Channel Myanmar

Metin Coşkun

My Father is a Hero/ Benim Babam Bir 2023
My Father is a Hero/ Benim Babam Bir 2023  Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

My Father is a Hero/ Benim Babam Bir 2023

My Apologies (2023)
My Apologies (2023)  အသေခွီရမယ့် တူရကီ Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Rating နည်းပေမယ့် တကယ်ကောင်းပြီး အသေခွီရမယ့်ကားပါလူလတ်ပိုင်းအရွယ် အာကင် ဟာ မီးပြတိုက်စောင့်တဲ့အလုပ်နဲ့အသက်မွေးတဲ့သူတစ်ယောက်ပေါ့ တချိန်လုံး တလွဲတွေလုပ်ပြီး ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လောင်းကစားကလည်းလုပ်ပါသေးတယ် ဘာကိုမှလည်းတာဝန်ယူချင်စိတ်မရှိတဲ့သူတစ်ယောက်ပေါ့တစ်နေ့တော့ လောင်းကစားအကြွေးနွံနစ်ပြီး ဘဏ်ကချေးငွေပြန်မဆပ်လို့ တရားဆွဲရာကနေ ထောင်ကျမယ့်အနေအထားရောက်လာပါတယ် ဒီအချိန်မှာပဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာရောက်နေတဲ့ သူနဲ့ စရိုက်တူ အဘိုးဖြစ်သူကတွေ့ချင်လို့ လှမ်းခေါ်ရာကနေသူ့ရဲ့အကြွေးတွေကိုဆပ်ပေးမယ် ဒါပေမယ့် သူဘဝမှာ တလွဲတွေအကြီးကြီးလုပ်ခဲ့ဖူးတဲ့သူ နှစ်ယောက်ကို တောင်းပန်စကားသွားပြောပြီး သူတို့က ခွင့်လွှတ်ပါတယ် ပြန်ပြောမှရမှာပါအဲဒီကစပြီး တောင်းပန်စကားပြောဖို့ သူ့ရဲ့စွန့်စားခန်းကြီးကိုစဖွင့်ရင်း နောက်ထပ် ဘယ်လိုအလွဲတွေနဲ့ ဆက်ပြီးခွီရဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

My Apologies (2023)