ပစ်ဖို့ပါ မဟုတ်ရင် ကံဆိုးခြင်းတွေနဲ့အတူ မမြင်အပ်တာတွေပါလာတတ်တယ်လို့ အယူရှိတယ်ပေါ့ ဒါပေမဲ့စူးစမ်းချင်စိတ်နဲ့ ပုံမှန်မဟုတ်ဘဲသေဆုံးသွားတဲ့ သူတို့မြို့ထဲကလူရဲ့ပစ္စည်းတစ်ခုကို လီလာကမီးမရှို့ဘဲသိမ်းထားခဲ့မိတယ် ဒီလိုကနေ မိခင်သေဆုံးတဲ့ထိဖြစ်လာပြီး အလောင်းပြင်ဖို့တာဝန်က လီလာ့လက်ထဲရောက်လာချိန်မှာတော့။။။ပုံမှန်မဟုတ်တဲ့ သေဆုံးမှုတွေ တစ်မှုပြီးတစ်မှုဖြစ်ပြီး သေဆုံးပုံတွေက တူလာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါရှင်( အညွှန်းကို Yunni မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Alex ~ V ~ KKKZ တို့ပဲဖြစ်ပါတယ် ) File size…1.2GB / 475MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 47m Subtitle….Myanmar ...
movie
The Corpse Washer (2024)
2024
5.9
Kultus Iblis (2023)
Kultus Iblis (2023)2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ...
movie
Kultus Iblis (2023)
2023
6.7
Sleep Call (2023)
ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစားအင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲအလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ်နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်းညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာရှိပါတယ်...။ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်းအမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ...သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ...စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Sleep Call (2023)
7.4
Kajiman: Iblis Terkejam Penagih Janji (2023)
Kajiman: Iblis Terkejam Penagih Janji (2023) IMDb _7.4/10သရဲကားစစ်စစ် အောက်လမ်းနဲ့ အဆောင်တွေအကြောင်းကြည့်ရှုချင်သူတွေအတွက်တော့ ဒီကားကိုညွှန်းပေးချင်ပါတယ်Home Care အဖြစ်အလုပ်လုပ်နေတဲ့ဆန်တီတစ်ယောက် ကောက်ခါငင်ခါအလုပ်ထွက်သွားတယ် သူအလုပ်လုပ်တဲ့အိမ်က သရဲခြောက်တယ်လို့လည်းပြောစမှတ်တွေရှိနေတယ်ပေါ့သူအလုပ်ထွက်ပြီးနောက်မှာ အဆက်အသွယ်လုံးဝမရတော့ဘဲ ပျောက်ချင်းမလှပျောက်သွားလေရဲ့ ဒါကြောင့် သူ့နေရာကို အာရှာဆိုတဲ့ နာ့စ်လေးတစ်ယောက်ကို အစားထိုးထည့်လိုက်တယ် အာရှာကြည့်ရတဲ့လူနာက အဘိုးကြီးပါ ရုတ်တရက်စကားမပြောတော့ဘဲ အိပ်ရာထဲဘုန်းဘုန်းလဲသွားတဲ့လူမမာအဘိုးကြီးကို ပြုစုရင်းနဲ့ အဘိုးကြီးရဲ့ကုတင်အောက်မှာအဆောင်လေးတစ်ခုတွေ့ခဲ့တယ်ဒီအဆောင်အကြောင်း ပတ်မေးကြည့်တော့ ဒီအဆောင်ကအောက်လမ်းရန်ကိုကာကွယ်နိုင်ပေမဲ့ ဆောင်ထားတဲ့လူကတော့ဖျားနာပြီးကပ်ဘေးတောင်သင့်စေတဲ့အထိကြမ်းပါတယ် ဒီအကြောင်းလိုက်စုံစမ်းရင်းနဲ့ အရင်ကအလုပ်ထွက်သွားတဲ့ ဆန်တီတစ်ယောက်က သေသွားကြောင်း သိလိုက်ရတဲ့အခါမှာတော့....