Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Megan Fox
5.5
Passion Play (2010)
Passion Play (2010)အရင်က နာမည်ကြီး trumpet player ဖြစ်ခဲ့တဲ့ Nate Poole က လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့ ဇနီးကို မသိဘဲအိပ်မိရာကနေ လူဆိုးဂိုဏ်းခေါင်းဆောင်က လိုက်သတ်လို ကန္တာရထဲ ထွက်ပြေးခဲ့ရတယ်။ အဲဒီမှာသူ ဆပ်ကပ်ပွဲတစ်ခုဆီရောက်သွားပြီး မထင်မှတ်ဘဲ အတောင်ပံတွေရှိတဲ့ မိန်းမလှလေးကို တွေ့ခဲ့ချိန်မှာတော့ သူ့ဘဝကြီးရော ငှက်အတောင်ပံတွေနဲ့ မိန်းမပျိုလေးရဲ့ဘဝရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။နာမည်ကြီး မင်းသားမင်းသမီးကြီးတွေဖြစ်တဲ့ Mickey Rourke၊ Megan fox၊ Bill Murray၊ Rhys Ifans နဲ့ Kelly Lynch တိုအကုန် ပါဝင်တာမို မလွတ်တမ်းကြည့်ရှုသင့်ပါတယ်နော်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated ...
movie
Passion Play (2010)
6.6
Bad Boys II (2003) Bad Boys 2
Bad Boys 2 (2003)==============IMDb Rating - 6.6/10Bad Boys ဇာတ်ကားရဲ့ဒုတိယမြောက်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားရဲ့ထုံစံအတိုင်း မင်းသားတွေဖြစ်တဲ့Will Smith နဲ့ Martin Lawrence တို့ပဲဆက်လက်သရုပ်ဆောင်ထားပါတယ်။ ရှေ့ဇာတ်ကားနဲ့မတူကွဲပြားတဲ့ပုံစံမျိုးနဲ့ရိုက်ပြထားတာလည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာတော့ ကျူးဘားက မူးယစ်မှောင်ခိုလုပ်တဲ့ တမီယာဆိုတဲ့သူက သူ့ဆေးတွေကိုအမေရိကမှာရောင်းပြီး ကျူးဘားဆီကို ငွေပြန်ပို့တာပါ မူးယစ်ငွေမဲတွေဖြစ်တဲ့အတွက်ဘဏ်တွေကနေတစ်ဆင့်ပို့လို့မရတဲ့အတွက် ရေကြောင်းသင်္ဘောတွေကို သုံးပြီးပို့ပါတယ်။ အဲ့ဒါကိုသိတဲ့အမေရိကန်တွေက ရေကြောင်းမှာ လုံခြုံရေးတင်းကျပ်ပြီး လိုက်ပေမယ့် ဖမ်းလို့မမိပါဘူး။ မိရင်လည်းနည်းနည်းသာဖြစ်ပြီးတပီယာကိုတရားစွဲလို့မရပါဘူး။ အဲ့အတွက် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးတွေက ဝင်ပြီးဖမ်းဆီးပေးတာကိုခပ်မိုက်မိုက်ကြည့်ရမယ့်ဇာတ်ကားမျိုးပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File size…(13 GB)/(1.5 GB ) / (1 GB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM,Ka Naung Translated ...
