Channel Myanmar

Mehmet Cerrahoglu

My Father is a Hero/ Benim Babam Bir 2023
My Father is a Hero/ Benim Babam Bir 2023  Prime Videoကနေ ထုတ်လွှင့်ခဲ့တဲ့ တူရကီမိသားစုဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ နိုင်ငံအသီးသီးကပြန်ရိုက်ထားကြတဲ့ သမီးလေးကိုထောင်ထဲခေါ်ထည့်ထားပြီး ကျပ်မပြည့်တဲ့အဖေဖြစ်သူနဲ့အပေါင်းအပါတစ်စုတို့ ဖွက်ထားကြတဲ့ရုပ်ရှင်လိုမျိုးကို မတူညီတဲ့ဇာတ်လမ်းမှာ တူညီတဲ့ရသခံစားစေရမယ်ထင်ပါတယ်။မိတဆိုးလေးမို့ သားဖြစ်သူကို တုန်နေအောင်ချစ်ရှာတဲ့ စည်ပင်သာယာဝန်ထမ်း ဆင်းရဲသားတစ်ယောက်။ ဆင်းရဲပေမဲ့ သားဖြစ်သူကိုဖူးဖူးမှုတ်ထားပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ကြတယ်။တရက် အဖေဖြစ်သူတို့သူငယ်ချင်းအုပ်စု ဘောလုံးကန်နေတုန်း သားဖြစ်သူဝင်ပါရင်း အမောဖောက်လဲကျသွားရာကစ နှလုံးအစားထုကုရမယ်ဆိုတာ သိလိုက်ရပါတယ်။ ကလေးက ငယ်သေးတဲ့အတွက် ကိုက်ညီတဲ့နှလုံးရှာတွေ့ပြီး ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တောင်မှ အသက်ရှင်ဖို့ရာခက်ခဲတဲ့အခြေအနေ။ နှလုံးအစားထိုးကုသဖို့ ကိုက်ညီတဲ့နှလုံးမရခင်အချိန်မှာ စူပါဟီးရိုးတွေကိုကြိုက်နှစ်သက်တဲ့ သားဖြစ်သူရဲ့ စိတ်ကလေးလန်းဆန်းနေစေဖို့ သူငယ်ချင်းတွေနဲ့တိုင်ပင်ပြီး စူပါဟီးရိုးဝတ်စုံတွေချုပ် ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းတွေဖန်တီးပါတော့တယ်။အဖေတစ်ယောက်ရဲ့မေတ္တာတရားနဲ့ သူငယ်ချင်းတွေကြားကသံယောဇဉ်ကို အချိုးညီဖန်တီးရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(953 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre... Family, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

My Father is a Hero/ Benim Babam Bir 2023

The Quantum Devil (2023)
The Quantum Devil (2023)  ဒီဇာတ်လမ်းကတော့ သိပ္ပံပညာနဲ့ပတ်သက်တဲ့ horror, mythology ဖြစ်ပါတယ်။သိပ္ပံပညာနယ်ပယ်မှာထူးချွန်ကြပေမယ့် မတော်တဆလုပ်မိတဲ့အမှားတွေကြောင့် လူ့အဖွဲ့အစည်းကနေတိမ်းရှောင်နေရတဲ့ အရည်အချင်းရှိ သိပ္ပံပညာရှင်တွေရှိပါတယ် တနေ့မှာ သူတို့ အသီးသီးဆီကို အမည်မသိဖိတ်ကြားစာရောက်လာပြီး နေရာတစ်ခုမှာဆုံစည်းကြဖို့ဖိတ်ခေါ်ထားပါတယ် အဲ့ဒီဖိတ်ကြားစာကိုပို့လိုက်တဲ့သူကလည်း လူ့ကျင့်ဝတ်နဲ့သွေဖယ်တဲ့ လူတွေကိုစမ်းသပ်တဲ့ကိစ္စလုပ်နေတာမလို့ နယ်နှင်ဒဏ်ပေးခံထားရတဲ့ သိပ္ပံပညာရှင်ဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ သိပ္ပံပညာရှင်တွေကိုစုစည်းပြီး သူတို့တွေရဲ့နောင်တရစရာအတိတ်တွေကို ပြန်လည်းဖြည့်ဆည်းနိုင်ဖို့ သံလိုက်စွမ်းအင်အဟန့်အတားကိုချိုးဖောက်ပြီး နောက်လောကတစ်ခုဆီကို စိတ်နဲ့အချိန်ခရီးသွားပြီး ဝင်ရောက်ချင်တာပဲဖြစ်ပါတယ် ။ဒီအရူးသိပ္ပံပညာရှင်တွေ အောင်မြင်သွားကြမလား အတိတ်ကိုပြင်ဆင်ဖို့ဆိုတာကရောဖြစ်နိုင်လို့လား ဒါတွေကိုဒီဇာတ်လမ်းလေးထဲမှာသိရမှာဖြစ်ပါတယ် File size…(1.4 GB)/(733 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror, Science Fiction, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