။ လက်ခံပြီးသားအလုပ်ဖြစ်တာရယ် ဒီလူနာကိုကယ်တင်ဖို့ရယ်နဲ့ သူဘယ်လိုတွေလုပ်ဆောင်သွားမလဲ မမြင်ရတဲ့ရန်သူကိုတိုက်ခိုက်ဖို့ကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size… 996MB / 333MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie
Kajiman: Iblis Terkejam Penagih Janji (2023)
2023
7.2
Sri Asih(2022)
Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie
Sri Asih(2022)
7.4
Satan’s Slaves 2: Communion (2022)
Satan's Slaves 2: Communion (2022)2017 တုန်းက ထွက်ခဲ့တဲ့ အင်ဒိုနီးရှားသရဲကား Pengabdi Setan ရဲ့အဆက်က ယခုနှစ် 2022 မှာ ထွက်ရှိလာပါပြီ IMDb 7.4 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မိခင်သေဆုံးပြီးတဲ့နောက်ပိုင်းမှာ RIni တို့မောင်နှမတွေက အဖေနဲ့အတူတူ တိုက်ခန်းမှာနေကြပါတယ်။ တိုက်ခန်းမှာနေရတာ အဆင်ပြေတယ်လို့ တွေးနေကြပေမယ့် ဂျကာတာမြောက်ပိုင်းကို မုန်တိုင်းဝင်လာတဲ့တစ်နေ့မှာ သူတို့အမေရဲ့ အတိတ်ဆိုးကလည်း အဲဒီနေ့မှာပဲ သူတို့ဆီရောက်လာပါတယ်။ မုန်တိုင်းဝင်လို့ ရေတွေတက် မီးပျက်တဲ့ညမှာပဲ Rini တို့မောင်နှမတွေ သူ့မိဘတွေရဲ့ အတိတ်ဆိုးကနေ လွတ်အောင် ပြေးနိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုသွားကြပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Horror, History Quality…. 1080p | 720p | 480p File size… 1.86GB | 822MB | 430MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle ...
movie
Satan’s Slaves 2: Communion (2022)
2022
7.7
Yuni (2021)
Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာသာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie
Yuni (2021)
2021
7.5
Photocopier (2022)
အရှေ့တောင်အာရှရုပ်ရှင်လောကမှာ ထိုင်းရုပ်ရှင်တွေ ဦးဆောင်နေတာများပေမယ့် 2021 ရုပ်ရှင်ပွဲတော်တွေမှာ ဆု ၁၂ ဆုနဲ့ ရှားရှားပါးပါး IMDB 7.5 လောက်ရထားတဲ့ အင်ဒိုနီးရှား လူငယ် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဆာရန်နီဆိုတဲ့ ကောင်မလေးက နွမ်းပါးတဲ့မိသားစုကဖြစ်ပြီး ကွန်ပြူတာသိပ္ပံကို စကောလားရှစ်ပညာသင်ကြေးနဲ့တက်ရောက်ရမယ့် သူဖြစ်ပါတယ် သူက မာတာဟာရီဆိုတဲ့ ကျောင်းတွင်းပြဇာတ်အဖွဲ့ရဲ့ ဝက်ဆိုဒ်ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး နောက်ကွယ်ကနေ နည်းပညာပံ့ပိုးသူပါ... တစ်နေ့သူတို့ပြဇာတ်အဖွဲ့ကျောင်းကပွဲမှာ ဆုရပြီး ဂျပန်ကိုအာရှ တက္ကသိုလ်ပြဇာတ်ပြိုင်ပွဲ စေလွှတ်ခံရတာကြောင့် အဖွဲ့ဝင်တွေအားလုံး ပျော်မဆုံးဖြစ်နေကြပါတယ်...