movie
Bad Boys II (2003) Bad Boys 2
2003
4K HEVC
6.1
Above the Shadows (2019)
Holly ဆိုတဲ့ကောင်မလေးဟာ မိသားစုတစ်စုကအလတ်မလေးပေါ့..တစ်အိမ်လုံးနဲ့သူနဲ့ကအကြောမတည့်ပေမယ့် အမေဖြစ်သူနဲ့တော့အတော်လေးရင်းနှီးရှာတယ် တစ်နေ့အမေဖြစ်သူဆုံးသွားအပြီးမှာ သူမဘဝရုတ်ချည်းပြောင်းလဲခဲ့တယ်...ဖြစ်ပုံကတော့ တစ်မနက်ခင်းနိုးထလာတဲ့အချိန်မှာသူမဟာကိုယ်ပျောက်သွားတာပါ..ဒီလိုနဲ့ရှင်သန်လာရင်း တစ်နေ့မှာ သူ့ကိုမြင်နိုင်တဲ့တစ်ဦးတည်းသောယောကျာ်း Shayne နဲ့တွေ့ဆုံခဲ့ပါတယ်..Shayne ဟာလည်းတစ်ချိန်က လက်ဝှေ့ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့အမေ့ခံဖြစ်နေပါပြီဒီလိုမျိုး အကူအညီလိုနေကြတဲ့နှစ်ယောက်သားတွေ့ကြချိန်မှာ တစ်ဦးကိုယ်တစ်ဦးဘယ်လိုကူညီကြမလဲဆိုတာ... File size…1.6GB / 754MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre …..Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric
movie
Above the Shadows (2019)
6.2
This Is 40 (2012)
This is 40 ကိုတင့်တို့ ၄၀ အရွယ် လင်မယားတွေ ကြာလာရင် မမြင်ရလေကောင်း လေဆိုတာကို မြင်ဖူးကြမှာပါတစ်ယောက် နဲ့ တစ်ယောက် သေးသေးလေးကအစဝေဖန် အပြစ်တင် ပြောဆိုပြီး တကျီကျီ ရန်ဖြစ်ကြရင်းထို့အတူ ပိထ် ဆိုတဲ့ Paul Rudd ကသီချင်းကုမ္ပဏီထောင်ထားသူ တစ်ဦး ဖြစ်ပြီးခေတ် နောက်ကျ ကျန်ခဲ့ပြီဖြစ်တဲ့ သူ့ကုမ္ပဏီရဲ့ အဆိုကျော် ဂရေဟမ်ရဲ့တေးသီချင်းတွေကို ပေါက်အောင် ကြိုးစားရင်း ရုန်းကန်နေသူ တစ်ဦးပါ။တစ်ဖန် သူ့ မိန်းမ ဒက်ဘီကတော့ အထည်ဆိုင်ဖွင့်ထားသူ တစ်ဦးပါ။သူတို့က ၄၀ ပြည့် ဘဝရဲ့ အချိုးအကွေ့ တစ်စိတ်တစ်ပိုင်းမှာဘဝ တိုးတက် ကောင်းမွန် ရေးအတွက် ပြုပြင်ဖို့ကြိုးစား နေကြပါတယ်။သို့ပေမဲ့ သူတို့ရဲ့ အဖြစ်က ကသီနိုင်ပြီးတော့ကပ်သီးကပ်သပ် ဖြစ်နေပါရော။ပိထ်မှာ မိဘစရိတ် မနားတမ်း တောင်းဆိုတတ်တဲ့အဖေ တစ်ဦးရှိပြီး သူ့မှာကလည်း နောက်အိမ်ထောင်အပြင်အမြွှာကလေး သုံးယောက်နဲ့ပါ။ ဒက်ဘီမှာကျ ၁၅ နှစ်လုံး ...
