Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mel Gibson
Paparazzi (2004)
Paparazzi ၂၀၀၄ ခုနှစ်ထွက် စုံထောက်ဆန်ဆန်အက်ရှင်ကားလေးတင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲပါပါရာဇီတွေကြောင့် အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ယောက်ဒုက္ခရောက်ရပုံကိုရိုက်ထားတာပါ...ပါပါရာဇီဆိုတာကတော့ နာမည်ကြီးတဲ့လူတွေနောက် တကောက်ကောက်လိုက်နေတဲ့သတင်းထောက်တွေကိုပြောတာပါ...ဇာတ်လမ်းအကြောင်းပြောရရင် ဘိုလာရာမီးဟာ အောင်မြင်ခါစရုပ်ရှင်မင်းသားတစ်ဦးပါ...သူဟာမိသားစုကိုအလေးထားသူပါ....ဘိုလာရာမီးဟာ တရှိန်ထိုးအောင်မြင်လာသူဖြစ်လေတော့ သူ့နောက်ကိုပါပါရာဇီတွေလိုက်ကြပါတယ်....အဲ့ထဲကမှပါပါရာဇီတစ်အုပ်စုဟာ ဘိုလာရာမီးရဲ့မိန်းမနဲ့သူ့သားပုံတွေကိုပါချောင်းရိုက်ပြီး မဂ္ဂဇင်းမှာတင်တဲ့အခါ ဘိုလာရာမီးနဲ့ညှိပါတော့တယ်...တစ်ရက်ကျ ထိုပါပါရာဇီအုပ်စုကြောင့် ဘိုလာရာမီးတို့မိသားစုမောင်းနှင်လာတဲ့ကားတိမ်းမှောက်သွားပြီး ဘိုလာရာမီးရဲ့သားလေးဟာကိုမာဝင်သွားပါတယ်.... ထိုအခါဘိုလာရာမီးဘယ်လိုပြန်လက်စားချေမလဲ... ကားတိမ်းမှောက်မှုကိုစုံစမ်းတဲ့စုံထောက်ဘာတွန်ကရော ဘယ်လိုမျိုးဆက်စုံစမ်းမလဲဆိုတာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ.... File size…(1.69 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Paparazzi (2004)
6.0
Boneyard (2024)
Legendary Rapper ကြီး 50 Cent ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်ကိုမှ ၂၀၀၉ ခုနှစ်တုန်းက နယူးမက္ကဆီကိုအယ်လ်ဘူကာကီမှာဖြစ်ခဲ့တဲ့ ၁၅ နှစ်ကြာတာတောင်မှအခုထက်ထိ အဖြေမရှာနိုင်သေးတဲ့ အမျိုးသမီးတွေအများကြီးကို သတ်ဖြတ်ပြီးတစ်နေရာတည်းမှာ စုပြုံမြှုပ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုကြီးကို အခြေခံပြီးပြန်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်မှုခင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီကွင်းဆက် လူသတ်သမားမြှုပ်နှံခဲ့တဲ့အမျိုးသမီးတွေကို ရဲတွေတွေ့ရှိခဲ့တဲ့အချိန်မှာ မြေကြီးထဲမှာရှိနေတာတော်တော်ကြာနေပြီဖြစ်တဲ့အတွက် အကုန်လုံးအရိုးဆွေးနေပြီဖြစ်လို့ဇာတ်ကားနာမည်ကို Boneyard လို့နာမည်ပေးထားပါတယ်။ဇာတ်လမ်းအစမှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်းသေဆုံးခဲ့တဲ့အမျိုးသမီးတွေရဲ့ အရိုးတွေကို ရဲတွေရှာတွေ့ခဲ့ကြပြီးနောက်ပိုင်းအကုန်လုံးကအလုပ်တွေရှုပ်ယှက်ခတ်ကုန်ကြတော့ပါတယ်။ဒီလိုအမှုမျိုးဆိုတာကလည်း အယ်လ်ဘူကာကီရဲဌာနအတွက်အကြီးဆုံးအမှုဖြစ်ပြီး FBI တွေဖက်ဒရယ်တွေအကုန်လုံးကပါပါဝင်ကူညီကြရပါတော့တယ်။ဒီအမှုကိုစလိုက်ခဲ့ပြီးနောက်ပိုင်းမှာသိလာရတာက သေဆုံးသူအမျိုးသမီးတွေအများစုက ပြည့်တန်ဆာတွေဖြစ်နေကြတယ်ဆိုတာပါပဲ။ဒီလိုနဲ့ အယ်လ်ဘူကာကီမှာ ကျဉ်လည်နေတဲ့ပြည့်တန်ဆာတွေဆီကိုလိုက်စုံစမ်းရင်း သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေကိုပါပေါ်လွင်အောင်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း ပြည့်တန်ဆာတွေအပေါ်မှာ အာဏာကိုအလွဲသုံးစားလုပ်ပြီး မတရားအနိုင်ကျင့်နေတဲ့ရဲ တစ်ယောက်အကြောင်းကိုသိလာရတဲ့အပြင် တခြားသောသံသယရှိသူတွေပေါ်လာပြီးဒီအမှုကြီးကို အောင်မြင်စွာဖော်ထုတ်နိုင်ဖို့အတွက်ကြိုးစားကြပုံတွေကို စိတ်ဝင်စားစရာအပြည့် သည်းထိပ်ရင်ဖိုတွေအပြည့်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 569MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard ...
movie
Boneyard (2024)
7.2
The Patriot (2000)
၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie
The Patriot (2000)
2000
6.3
The River (1984)
The River (1984)ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 900MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 4Min Genre ...
movie
The River (1984)
1984
7.0
Maverick (1994)
မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ ...
movie
Maverick (1994)
6.3
Mad Max Beyond Thunderdome (1985)
Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ဒါကတော့ ၃ ကားမြောက် Mad Max Beyond Thunderdome (1985) ဇာတ်ကားပါ။ IMDb (6.2) နဲ့ Rotten Tomatoes(81%) ရရှိထားပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News - IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ...
movie
Mad Max Beyond Thunderdome (1985)
4K HEVC
7.6
Mad Max 2 (1981)The Road Warrior
Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ဒါကတော့ ဒုတိယဇာတ်ကား Mad Max 2 The Road Warrior (1981)ဇာတ်ကားပါ။ IMDb (7.6) နဲ့ Rotten Tomatoes(93%) ရရှိထားပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News - IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ...
movie
Mad Max 2 (1981)The Road Warrior
4K HEVC
6.9
Mad Max (1979)
Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ဒါကတော့ ပထမဆုံး Mad Max(1979) ဇာတ်ကားပါ။ IMDb (6.9) နဲ့ Rotten Tomatoes(90%) ရရှိထားပါတယ်။Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။)+++++++++++++++++++++++Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News - IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။+++++++++++++++++++++++Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ...
movie
Mad Max (1979)
4K HEVC
5.6
Desperation Road (2023)
