Channel Myanmar

Meikel Engelmann

Caveman (2023)
Caveman (2023)  အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။File size…(1.5 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Caveman (2023)

In a Land That No Longer Exists (2022)
In a Land That No Longer Exists (2022) ဘာလင်တံတိုင်းကြီး ဖြိုမချခင် အရှေ့ဘာလင်က ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အကြောင်းပါ။ ဆူဇီက အဖေနဲ့ညီမလေးနဲ့အတူ နေထိုင်ပါတယ်။ အထက်တန်းကျောင်းအောင်ပြီး မကြာခင်မှာ တက္ကသိုလ် တက်ရတော့မဲ့ ဆူဇီရဲ့ အိပ်မက်ကတော့ စာရေးဆရာမဖြစ်ဖို့ပါ။ မကြာခင်မှာပဲ သူ့အိတ်ထဲက စာအုပ်တစ်အုပ်ကြောင့် ဘဝကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပါတော့တယ်။ ဆိုရှယ်လစ်အရာရှိတွေက စစ်မေးတဲ့အချိန်မှာ သူ့အိတ်ထဲက George Orwell ရဲ့ 1984 ဆိုတဲ့ စာအုပ်ကြောင့် ရုတ်တရက်ကြီး ကျောင်းထုတ်ခံလိုက်ရတာပါ။ ဆိုရှယ်လစ်အလုပ်ရုံမှာ သတ္တုဖြတ်အလုပ်သမားအဖြစ် လုပ်အားပေးဖို့ ဖိအားပေးခံရပါတယ်။တစ်နေ့မှာတော့ အလုပ်ရုံကို အစောကြီး ရထားစီးလာတဲ့ ဆူဇီကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်မိသွားပြီး အရှေ့ဂျာမနီရဲ့ Vogue လို့တောင် တင်စားလို့ရတဲ့ Sibylle ဆိုတဲ့ ဖက်ရှင်မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါလာပါတော့တယ်။ “ပျော်ရွှင်မှုကို ရှာဖွေဖို့ လမ်းလွှဲက သွားသင့်လည်း သွားရမယ်”ဆိုတဲ့ ဆူဇီတစ်ယောက် သူ့အိပ်မက်တွေဖြစ်လာဖို့၊ စက်မှာ အလုပ်လုပ်ရတဲ့ဘဝက လွတ်ဖို့ ...
movie

In a Land That No Longer Exists (2022)