movie
This Is 40 (2012)
2012
5.2
Expend4bles (2023)
နာမည်ကျော် အက်ရှင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ The Expendables ရုပ်ရှင် လေးကားမြောက် လာပါပြီ။ အစိုးရအေဂျင်စီတွေ တရားဝင်လုပ်လို့မရတဲ့ စစ်ဆင်ရေးတွေကို လုပ်ပေးရတဲ့ စတေးခံ၊ အသေခံအဖွဲ့ပါပဲ။ တက္ကစီကတုံးမင်းသား၊ ပြား ၅၀၊ မျက်လုံးနဲ့တင်ပြီးနိုင်တဲ့ မီဂန်ဖောက်၊ Raid မင်းသား၊ Ong-bak မင်းသား၊ ဒေါ့ဖ်လန်ဂရင်၊ စတားလုံး အစရှိတဲ့ အားနေချနေတဲ့ကောင်တွေကို ထည့်ထားပါတယ်။ ဒီတော့ ချကြတာ ထိုင်ကြည့်ကြပါ။ ဇာတ်လမ်းအကျဉ်းထုံးစံအတိုင်း လူဆိုးကြီးတစ်ယောက်က အဏှမြူဗုံးနဲ့ပတ်သတ်တဲ့ အရမ်းဆိုးတာကို လုပ်ပါတယ်။ အဲဒါကို မင်းသားတို့အဖွဲ့က လိုက်ကြိတ်ပါတယ်။ ဒါပါပဲ။ ကြည့်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Thriller Quality…. 4K | 1080p | 720p File size… 4.88GB | 2GB | 881MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Expend4bles (2023)
2023
4K HEVC
6.3
Machine Gun Kelly’s Life In Pink (2022)
Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ ...
movie
Machine Gun Kelly’s Life In Pink (2022)
2022
6.0
Transformers: Revenge of the Fallen (2009)
Transformers 2007 ခုနှစ်က ဇာတ်ကားရဲ့ အဆက်အဖြစ်ဆက်လက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ..ပထမဇာတ်ကားက မင်းသား Shia LaBeouf ပဲ အပြောင်းအလဲမရှိ ပါဝင်ထားပြီးမင်းသမီး Megan Fox ကိုလဲ ညှို့အားပြင်းစွာဆက်လက်မြင်တွေ့ရမှာပါ။ထုံးစံအတိုင်း Autobots တွေရဲ့ တိုက်ပွဲဝင်ခန်းတွေကို ဦးစားပေးကြည့်ရှုရပါမယ်။(Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(7.3 GB)/(4.4 GB)/(1.7 GB) Quality….BluRay 4K HDR HEVC/1080p/720p HEVC Format…mkv/mp4 Duration….02:29:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Transformers: Revenge of the Fallen (2009)
2009
4K HEVCHDR
7.1
Transformers (2007)
ပထမ Transformer ဇာတ်လမ်းအဓိကကျောရိုးက All Spark ကိုလိုတာနဲ့ စပါတယ်။Transformer အမည်ခံစက်ရုပ်များဟာ သူတို့နေထိုင်တဲ့ Cybertron ဆိုတဲ့ဂြိုဟ်မှာ Autobots နဲ့ Decepticons တွေ တိုက်ပွဲဖြစ်ခဲ့ပြီး Decepticons ခေါင်းဆောင် Megatron ရဲ့ ဖျက်ဆီးမှုကြောင့် Cybertron ဂြိုဟ်ပျက်စီးခဲ့ပါတယ် ။ ( All Spark ဆိုတာ ပထမ Transformer movie မှာတွေ့ရတဲ့ ကုဗတုံးတစ်ခုပါ ) Autobots တွေဟာ All Spark ကို ပြန်လည်ရှာဖွေပြီးတော့ သူတို့မူလဂြိုဟ်ဟောင်း Cybertron ကို ပြန်လည်တည်ဆောက်ချင်ပါတယ် ။ Decepticons တွေကတော့ All Spark ကို ရှာဖွေပြီး စကြဝဠာကို စိုးမိုးချင်သူများပါ ။Decepticons ခေါင်းဆောင် Megatron ဟာ ကမ္ဘာဂြိုဟ်ပေါ်မှာ All Spark ရှိနေတယ်ဆိုတဲ့ သတင်းကို ကြားလျှင်ကြားချင်း ကမ္ဘာပေါ်သက်ဆင်းရာမှာ အခန့်မသင့် ...