MDb rating 5.7 ရထားတဲ့ Desperation Road လို့ခေါ်တဲ့အက်ရှင်ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ လူတိုင်းကတော့ဘဝမှာမျှော်လင့်ချက်မဲ့တဲ့လမ်းတွေကိုလျှောက်ဖူးကြမှာပါ။စိတ်ဓာတ်တွေလဲအရမ်းကျရပြီး ဘဝမှာအဆိုးဆုံးအချိန်တွေဆိုတာလည်းရှိကြမှာပါ။ဒါပေမယ့် အဲ့လိုအချိန်တွေမှာတောင် အံ့သြစရာကောင်းပြီး ဆန်းကြယ်တဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါသေးတယ်။ဒီလိုပဲ မေဘန်နဲ့အန်နာလီဆိုတဲ့ သားအမိနှစ်ယောက်ကလည်း မျှော်လင့်ချက်မဲ့တဲ့လမ်းကိုလျှောက်နေရတဲ့သားအမိနှစ်ယောက်ပဲဖြစ်ပါတယ်။ဖြစ်သလိုနေ ဖြစ်သလိုစားရင်းနဲ့ပဲ ဘဝကိုဖြတ်သန်းနေရပြီးခင်ပွန်းဖြစ်သူရဲ့ ဇာတိဖြစ်တဲ့မစ္စစပီကိုခက်ခက်ခဲခဲလှမ်းလာခဲ့ကြပါတယ်။ဒါပေမယ့် မစ္စစပီကိုရောက်ရောက်ချင်းမှာပဲ မေဘန်က ရဲတစ်ယောက်ရဲ့ နိုင်ထက်စီးနင်းပြုကျင့်ခြင်းကိုခံခဲ့ရပြီး မေဘန်လည်း သမီးလေးနဲ့ဝေးရမှာကို ကြောက်လို့လိုက်လျောပေးခဲ့ပေမဲ့ အဲ့ဒီရဲက အရမ်းတရားလွန်လာတဲ့အခါမှာတော့ သူ့သေနတ်နဲ့ပဲသူ့ကိုပြန်ပစ်သတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့သားအမိနှစ်ယောက်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ထောင်ကထွက်လာတာမကြာသေးတဲ့ ရက်ဆဲဆိုတဲ့လူနဲ့ ကြုံတွေ့ခဲ့ရတဲ့အခါမှာတော့ သူတို့သားအမိအတွက် အံ့သြဆန်းကြယ်တဲ့အရာတွေဖြစ်လာမလားဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.75GB / 728MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Desperation Road (2023)
6.9
Get the Gringo (2012)
q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie
Get the Gringo (2012)
Confidential Informant (2023)
Confidential Informant (2023)စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆိုတော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator ...
movie
Confidential Informant (2023)
2023
6.4
What Women Want (2000)
What Women Want (2000)~ IMDb - 6.4/10, Rotten Tomatoes - 54% ~ကမ္ဘာပေါ်က ပုရိသယောက်ျားတိုင်း အဖြေရှာနေဆဲ ဖြစ်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။အဲဒါကတော့ " မင်းတို့မိန်းမတွေလိုချင်တာဘာလဲ " ဆိုတာပါပဲ။ ဒီမေးခွန်းလေးရဲ့ အဖြေကိုတော့ ဒီဇာတ်ကားထဲက နစ်ခ်မာရှယ်လ် ဆိုတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး တစ်ဖြစ်လဲ Mel Gibson ကြီးက သိသွားခဲ့ပါတယ်။ကြော်ငြာအမှုဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခ်မာရှယ်ဟာ ငယ်ငယ်ကတည်းက အဖေမရှိဘဲ ကြီးပြင်းလာရပြီး ကြီးလာတော့လဲ လူရှုပ်လူပွေတစ်ယောက် ဖြစ်လာပါတယ်။ ကြော်ငြာကုမ္ပဏီတွေ အပြိုင်အဆိုင် ဖြစ်လာကြတဲ့အချိန်မှာ အမျိုးသမီးတွေကို ဦးတည်တဲ့ ကြော်ငြာတွေ ဖန်တီးဖို့အတွက် နစ်ခ် လိုချင်နေတဲ့ရာထူးနေရာမှာ ဒါစီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပါတယ်။အခဲမကျေဖြစ်နေတဲ့ နစ်ခ်တစ်ယောက် ညဘက် အလုပ်လုပ်ရင်းမှာ မတော်တဆမှုဖြစ်ပြီး အမျိုးသမီးတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့အစွမ်း ...
