Channel Myanmar

Merrilyn Jones

Free Willy (1993) 6.0
Free Willy (1993) ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ...
movie

Free Willy (1993)