movie
Transformers (2007)
2007
4K HEVCHDR
Johnny & Clyde (2023)
Johnny & Clyde (2023)ဒီရုပ်ရှင်က ဇာတ်အိမ်လည်းရူးခါနေသလို Megan Fox လည်းပါတာမို့ ပုရိသတွေ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ဒီကားရဲ့ ဇာတ်လိုက်ကျော်တွေက ဂျိုကာနဲ့ဟာလေကွင်းလို အရူးအတွဲ။ သူတို့က ဂျိုကာနဲ့ ဟာလေကွင်းနဲ့ တော်တော်ကို တူတာမှ တစ်ပုံစံတည်းလိုကိုတူတာ။ ဘဲက သတ်ချင်တဲ့လူ လိုက်သတ်နေတဲ့ ဂကြောင်။ စော်က ဘဲကို အထင်ကြီးပြီး သတ်သမျှကို လိုက်အားပေးနေတဲ့ ဂကြောင်မ။ သူတို့က နားနေတာကြာပြီ။ ဒီကားအစမှာ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး လျှောက်သတ်ကြရော။ ဒီလိုသတ်ရင်း ကာစီနိုက ကားတစ်စီးကို ဓားပြတိုက်မိကြတယ်။ အဲဒီကားပေါ် ဘာမှပါမလာဘဲ ကာစီနိုတုံကင်တွေပဲ ပါလာပေမဲ့ ကားပေါ်က တစ်ကောင် လက်ထောက်ချလို့ ကာစီနိုမှာ ငွေတွေချည်း ထားထားတဲ့ အခန်းတစ်ခန်းရှိတဲ့အကြောင်း သိသွားကြတယ်။ ဒီလိုနဲ့ အဲဒီကာစီနိုကို ဓားပြတိုက်ဖို့ပြင်တယ်။ လူစုတယ်။ မထူးဘူး။ သူ့တို့လို အရူးတွေချည်းပဲ။အဲဒီကာစီနိုကို ဦးစီးတဲ့လူက ...
movie
Johnny & Clyde (2023)
2023
4.8
Taurus (2022)
Taurus (2022) ===========ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.32 GB) / (506 MB) / ...
movie
Taurus (2022)
2022
6.5
Night Teeth(2021)
Night Teeth(2021) အညွှန်း**********************Vampire movie ကိုမှ မှုန်မှုန်ထိုင်းထိုင်းရှေးဆန်တဲ့ပုံစံမျိုးမဟုတ်ပဲ ခေတ်ဆန်တဲ့ဇာတ်အိမ်နဲ့သွေးစုပ်ဖုတ်ကောင် အလန်းစားတွေပါတဲ့ကားပဲဖြစ်ပါတယ်...သွေးစုပ်ဖုတ်ကောင်တွေဟာယနေ့ခေတ်ကြီးအထိ လျှို့ဝှက်သိုသိပ်စွာနေထိုင်နေပြီး သူတို့ကိုလိုက်ရှာပြီးသတ်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းတွေလည်းရှိနေပါတယ် ....Benny ဆိုတဲ့ကောင်လေးကတော့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်မှာအချိန်ပိုင်းကားအငှါးမောင်းရင်းနဲ့ အပိုဝင်ငွေလေးရှာနေတဲ့သူပေါ့...တစ်နေ့တော့ ခပ်လန်းလန်း ကောင်မလေး (၂) ယောက်ကသူ့ကို တစ်ညကားမောင်းဖို့ ငှါးလိုက်ပါတယ်...အလန်းစား(၂)ပွေဆိုတော့ ပျော်ရွှင်မြူးတူးစွာ ဝန်ဆောင်မှုတွေပေးခဲ့တာပေါ့...သို့ပေမဲ့ သူပို့တဲ့ အလန်း(၂)ပွေဟာ သွေးစုပ်ဖုတ်ကောင်အကြမ်းစားမတွေဖြစ်နေတဲ့အပြင်အဲ့ဒီညမှာပဲ အလွန်တရာရက်စက်တဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းရဲ့လိုက်လံသတ်ဖြတ်ခြင်းခံရတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....မမ Megan Fox ကြီးလည်း ပွဲဝင်ကြမ်းထားလေရဲ့....File Size :(0.99GB) and (380 MB) Quality : WEB-DL.NF.1080P, 720p Format…mp4 Duration…01:47:00 Genre : Action ,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu & Hnin Kit Encoded by Phyo Pyae
