Channel Myanmar

Megan Cooper

Queen of the Damned (2002)
Queen of the Damned (2002)  Vampire ကြိုက်သူတွေအတွက်British Vampire ဇာတ်ကားလေးပါတစ်ချိန်ကအင်အားကြီးခဲ့တဲ့ Vampire လက်စတတ်ဟာ နှစ်ပေါင်းများစွာအိပ်ပျော်နေရာကနေ ဂီတသံတွေကြောင့်နိုးထလာခဲ့တယ် သူဟာ သွေးစုပ်ဖုတ်ကောင်တို့သဘာဝ အမှောင်ရိပ်ထဲမှာပဲမရှင်သန်ချင်သူ လူတွေနဲ့ယှဥ်တွဲပြီး ဝါသနာကြီးခဲ့တဲ့ဂီတကို ထုတ်ဖော်ပြချင်သူ မျိုးနွယ်စုရဲ့စည်းမျဥ်းတွေကိုချိုးဖောက်ပြီး လူရှေ့ရုပ်လုံးထွက်ပြ သူ့ဝေဒနာတွေကို ဂီတနဲ့ဖောက်ခွဲပစ်တဲ့အခါ.....တစ်ချိန်ကကမ္ဘာမှာအင်အားအကြီးဆုံးအရက်စက်ဆုံး Vampireတွေရဲ့ထိပ်ခေါင်ဘုရင်မကြီး အကာရှာရုပ်ထုကိုအသက်ဝင်လာအောင် သူ့ဂီတက နှိုးလိုက်တဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါနော်..... File size…(1.3 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre...Fantasy, Horror, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si
movie

Queen of the Damned (2002)

Frankenstein: Legacy (2024)
Frankenstein: Legacy (2024) မကြာသေးခင်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ဖရန်ကန်စတိုင်းဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဖရန်ကန်စတိုင်းကိုတော့ လူတိုင်းလိုလိုသိကြတဲ့အတွက် အထူးတလည်တော့ရှင်းပြစရာမလိုပါဘူး။ဇာတ်လမ်းအညွှန်းကိုပြောရရင်တော့Legacyဆိုတဲ့အတိုင်းပဲ ဖရန်ကန်စတိုင်းသေဆုံးပြီးနောက်မှာ ကျန်နေခဲ့အရာလေးတစ်ခုကတော့ လူတွေကိုပြန်လည်အသက်သွင်းနိုင်တဲ့ သိပ္ပံနည်းလမ်းတွေပါတဲ့ ဒိုင်ယာရီလေးတစ်အုပ်ပါပဲ။ ထိုဒိုင်ယာရီစာအုပ်ရဲ့တန်ဖိုးကိုသိတဲ့လူတွေရဲ့လောဘကြောင့်ပဲ စာအုပ်လေးဟာ ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက်ကို အဆင့်ဆင့်ပြောင်းလာခဲ့တာ နှစ်၁၀၀ကျော်တဲ့အထိပါပဲ။အဲဒီနောက်မှာမှ ၁၈၇၅ခုနှစ်မှာ ထိုစာအုပ်ဟာ မီလီစန့် ဘရောင်းနင်းလို့ခေါ်တဲ့ ထူးချွန်တဲ့အမျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ဆီကိုရောက်လာခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းဟာ နာတာရှည်ရောဂါတစ်မျိုးကိုခံစားနေရပြီးတော့ ကြာကြာမနေရတော့ဘူးဆိုတာကိုသိထားတဲ့သူမဟာ ခင်ပွန်းပြန်ကောင်းလာဖို့အတွက် ကုသနည်းမျိုးစုံကိုလိုက်ရှာနေတာပါ။ထိုအချိန်မှာပဲ ဖရန်ကန်စတိုင်းဒိုင်ယာရီဟာ သူမလက်ထဲကိုရောက်လာတဲ့အတွက် ထိုစာအုပ်ထဲကသိပ္ပံနည်းလမ်းတွေနဲ့ သူမရဲ့ခင်ပွန်းကိုကယ်တင်နိုင်မှာလား... သူမရဲ့နည်းလမ်းတွေက မှန်ရောမှန်ရဲ့လားဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ။File size…(1 GB)/(452 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
movie

Frankenstein: Legacy (2024)