Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mia Isaac
Gray Matter (2023)
Gray Matter (2023)Sci-Fi Thriller ကားကောင်းကောင်းလေကြိုက်တတ်တဲ့သူတွေ Thr Witch(Korea) တို့ Stranger Things တို့လိုဇာတ်ကားမျိုး Thriller လဲဆန်ရမယ် စူပါပါဝါနဲ့ကောင်မလေးတစ်ယောက်လဲ ပါရမယ် ဇာတ်ကွက်ကလဲ လှည့်ကွက်လေးတွေနဲ့မှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် 2023 ထွက် Grey Matter ဆိုတဲ့ကားလေးတင်ပေးလိုက်ပါတယ်။Grey Matter ဆိုတာကတော့ ဦးနှောက်နဲ့ ကျောရိုးမကြီးဆက်တဲ့နေရာက အရေးပါတဲ့ ဦးနှောက်တစ်ရှုးနေရာလေးကို ပြောတာပါ။ အဲ့နေရာလေးက စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ မှတ်ဉာဏ်တွေ စိတ်ခံစားချက်တွေ လှုပ်ရှားမှုတွေအတွက် အရေးပါတဲ့နေရာလေးပါ။ ဒါကလဲ ဒီဇာတ်ကားရဲ့ အဓိကအရာလေးမို့ ဒီလိုနာမည်ပေးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စိတ်စွမ်းအားတွေရှိနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ဟာ အမေဖြစ်သူနဲ့ နှစ်ယောက်တည်းနေပြီး ကျောင်းလဲမတက်ရ အပြင်လဲမထွက်ရပဲ အိမ်မှာပဲစာသင်ပြီးနေနေရပါတယ်။ အမေဖြစ်သူကတော့ သူတို့လိုစွမ်းအားရှိတဲ့သူတွေ လိုက်ဖမ်းနေတာကြောင့်ဆိုပြီး ဘယ်ကိုမှပေးမသွားသလို ဘယ်သူနဲ့မှလဲအဆက်ဆံမလုပ်ခိုင်းပါဘူး။ ဒါပေမဲ့ ဆယ်ကျော်သက်တို့ထုံးစံအတိုင်း အရာရာကိုစူးစမ်းပြီး တခြားကလေးတွေလိုပဲ နေ့စဉ် ကျောင်းသွား သူငယ်ချင်းတွေထားပြီး ပုံမှန်ဘဝလေးကို လိုချင်နေတာပါ။တစ်နေ့တော့ သူ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူနဲ့ လိုက်သွားပြီး တခြားဆယ်ကျော်သက်လေးတွေနဲ့သွားပြီးတွေ့ရာကနေ သူ့ရဲ့အစွမ်းကိုမထိန်းချုပ်နိုင်တော့ဘဲ လွတ်ထွက်သွားရာကနေ စပြီးသူ့အမေပြောထားသလိုပဲ သူ့ကိုလာဖမ်းသွားမလား ဒါမှမဟုတ် သူ့အမေကပဲ ...
movie
Gray Matter (2023)
2023
6.5
Don’t Make Me Go (2022)
Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း မြင်ရပါမယ်။ ...
movie
Don’t Make Me Go (2022)
2022
6.1
Not Okay (2022)
Not okay (2022) Zoey Deutch နောက်ထပ် ဇာတ်ကားသစ်လေး လာပါပြီ။ ဒီတစ်ခါတော့ Comedy, Drama အမျိုးအစားလေးပါ။ဇာတ်လမ်းအညွှန်းကတော့ ...အတန်ရှည်လိုချင်လွန်းရင် မကောင်းကြောင်း သက်သေပြသွားတဲ့ ကားဖြစ်ပါတယ်။မဂ္ဂဇင်းတစ်ခုမှာ ဖိုတိုအယ်ဒီတာအဖြစ် အလုပ်လုပ်နေတဲ့ ဒန်နီဆန်းဒါးစ်ဟာ အင်မတန် စာရေးဆရာဖြစ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ မတော်တရော် အရေးအသားတွေကြောင့် သူ့သူဌေးက သူ့ကို ဆောင်းပါးဌာနကို ပြောင်းခွင့်မပေးပါဘူး။လွယ်ကူရိုးရှင်းတဲ့ဘဝကို မကျေနပ်ဘဲ နာမည်ကြီးချင်သလို သူ့ခရက်ရှ် ကောလင်းဆီက အတန်ရှင်းလိုချင်တဲ့ ဒန်နီဟာ ပဲရစ်ကို စာရေးဆရာအပေါင်းဖော်တွေနဲ့ အားလပ်ရက်ခရီးထွက်ပါပြီဆိုပြီး လိမ်ဆင်ထွင်ပါတော့တယ်။ကံဆိုးချင်တော့ သူ ပဲရစ်ရောက်နေဟန်ဆောင်ပြီး အိမ်မှာ အိပ်နေချိန်မှာပဲ ပဲရစ်ရဲ့ အထင်ကရနေရာတွေကို ဗုံးဖောက်ခံရပါတော့တယ်။ဒီလိုနဲ့ ဒန်နီဟာ သူ့ကို သီသီလေးလွတ်လာတယ်ထင်ပြီး ဝိုင်းကရုဏာသက်ကြတဲ့ လူတွေကို ဆက်လိမ်ရင်း အဂ္ဂမဟာ influencer ကြီးဖြစ်သွားပါတော့တယ်။ဒါပေမဲ့ သူ့လိမ်ဆင်တွေ ဘယ်လိုပေါ်သွားမလဲဆိုတာကတော့ …(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ...
movie
Not Okay (2022)
2022