movie
What Women Want (2000)
2000
7.0
Blood Father(2016)
Blood Father(2016)******************ဂျွန်လင့်ဆိုသူဟာ ထောင်ကထွက်လာပြိး စောင့်ကြည့်ကာလနဲ့နေထိုင်ရင်းအသောက်အစားဖြတ်ကာ ဘဝသစ်ပြန်စ၊ ဆိုးသွမ်းခဲ့တာတွေပြင်ဆင်၊ ဆုံးရှုံးခဲ့တာတွေ ပြန်အဖတ်ဆယ်ရင်းနဲ့၊ ဇနီးဖြစ်သူကလည်းပစ်သွားတဲ့အပြင်တစ်ဦးတည်းသောသမီးကပါ အိမ်ကထွက်ပြေးသွားလို့ ရှာမရဖွေမရဖြစ်ရင်း ပြန်လည်ထူထောင်ရေးစခန်းမှာသောင်တင်နေသူပါ။ သမီးဖြစ်သူ လဒ်ဒီယာဟာဆိုရင် အိမ်ကထွက်ပြေးရင်းမှ လူမိုက်ဂိုဏ်းသားတစ်ယောက်နဲ့ရည်းစားဖြစ်မိကာ အခြေအနေအမျိုးမျိုးကြောင့် ရည်းစားဖြစ်သူကိုသတ်မိသွားပါရော၊ ဆိုးတာက သူ့ကောင်လေးဟာ လူမိုက်ဂိုဏ်းကခေါင်းဆောင်ရဲ့တူဖြစ်နေတဲ့အပြင်၊ သူမကိုပါ ပိုက်ဆံတွေယူသွားတယ်ဆိုပြီး စွဲချက်တွေနဲ့အတူ၊ ရဲဘက်ကလည်း လူသတ်မှုနဲ့လိုက်ရှာပါတော့တယ်။ ကြံရာမရတဲ့အဆုံး ဖခင်ဆီကိုသာပြန်လာခဲ့ပြီး ဖခင်ဖြစ်သူက သမီးရဲ့အရှုပ်တွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာကို ကြည့်ရှုရမယ့် ဖအေနဲ့ သမီးတို့ရဲ့ စွန့်စားခန်းတစ်သီကြီးနဲ့ အက်ရှင်ကားဖြစ်ပါတယ်...File Size :(1.9GB)(and (718MB) Quality :Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:28:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie
Blood Father(2016)
6.7
Conspiracy Theory (1997)
ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ ...
movie
Conspiracy Theory (1997)
7.2
Lethal Weapon 2(1989)
1987 မှာ Lethal weapon ပထမကားထွက်အပြီးနောက်နှစ်နှစ်အကြာမှာ ၂ ထွက်လာခဲ့ပါတယ်ပထမကားမှာကတည်းက အတွဲညီညီနဲ့ အခွီတွေရော အတည်တွေရောလုပ်တတ်တဲ့ အဓိကဇာတ်လိုက်ကျော်ကြီးနှစ်ဦးဖြစ်တဲ့ ရစ်ဂ် နဲ့ မားတာချ် တို့ရဲ့ ရှုပ်ထွေးလှတဲ့ အမှုပေါင်းသောင်းခြောက်ထောင်ကို အက်ရှင်အကြမ်းစားတွေ၊ ခွက်ထိုးခွက်လန်ရယ်နေရမယ့် ဟာသတွေနဲ့အတူ ထပ်ကြည့်ရဦးမှာပါဒီဒုတိယကားမှာတော့ ရစ်ဂ်နဲ့ မားတာချ်တို့ကြားက bond ကပိုခိုင်မာလာတာကို မြင်ရမှာဖြစ်ပြီး ပထမကားမှာ မပြောသွားခဲ့တဲ့ ရစ်ဂ်ရဲ့ဇနီးဖြစ်သူ သေဆုံးရတဲ့အကြောင်းလည်း ပြောပြသွားမှာပါ။ဆိုတော့ကာ အသက်အရွယ်မတူ၊ အသားအရောင်မတူ၊ တွေးခေါ်ပုံတွေကအစ မတူညီတဲ့ ရဲအရာရှိနှစ်ယောက် ဒီတစ်ခါရော ဘယ်လိုအတွဲညီညီနဲ့ လှုပ်ရှားသွားမလဲ၊ အတည်ပေါက်နဲ့ ဘယ်လိုတွေခွီကြဦးမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးဗျာ။ File size…(3.16GB) / (`1.43GB) / (712.65GB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:29:00 Genre... Action / Crime / ThrillerSubtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie
Lethal Weapon 2(1989)
Lethal Weapon (1987)
အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှုပါပဲ။ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ...