ဒါကိုအောင်ပွဲခံတဲ့အနေနဲ့ ပြဇာတ်ရေးဆရာ ရာမာရဲ့အိမ်မှာ အောင်ပွဲခံ ပါတီလုပ်ကြပြီး ဆာရန်နီလည်း မိဘတွေ မသွားခိုင်းတဲ့ကြားက အတင်းသွားခဲ့ပါတယ်...သူတစ်ညလုံးကဲခဲ့ပြီးနောက်နေ့ မှာတော့ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲမသိနိုင်တော့ပါဘူး ပိုဆိုးတာက သူပါတီမှာကဲပြီး အမြင်မတော်တဲ့ပုံတွေကို တစ်ယောက်ယောက်က အွန်လိုင်းမှာတင်သွားပါတယ်...ဒီသတင်းကို စကောလားရှစ်ဘုတ်အဖွဲ့လည်းသိပြီး ဆုကိုပယ်ချလိုက်တဲ့အပြင် အိမ်ပေါ်ကပါ နှင်ချခံလိုက်ရပါတယ်.. ဆာရန်နီတစ်ယောက် သူတစ်ညတာ သတိလွတ်သွားတာကြောင့် ရုတ်တရက်အားလုံးဆုံးရှုံးသွားတာကို ဘယ်လိုအဖတ်ပြန်ဆယ်မလဲ နောက်ကွယ်က သူပုံတွေတင်လိုက်တဲ့သူကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖို့ကောင်းကောင်းနဲ့ လူငယ်ဆန်ဆန် ဖြစ်တတ်တဲ့အမှားပေါင်းများစွာကို အာရှအငွေ့အသက်ဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်( ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကို Thiha Yan Naing ကရေးသားထားပါတယ်) File ...
movie
Photocopier (2022)
7.3
Impetigore (2019)
ဒီကားကတော့ အင်ဒိုသရဲကားပါ ကျိန်စာတွေ, အောက်လမ်းတွေ, မှော်တွေ, ရုပ်သေးပညာတွေနဲ့ ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူတွေဆိုရင် ဒီကားကလက်မလွတ်သင့်တဲ့ကားပါ မင်းသမီးနဲ့သူ့သူငယ်ချင်းတို့က အထည်ရောင်းတဲ့စီးပွားရေးလုပ်ဖို့ အတွက်၂ယောက်သားရှိသမျှငွေအကုန်ရင်းလိုက်ကြတယ် ကံဆိုးစွာနဲ့ ဂျင်းမိပြီး သူတို့မှာထားတဲ့အထည်တွေက Qualityအရမ်းညံ့တော့ဘယ်သူမှမဝယ်ကြဘူး အဲ့မှာ၂ယောက်လုံးမွဲပြာကျနေတဲ့အချိန် မင်းသမီးကသူ့မိဘတွေနေခဲ့တဲ့ရွာမှာအမွေပြန်သွားတောင်းမယ်ဆိုပြီး သူငယ်ချင်း၂ယောက်သားဆုံးဖြတ်လိုက်ကြတယ် ရွာကလည်းတော်တော်ကိုဝေးပြီး လူတော်တော်များများမသိတဲ့ရွာကြီးပါ သူတို့အဲ့ရွာလည်းရောက်ရောရွာကြီးကခြောက်ကပ်နေပြီ ကြက်သီးထစရာအပြည့်နဲ့သူတို့ကိုကြိုဆိုနေပါတယ် အဲ့ကနေစပြီး မင်းသမီးသူအမွေရမယ့်ဟာကိုစုံစမ်းရင် းသူ့သူငယ်ချင်းနဲ့အတူ အဲ့ရွာကနေလွတ်မှာလား မလွတ်ဘူးလားဆိုတာ ကြည့်ကြပါဦးလို့... File Size - 1.14 gb Quality - web-dl 1080p Subtitle - burmese Translator - Dolly Encoder - Thit San Khant
movie
Impetigore (2019)
2019