movie
Night Teeth(2021)
5.3
Jennifer’s Body (2009)
ဒီဇာတ်ကားကတော့ မင်းသမီး မီဂန်ဖောက်ရဲ့ နာမည်ကြီး Horror ဇာတ်ကားပါ...Megan Fox အပြင် Amanda Seyfried လဲပါပါသေးတယ်...Horror ကားကောင်းလေးတစ်ကားဖြစ်တာနဲ့အညီ ကြည့်ရတာလည်း တော်တော့်ကိုကောင်းတဲ့ကားလေးကားလေးတစ်ကားလို့ဆိုထိုက်တယ်ဗျ။ ၂၀၀၉ ခုနှစ်ရဲ့ အချောလေးနှစ်ယောက် သူပြိုင်ကိုယ်ပြိုင်ဇာတ်ကောင်စရိုက်ယှဉ်ပြိုင်မှုတွေကလည်း နင်လား ငါလားနဲ့ကိုကြည့်ရတာအရသာတွေ့လှသလို မျက်စိပသာဒလည်းတော်တော်ဖြစ်တယ်ပေါ့လေ။ဂျနီဖာဟာတစ်ကျောင်းလုံးရဲ့အချစ်တော်အချောလေးဗျ။ အချောလေးဆိုတဲ့အတိုင်း အထက်တန်းကျောင်းပထမနှစ်လောက်တည်းကစပြီး ဘာညာကိစ္စနဲ့ပက်သက်လို့အတွေ့အကြုံရှိဖူးတယ်ပေါ့လေ။ပင်တိုင်ရည်းစားလေးရှိပေမဲ့ တစ်ခါတလေသဘောကျတဲ့ကောင်ချောလေးတွေတွေ့ရင် ကောက်ကောက်စားတတ်တဲ့ကောင်မလေးပေါ့။နိဒီကတော့ ဂျနီဖာရဲ့အချစ်ဆုံးသူငယ်ချင်းမလေးပေါ့ဗျာ။ ငယ်ငယ်တည်းကခင်လာကြတယ်ပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့စရိုက်တွေကတော့ ဆန့်ကျင်ဖက်တွေပါ.. တစ်ယောက်က တစ်ကျောင်းလုံးရဲ့အလှပဂေးဖြစ်သလို ခေတ်ရှေ့ကိုနှစ်ဆလောက်ပြေးနေတဲ့သူ ၊ တစ်ယောက်ကတော့စာကြမ်းပိုးဗိုင်းကောင်းကျောက်ဖိ လူမသိသူမသိလေးဆိုတော့ ဇာတ်ကောင်ပိုင်းအရဆို ဆန့်ကျင်ဖက်နှစ်ယောက်ကသူငယ်ချင်းတွေဖြစ်နေတယ်ဆိုပါတော့ဗျာ။ဇာတ်လမ်းစတာကတော့ သူတို့ရဲ့နယ်မြို့လေးဆီကိုမြို့ကြီးပြကြီးကရော့ခ်ဂီတတီးဝိုင်းအဖွဲ့ရောက်လာတဲ့အခါ ခေါင်းဆောင်အဆိုတော် ကောင်ချောလေးပါမှန်း သိလိုက်တဲ့ဂျနီဖာက တစ်စခန်းထရာက စပါတယ်...သူစခန်းထတာမှာ အဖော်ပါဖို့ နိဒီကိုပါခေါ်ပြီး ရှိုးပွဲသွားကြရင်း ဘယ်လိုကြောက်မက်ဖွယ်အဖြစ်အပျက်တွေကြုံကြရမလဲဆိုတာ.....။Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်နဲ့ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေပါလို့ မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB) / (999 MB)/ (500 MB) Quality…BluRay Unrated 1080p/720p/480p Format…mp4 Duration….01:47:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie
Jennifer’s Body (2009)
Midnight in the Switchgrass (2021)
Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie
Midnight in the Switchgrass (2021)
6.2
Till Death
Till Death (2021) Megan Fox ရဲ့ ဇာတ်ကားသစ် ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင် အမ်မာ အနေနဲ့ ပါဝင်ထားတာမို့ အတော်မိုက်ပါကြောင်း အမ်မာဆိုတာ သူ့ကိုအထက်စီးကပဲဆက်ဆံလေ့ရှိပြီး လွှမ်းမိုးချုပ်ကိုင်လွန်းတဲ့ ယောကျ်ားဖြစ်သူမာ့ခ်ရဲ့လက်ကနေ လွတ်မြောက်ချင်နေသူတစ်ယောက် ပြောရရင် မာ့ခ်ရဲ့လက်အောက်ဝန်ထမ်း တွမ်နဲ့နောက်မီးပါလင်းနေတာပေါ့ဒီလိုနဲ့ အမ်မာတစ်ယောက် မာ့ခ်နဲ့ ၁၁နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်မတိုင်ခင်ညမှာ တွမ်နဲ့လမ်းခွဲခဲ့ပြီး နှစ်ပတ်လည်နေ့မှာ သူတို့မင်္ဂလာဦးတုန်းကတည်းခဲ့ဖူးတဲ့ ရေကန်ဘေးကအပန်းဖြေအိမ်လေးဆီ သွားကြပါလေရောနှစ်ပတ်လည်ညမှာ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ ရိုလို့မှမဆုံးသေး နောက်တစ်နေ့မနက်မှာ အသက်ကုန်နေတဲ့ယောကျ်ားဖြစ်သူရဲ့အလောင်းကြီးနဲ့ လက်ထိပ်ခတ်လျက်သား အမ်မာတစ်ယောက်နိုးထလာရပါတော့တယ်ဇာတ်ကားနာမည် Till Death ဆိုတဲ့အတိုင်းပဲသေအတူရှင်မကွဲပေါ့နော်။ အရိုတစ်လိုင်းတော့မဟုတ်ဘူး Mystery Horror ပါတဲ့။ ဘယ်လိုတွေအမှုပတ်မယ်ဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးReview by MTA Translated by MTA, JoJoVa Encoded by AugustFile size…1.8 GB and 960MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 28min Subtitle….Myanmar Subtitle (Hardsub) .
movie
Till Death
2021
Rogue 2020
မင်းသမီးချော မီဂန်ဖောက်စ် ရဲ့ ဇာတ်ကားအသစ်လေး ၂၀ ရက်နေ့က ထွက်လာပြီမို့ အားလုံးကြည့်ရအောင် တင်ဆက်လိုက်ပါတယ်ဗျာ။ ကြမ်းမှကြမ်း ရမ်းမှရမ်း ဆိုတဲ့ အက်ရှင်ကားစစ်စစ်ပါပဲဗျာ။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဓားစာခံတစ်ယောက်ကို ကယ်တင်ဖို့ အာဖရိက တောတွင်းတစ်နေရာကို သွားကြတဲ့ တပ်ဖွဲ့တစ်ဖွဲ့က မမျှော်လင့်ဘဲ တောထဲမှာ အခက်အခဲတွေ ကြုံရတဲ့အကြောင်းပါ။ အပစ်အခတ်တွေကတော့ တစ်ကားလုံးအပြည့်ပါပဲ။ မီဂန်ဖောက်စ်က ဒီအဖွဲ့ရဲ့ခေါင်းဆောင်အနေနဲ့ ပါထားပါတယ်။File Size : 1Gb Mb / 600 Mb / 300 Mb Quality :Bluray 1080p Format…mp4 Duration…01:45:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by August,MTA,ThAW Encoded by Littleneo
movie
Rogue 2020
6.1
Battle of Jangsarii(2019)