movie
Lethal Weapon (1987)
6.6
Lethal Weapon 4(1998)
Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie
Lethal Weapon 4(1998)
6.7
Lethal Weapon 3(1992)
သေစေတတ်သော လက်နက် တတိယပိုင်းမှာတော့ အမြင်မတော်တာမှန်သမျှ ကိုယ့်ကိစ္စဟုတ်ဟုတ်မဟုတ်ဟုတ် ဝင်ပါတတ်တဲ့ ရစ်ဂ်စ်ဟာ ထုံးစံအတိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ စွန့်စားခန်းတွေဖွင့်ရင်း ပြဿနာကြားထဲ ဝင်ရှုပ်မိနေဆဲပါပဲဗျ။ ပင်စင်ယူဖို့အတွက် ၈ ရက်ပဲကျန်တော့တဲ့ ဆာဂျင်မာတော့ဖ်ဟာလည်း ထုံးစံအတိုင်း သူ့ရဲ့တွဲဖက် ရစ်ဂ်စ်ကြောင့် ပဲလှော်ကြား ဆားညှပ်ကာ ပင်စင်ယူခါနီးမှ ပြေးရ၊ လွှားရ၊ ပစ်ရ၊ ခတ်ရ ဖြစ်နေဆဲပါပဲ။ သူတို့နှစ်ယောက်ဟာ ရဲဘက်သုံး အမာခံသံချပ်ကာကားတစ်စီး အခိုးခံရတာကို ဝင်တားမိရင်းကနေ လက်နက်မှောင်ခိုတွေလုပ်နေတဲ့ ဂိုဏ်းတစ်ခုနဲ့ ထိပ်တိုက်ပတ်သက်မိပြီး အရှုပ်အရှင်းတွေ ဖြစ်လာပါတော့တယ်ဗျ...။File size…(2.24GB) / (1.18GB) / (705.29MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:58:00 Genre... Action / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zwe Yan NaingLethal ...
movie
Lethal Weapon 3(1992)
5.3
On the Line (2022)
On the Line (2022)စကားလေးတစ်ခုရှိပါတယ်။ " အပျော်ကနေ အပျက် " တဲ့ ။ ဒီဇာတ်ကားလေးကတော့ အဲဒီစကားလေးနဲ့ပတ်သက်ပြီး မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးပါ။Elvis ဟာ သန်းခေါင်ယံချိန်မှာ တင်ဆက်လေ့ရှိတဲ့ "On the Line " လို့ ခေါ်တဲ့ ရေဒီယိုရှိုးရဲ့ host တစ်ယောက်ပါ။ ရှိုးရဲ့သဘောသဘာ၀ကတော့ နောက်ပြောင်ကျီစယ်တာတွေ သူများတွေကို ဖဲ့တာနှက်တာတွေ ပယ်ပယ်နယ်နယ် ပြောတာတွေကို အဓိကထားတင်ဆက်တာပါ။ ဒီလို ရေပန်းစားရှိုးတစ်ခုကို ကိုင်တွယ်ရတဲ့ Elvis ကိုယ်တိုင်ကလည်း ဘ၀င်ခေါင်ခိုက်တတ်တဲ့ပုံစံရှိပြီး နောက်ပြောင်ကျီစယ်မှုတွေမှာ ကန့်သတ်ချက်မထားတတ်တဲ့သူမျိုးပါ။ အဲဒီလို သူ့ရဲ့အမူအကျင့်ကပဲ တစ်ညမှာ သူ့ကို ပြန်လည် ဒုက္ခပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။ မထင်မှတ်ထားတဲ့ လူတစ်ဦး သူတို့ရှိုးကို ဖုန်းခေါ်လာပြီး အဲဒီညမှာ သူတို့အားလုံးကို ဒုက္ခပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့.....။အဲဒီလို ဒုက္ခပေးတဲ့သူက ဘယ်သူပါလဲ? Elvis ကရော ဘာတွေများလုပ်ခဲ့မိလို့ သူက Elvis ကို ဒုက္ခပေးဖို့ တန်းတန်းမတ်မတ်ကြီးရောက်လာတာလဲ ? ဒီလို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ...
movie
On the Line (2022)
2022
6.2
Bandit (2022)
Bandit (2022)1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ...
movie
Bandit (2022)
2022
1
2
3
Next