Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Meredith Monroe
6.3
Transformers: Dark of the Moon (2011)
ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie
Transformers: Dark of the Moon (2011)
2011
4K HEVCHDR
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
7.4
The Edge of Seventeen (2016)
ဒီကားလေးကတော့ဆယ်ကျော်သက်ဟာသ/ဒရာမာကားလေးဖြစ်ပါတယ်။ဇာတ်ကားအစမှာတော့ကျောင်းသူဖြစ်သူNadineနဲ့သမိုင်းဆရာMr.Brunerတို့ရဲ့စကားဝိုင်းလေးနဲ့စထားပါတယ်။NadineဟာMr.Brunerကိုသူ့ရဲ့ဘဝအခက်အခဲတွေကိုရင်ဖွင့်နေတာဖြစ်ပါတယ်။အဲဒီကနေစလို့သူ့ရဲ့ငယ်ဘဝကစပြီးအိမ်တွင်းရေးတွေသူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaအကြောင်းတွေပြောပြပါတယ်။သူရဲ့အဖေဖြစ်သူကွယ်လွန်သွားပြီးနောက်အမေဖြစ်သူနဲ့အဆင်မပြေတဲ့Nadineဟာတွယ်တာစရာဆိုလို့အချစ်ဆုံးသူငယ်ချင်းဖြစ်သူKristaပဲရှိပါတော့တယ်။တရက်အစ်ကိုလုပ်တဲ့ပါတီမှာကဲရင်းနှစ်ယောက်သားပျော်ပါးမူးပြီးအိပ်ပျော်သွားကြပါတယ်။မနက်အိပ်ရာလည်းထရောအစ်ကိုဖြစ်သူနဲ့တူတူအချစ်ဆုံးသူငယ်ချင်းဖြစ်သူကိုတွေ့လိုက်ရတော့Nadineတယောက်အတော်စိတ်ထိခိုက်သွားပါတော့တယ်။အဲဒါနဲ့သူ့ကိုကြိတ်သဘောကျနေသူEwrinဖြစ်သူနဲ့ပဲတွဲဖြစ်ပါတော့တယ်။အဲဒီနောက်ပိုင်းNadineရဲ့ရင်ဖွင့်စရာရင်းနှီးနှစ်သိမ့်ပေးသူဟာMr.Brunerပဲဖြစ်လာပါတော့တယ်။ဆိုတော့Mr.Brunerတယောက်မိမိရဲ့ကျောင်းသူဖြစ်သူကိုဘယ်လိုဖြေသိမ့်ပေးနိုင်မလဲ၊ဘယ်လိုလမ်းပြပေးနိုင်မလဲ။Nadineရဲ့အချစ်ရေးလူမှုရေးကိစ္စတွေဟာဘယ်လိုဖြစ်လာမလဲဆိုတာကတော့လူငယ်ဆန်ဆန်ဟာသအရောအနှောလေးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။Nadineတယောက်ပြဿနာတွေပြေလည်သွားမလား၊နောက်ဆုံးဘယ်လိုendingလေးနဲ့ပြီးဆုံးသွားမလဲဆိုတာတော့ဇာတ်ကားလေးကိုကြည့်လိုက်ရအောင်ဗျာ။လူငယ်သဘာဝDrama/Comedyကြိုက်တဲ့သူတွေအတွက်လူငယ်ဆန်ဆန်သဘာဝအလျောက်ဖြစ်ပျက်ပုံတွေကိုတင်ဆက်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။(ဒီဇာတ်ကားလေးကိုဘာသာပြန်ပေးထားသူကတော့ May Thazin Myint ဖြစ်ပါတယ်) File Size : (750 MB) and (300 MB) Quality : 720p Bluray Running Time : 1hr 44minutes Format : Mp4 Genre : Comedy,Drama Translated By May Thazin Myint Encode By Thanhtike Zaw
movie
The Edge of Seventeen (2016)
2016