The Quantum Devil (2023)

Baskin (2015) 5.8
Baskin (2015) ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို တူရကီhorrorဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာ အကူအညီပေးဖို့သွားတဲ့ရဲအဖွဲ့တစ်ဖွဲ့ငရဲတစ်ခါးဝကိုရောက်သွားတဲ့အကြောင်းကို ဇာတ်အိမ်တည်ထားပြီး ဒါရိုက်တာ Can Evrenol က ရိုက်ကူးပုံဖော်ထားတဲ့rating 5.8/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဒီဇာတ်ကားမှာ မင်းသားတွေဖြစ်တဲ့ Gorkem Kasal,Ergun Kuyucu,Mehmet Cerrahoglu,Sabahattin Yakut နဲ့Mehmet Cerrahoglu တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်.ဇာတ်လမ်းအစမှာ စားသောက်ဆိုင်တစ်ဆိုင်မှာ အနားယူနေကြတဲ့Arda တို့ရဲအဖွဲ့သားတွေဖြစ်တဲ့ Yavuz,Remzi,Saboနဲ့ Apoတို့အဖွဲ့သား၅ ယောက် စားသောက်ဆိုင်ကအပြန်မှာ Inceagac နေရာဒေသကနေအကူအညီတောင်းတာကိုကြားလိုက်ရပါတယ် အဲ့နောက် အကူအညီခေါ်ထားတဲ့ဆီကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံပြီး ညကြီးအချိန်မတော် လူသူမရှိတဲ့ လမ်းမှာကြီးမှာ ရုတ်တရက်လူတစ်ယောက်ကိုကားနဲ့တိုက်မိပြီး ကားမှောက်သွားပါတယ် ထူးဆန်းတာတစ်ခုကတိုက်ခံရတဲ့သူက ချက်ချင်းဆိုသလို ပျောက်ချင်းမလှပျောက်သွားပါတယ်ကားနဲ့အတိုက်ခံလိုက်ရတဲ့သူကကော ဘယ်သူလဲ သူကကော ဘာလို့လူသူမရှိတဲ့ဒီလမ်းပေါ်ကိုရောက်လာတာလဲ သူတို့အဖွဲ့ကကော အကူအညီခေါ်ထားတဲ့Inceagac ကို ရောက်သွားမှာလား ရောက်သွားတဲ့အခါမှာကော ဘာတွေကိုကြူံတွေ့ရမှာလဲ သူတို့အဖွဲ့ကကော Inceagac ကနေအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ပါဦးဒီဇာတ်ကားက ဇာတ်ညွှန်းရေးဆရာတဲ့ မြှပ်ကွက်လှည့်ကွက်တွေနဲ့ပဟေဠိဆန်ဆန်အဖြစ်အပျက်တွေကြောင့် ...
movie

Baskin (2015)