Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Megan Hayes
7.5
The Hunger Games: Catching Fire (2013)
The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie
The Hunger Games: Catching Fire (2013)
2013
4K HEVC
5.7
What to Expect When You’re Expecting(2012)
ကလေးတစ်ယောက် မွေးဖွားတယ် ကိုယ်ဝန်ဆောင်တယ်ဆိုတာ တကယ်မလွယ်တူတဲ့ ကိစ္စပါ စိတ်ရော ကိုယ်ပါ အများကြီး ပြင်ဆင်ရ ပြောင်းလဲရပါတယ်ဒီဇာတ်လမ်းမှာတော့ မတူညီတဲ့ စုံတွဲငါးတွဲရဲ့ မိဘဖြစ်ဖို့ ကြိုးစားကြပုံတွေကို ပြထားပါတယ်ပထမဆုံးစုံတွဲကတော့ နာမည်ကြီးရှိုး Lose it and weep ရဲ့ နည်းပြ ဂျူးလ်စ်ဘက်စ်တာနဲ့ နာမည်ကြီးအကသမား အက်ဗန်ဝက်ဘာပါ အကပြိုင်ပွဲတစ်ခုမှာ အတူပြိုင်ကြရင်း မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့် သူတို့ကိုယ်ဝန်အတွက် ပြင်ဆင်နေကြတဲ့ စုံတွဲပါနောက်တစ်တွဲကတော့ ကလေးချစ်တတ်သူ ကလေးစာအုပ်တွေရေးတဲ့ စာရေးဆရာမလေး ဝင်ဒီနဲ့ ဂယ်ရီကူးပါးတို့ စုံတွဲပါ ကလေးယူဖို့ နှစ်နဲ့ချီကြိုးစားပြီး သူတို့လိုချင်တဲ့ကလေးကို ရပါပြီ ဒါပေမဲ့ ကိစ္စတွေက ဝင်ဒီထင်ထားသလို လွယ်မနေပါဘူးနောက်တစ်တွဲတော့ ဂယ်ရီ့အဖေ ပြိုင်ကားမောင်းသမား ရမ်ဆီကူးပါးနဲ့ စမောလေး စကိုင်လာတို့အတွဲပါ သူ့သား ဂယ်ရီနဲ့ နေရာတကာလိုက်ပြိုင်နေတတ်ပါတယ် သူ့မိန်းမက အမွှာကိုယ်ဝန်ဆောင်ထားတာကြောင့် ဂယ်ရီထက် နှာတစ်ဖျားသာသွားလို့ ရမ်ဆီတစ်ယောက် ဂုဏ်ဆာနေပါတယ်နောက်စုံတွဲကတော့ ...
movie
What to Expect When You’re Expecting(2012)
6.5
[18+] Zola (2021)
[18+] Zola (2021) IMDb - 6.5/10, RT - 88%, Meta - 76%A24 ဟာ ပြီးခဲ့လေးငါးခြောက်နှစ် နောက်ပိုင်းကနေ အခုထိ နာမည်တဟုန်ထိုး တက်လာတဲ့ အင်တာတိန်းမန့် ကုမ္ပဏီပါ။ A24က ထုတ်တာတွေမှာ Thriller Horror ဆန်ဆန်ကားတွေ နည်းနည်းထူးခြားတယ်ပြောလို့ရတဲ့ကားတွေချည်းပါပဲ။ ဒါကြောင့် သူ့ပရိတ်သတ်နဲ့ သူအခိုင်အမာရှိနေပြီး သူ့ဖန်တွေကြား A24 ရုပ်ရှင်တွေလိုမျိုး အရသာပေးနိုင်တဲ့ ရုပ်ရှင်တွေ့ရင် A24 vibe ဆိုပြီး ပြောကြတဲ့အထိကို A24 ရဲ့ လွှမ်းမိုးမှုကကြီးခဲ့ပါတယ်။ သူ့ဆီက ကားတွေဟာ အော်စကာဆုတွေရတာတွေလည်း ရှိပါတယ်။A24 ဟာ Midsommar, Hereditary, The Lighthouse, The VVitch, Uncut Gems, Lady Bird, Moonlight စတဲ့ ရုပ်ရှင်ကောင်းတွေ အပါအ၀င် တခြားရုပ်ရှင် အကောင်းတွေချည်း ...
movie
[18+] Zola (2021)
2021