Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mia Threapleton
6.2
Firebrand (2023)
Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီးမင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲကမင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့်သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ်ကျန်ရစ်ခဲ့ရပါတယ်။ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကိုအခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယလွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီးအစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံးသူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက်ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာနန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်းရပါတော့တယ်။ File size…1.55GB / 716MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Firebrand (2023)
6.6
Scoop (2024)
ဗြိတိန်အင်ပါယာရဲ့ဘုရင်မကြီး"အဲလစ်ဇဘတ်"ရဲ့တတိယမြောက်သားဖြစ်သူ မင်းသား"အန်ဒရူး" ဟာ အသက်မပြည့်သေးသောကောင်မလေးတစ်ဦးကိုဖိအားပေးပြီးလိင်ပိုင်းဆိုင်ရာစောက်ကားခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ဂယက်ရိုက်ခဲ့ပါတယ် အဲ့ကိစ္စနဲ့ပက်သက်ပြီး 2019 ခုနှစ်မှာ BBCရဲ့ Newsnight ဆိုတဲ့ သတင်းအစီအစဥ်မှာ အင်တာဗျူးလုပ်ခဲ့ပါတယ် ဒါပေမဲ့ အဲ့လိုလုပ်လိုက်တာက အကြီးအကျယ်ပိုဆိုးသွားပြီး နောက်ဆုံးမှာ မင်းသား"အန်ဒရူး"ဟာ သူ့ရဲ့တော်ဝင်အရိုက်အရာရာထူးအာဏာတွေကိုစွန့်လွှတ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်ဒီဇာတ်ကားကတော့ မင်းသား"အန်ဒရူး"ကိုအင်တာဗျူးဖို့အတွက် BBCမှသတင်းထောက်တွေဘယ်လိုမျိုးကြိုးစားခဲ့ရသလဲ ဘယ်လိုစီစဥ်ခဲ့ရသလဲဆိုတော့ သတင်းမီဒီယာသမားတွေရဲ့အကြောင်းကိုအတွင်းကျကျရိုက်ကူးပြထားတာဖြစ်ပါတယ် ဒါကဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ "Biography Film"လေးပါ File size…(1.15 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie
Scoop (2024)
6.5
A Little Chaos (2014)
ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Romance Subtitle….Myanmar ...
movie
A Little Chaos (2014)