Battle of Jangsarii(2019)အညွှန်း****************************(zawgyi)1950 ခုနှစ်မှာ ရရှားအားကိုးနဲ့ မြောက်ကိုရီးယားခေါင်းထောင်ချိန် လွတ်လပ်ရေးရတာ ၅ နှစ်သာ ရှိသေးတဲ့ တောင်ပိုင်းသားတွေအတွက် စက်ဆုတ်စရာစစ်မြေပြင်ဆီ ခါးသီးမှုတွေနဲ့ အတူ ပြန်လည်တိုက်ပွဲဝင်ဖို့ဖြစ်လာခဲ့တယ်...ဂျန်ဆာရီကမ်းခြေမှာတပ်စွဲထားတဲ့ မြောက်ပိုင်းတပ်တွေကိုတိုက်ထုတ်ဖို့အခုမှသင်တန်းသားပဲရှိသေးတဲ့ ခြေပြတ်လတ်ပြတ်တွေ စစ်ရဲ့ အနံ့အသက်ဆိုးတွေကိုမခံစားဖူးသေးတဲ့လူငယ်စစ်သား ၇၀၀ကျော် မလွှဲမရှောင်သာ ဖွဲ့စည်းပြီး mission တစ်ခုလုပ်ခဲ့ကြတယ်...ခုမှ သင်တန်းဆင်းကျောင်းသားတွေနဲ့ စစ်တိုက်မယ်ဆိုကတည်းကဒီစစ်ပွဲရဲ့ အောင်မြင်မှုဟာ ပြန်လမ်းမဲ့ကျွန်းကိုလွှတ်တယ်လို့တောင်ဆိုရပါ့မယ်... ကိုရီးယားထုံးစံအတိုင်း dialogue တွေအရမ်းကောင်းတယ် suspenseလုပ်သွားတာ တော်တော် tempo တက်တယ် ....လူငယ်စစ်သားလေးတွေကိုသဘာဝကျကျ ရိုက်သွားတာ infomation ပိုင်းမှာပဲလုပ်ဖူးပြီး စစ်ပွဲကိုစာတွေ့ပဲရှိပြီး တိုက်ပွဲအတွေ့အကြုံမရှိတဲ့ခေါင်းဆောင်ရဲ့အမိန့်တွေနဲ့ ချီတက်သွားကြတာဟာာ လုံးဝ mission impossible ကြီးပါပဲ....အထူးတလည်ညွှန်းစရာမလိုအောင်ထူးထူးခြားခြားကောင်းပါတယ် ထူးထူးခြားခြားလဲ မျက်ရည်ကျရပါမယ် IMDb 6.1 Rotten Tomatoes မှာ 60% ဆိုတော့ setting ပိုင်းတွေ ရိုက်ကွင်းရိုက်ကွက်တွေ သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲတွေကိုမှသုံးထားပါတယ်... ခေတ်လူငယ် ကျွန်တော်တို့လို့ လူချောလေးတွေသဘောကျတဲ့ မမ ...
movie
2019
6.4
How to Lose Friends & Alienate People (2008)
ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။) File ...
movie
How to Lose Friends & Alienate People (2008)
2008
6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37% Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie
Teenage Mutant Ninja Turtles: Out of the Shadows (2016)
2016
6.4
The Dictator (2012)
The Dictator (2012) IMDb - 6.4/10_____Rotten - 57% ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့..... File Size : 708 MB File Type : Mp4 Quality : Bluray rip Duration : ...
movie
The Dictator (2012)
2012
6.0
Teenage Mutant Ninja Turtles: Out of the Shadows (2016)
Teenage Mutant Ninja Turtles: Out of the Shadows (2016) IMDb - 6.0/10_____Rotten - 37% Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint ...
movie
Teenage Mutant Ninja Turtles: Out of the Shadows (2016)
2016
1
2
Next