Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Meanne Espinosa
5.7
A Very Good Girl (2023)
A Very Good Girl [2023] ( IMDb 5.8/10, RT 58% )မာစီဆိုတဲ့ ကောင်မလေးဟာ သူ့အမေသေဆုံးသွားအောင် လုပ်ခဲ့တဲ့ မားသားမောလ် ကုန်တိုက်ပိုင်ရှင် မော်လီကို လက်စားချေဖို့ ကြံစည်ထားတာကနေ ဇာတ်လမ်းကို စတင်ထားပါတယ်... မာစီတို့ဟာ ကိုယ်ကကောင်းရင် အများက ပြန်ကောင်းလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်ခဲ့ကြပေမယ့် လက်တွေ့လောကဟာ သူတို့ ထင်သလို ဖြစ်မနေပါဘူး... ဒီလိုနဲ့ မိခင်ကိုပါဆုံးရှုံးရပြီးတဲ့နောက်မှာ မာစီ အသက်ရှင်ရတဲ့ အကြောင်းပြချက်ဟာ တစ်ခုသာရှိပါတော့တယ်... အဲ့ဒါက မော်လီကို လက်စားချေဖို့ပါပဲ... အဲ့အတွက် မာစီဟာ ဖီလိုဆိုတဲ့ လူကုံထံမလေးအသွင်ဆောင်ပြီး မော်လီ့အဝန်းအဝိုင်းထဲကို ရောက်ဖို့ ကြိုးစားပါတော့တယ်... ဒီနောက်မှာတော့ တစ်ဆင့်ပြီး တစ်ဆင့် သူစီစဉ်အကွက်ချထားတဲ့အတိုင်း ကြိုးစားပါတော့တယ်... ဇာတ်လမ်းဟာ ပရိသတ်ထင်သလိုတော့ သာမန်ဇာတ်ကားများနည်းတူ အဆုံးသတ်သွားတာ မဟုတ်ဘဲ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, ...
movie
A Very Good Girl (2023)
2023
6
I Love Lizzy (2023)
I Love Lizzy (2023)ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ။ ချစ်တိုင်းလည်း မညားကြပါဆိုတဲ့ ဇာတ်ကားကိုမှ ချိုချိုခါးခါးကြည့်ချင်ရင် ဒီဇာတ်ကားကို ကြည့်ရင်း သံဝေဂယူလို့ ရပါတယ်။ ဇာတ်လမ်းကတော့ ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုက လစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာက စပါတယ်။ သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့။ လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့ ဘယ်လိုအကြောင်းတရားတွေနဲ့ "လစ်ဇီကို ချစ်မလဲ" ဆိုတာ ကြည့်ရမှာပါ။ သရုပ်ဆောင်တွေလည်း ကောင်းကြပြီး၊ ဖိလစ်ပိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုအတွက် ဦးတည်ရိုက်ထားသလား မေးရအောင် cinematography လှလှလေးနဲ့ သူ့ကိုယ်ပိုင်ကာလာနဲ့သူ ကြည့်လို့ကောင်းနေတာပါပဲ။ သူ့တန်းနဲ့သူ ကြည့်ပျော်ရှိတာမို့ ခဏတာ စိတ်အပန်းပြေမယ့်ဇာတ်ကားအဖြစ် ညွှန်းပေးချင်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ်Genre..... Romance Quality…. 1080p | 720p File size… 1.6GB | 743MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
I Love Lizzy (2023)
2023
5.8
Love You Long Time (2023)
ဒီဖိလစ်ပိုင်ကားကတော့ မြင်ဖူးနေကျဖိလစ်ပိုင်ကားတွေနဲ့ ကွဲထွက်ပါတယ်။အရာရာကို သဘာဝရှုခင်းလှလှ၊ ရုပ်ရှင်ဓာတ်ပုံလှလှတွေနဲ့ ငြိမ့်ငြိမ့်လေးပြသွားတာအချစ်ကဗျာတစ်ပုဒ် ဖတ်နေရသလိုပါပဲ။ အစပိုင်းမှာ ကြည့်ရတာပျင်းကောင်းပျင်းနိုင်ပေမဲ့စိတ်ရှည်ရှည်နဲ့ဆက်ကြည့်ရင် ဒီရုပ်ရှင်ကပေးစွမ်းချင်တဲ့ရသတွေကို ခံစားရမှာပါ။ အချစ်ဆိုတာလည်း ခက်တော့ခက်သား ဝေးရမယ်ဆိုမှ ပိုတွေ့ချင်မိတယ် ခွဲရမယ်ဆိုမှဆွဲထားချင်မိတယ်။ Before Trilogy တွေကိုကြည့်ပြီး မရိုးမရွဖြစ်စေတဲ့အရာကလည်းဒီလိုပဲ ဘဝမှာအလွယ်ရခဲ့သမျှအချစ်တွေအားလုံးကို ပေါပေါပဲပဲလုပ်ခဲ့ပြီးမှ ရထားခရီးစဉ်ဆုံးရင် ခွဲရတော့မယ့်လူကိုမှ ချစ်မိသွားလို့ နှစ်ယောက်သား နောင်တမရအောင် လမ်းခုလတ်ကဘူတာမှာ တစ်ညတာဆင်းနေခဲ့ကြတယ်မဟုတ်လား။ ကိုယ်ရဲ့ပစ္စုပ္ပန်က မင်းရဲ့အတိတ်မင်းရဲ့ပစ္စုပ္ပန်က ကိုယ့်အနာဂတ်အဖြစ် ၄ နှစ်တာ ကွာဟနေတဲ့ အချိန်ကာလကိုကိုယ်တို့အချစ်နဲ့ ဘယ်လိုပိတ်ဆို့ကြမလဲ။ ကိုယ်ကတော့ ဖုန်းအဟောင်းတစ်လုံးနဲ့မကျေနပ်နိုင်ဘူး။ မင်းကိုထိတွေ့ခွင့်တွေ၊ မင်းနဲ့အတူထိုင်ပြီး ကော်ဖီသောက်ခွင့်တွေ၊မင်းချသမျှဆုံးဖြတ်ချက်တိုင်းမှာ အရေးပါခွင့်တွေကို လောဘတက်ချင်သေးတယ်။မျှော်လင့်ချက်ဟာ အရာရာဆိုတာကို လက်ခံကြလားဗျ။ မျှော်လင့်ချက်ကြောင့်အသက်ရှင်သလို မျှော်လင့်ချက်ကြောင့် သေဆုံးနိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုသေလူလို့သက်မှတ်ထားတဲ့ကိုယ်က ဒီမျှော်လင့်ချက်တွေကြောင့်ပဲ အသက်ရှင်ချင်လာမိတယ်...ဒီဇာတ်ကားလေးကတော့Healing movie ကောင်းကောင်းတစ်ခုဖြစ်တဲ့အတွက် အချစ်ကြောင့်စိတ်ပင်ပန်းနွမ်းနယ်နေခဲ့ရင် ဒီကားကိုကြည့်ဖို့ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။ File size…1.26GB / 481MB Quality…NF WEB-DL ...
movie
Love You Long Time (2023)