Channel Myanmar

Maya Sansa

My Paper Dolls (aka) Le mie ragazze di carta (2023)
My Paper Dolls (aka) Le mie ragazze di carta (2023)  -ကျွန်တော်တို့ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ-ဒီဇာတ်လမ်းက တီဘာရီယိုဘိုတာချင်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်အကြောင်းကို ဇာတ်လမ်း တည်ထားတာပဲ ဖြစ်ပါတယ်။အလယ်တန်းအောင်ပြီးနောက် ရွာကနေ မြို့ပေါ်ကို မိသားစုနဲ့အတူတက်လာတဲ့ တီဘာရီယိုတစ်ယောက် အိမ်အနီးက ရုပ်ရှင်ရုံပိုင်ရှင်ရဲ့သားနဲ့ သူငယ်ချင်းဖြစ်ကာ ညစ်ညမ်းရုပ်ရှင်ဆိုတာကို ပထမဆုံးကြည့်ဖူးသွားပြီး ကြည့်မိလိုက်တဲ့ ညစ်ညမ်းရုပ်ရှင်ထဲက မင်းသမီးကိုမှ စွဲလမ်းသွားမိပါတော့တယ်။ အဲ့ဒီစွဲလမ်းစိတ်ကို “အချစ်”လို့မှားယွင်းပြီး ခေါင်းစဉ်တွေတပ် .... သူ့ကို ကြိုက်လို့ ကောင်မလေးဘက်က စကားတွေလိုက်ပြောတာကိုတောင် သတိမထားမိလောက်အောင်၊ ကျောင်းမှာ အမှတ်တွေကျလောက်အောင် ညစ်ညမ်းရုပ်ရှင်ထဲကမင်းသမီးကို စွဲလမ်း ..... အဲ့လိုတွေဖြစ်နေရာကနေ “ကျွန်တော်တို့ ချစ်တဲ့လူတွေက ဘာလို့ ကျွန်တော်တို့အနားကနေ အမြဲထွက်သွားကြတာလဲ” ဆိုတဲ့မေးခွန်းကို ထုတ်မေးလာရတဲ့အထိ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ ဘဝအချိုးအကွေ့လေးတွေကိုရိုက်ပြထားတာ ဖြစ်ပါတယ်။ဆယ်ကျော်သက်အရွယ်ကို Nostalgic ဖြစ်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ...
movie

My Paper Dolls (aka) Le mie ragazze di carta (2023)

Revoir Paris (2022) 6.8
Revoir Paris (2022) Revoir Paris (2022) =============== IMDb Rating - 6.8/10အဓိပ္ပာယ်က "ပဲရစ်မြို့ရဲ့ အမှတ်တရများ" တဲ့။ ပဲရစ်မြို့ဆိုတာနဲ့ စိတ်ကူးယဉ်အိပ်မက်မြို့တော်လေးလို့ မြင်ယောင်မိကြလိမ့်မယ် ထင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အမှတ်တရတွေက ချိုမြိန်တဲ့အမှတ်တရ လေးတွေတော့ ဟုတ်မနေခဲ့ဘူး။ အရိပ်လို တကောက်ကောက်လိုက် နေမဲ့ ဆိုးရွားတဲ့အမှတ်တရတွေဖြစ်နေခဲ့တယ်။ပဲရစ်မြို့လယ်ခေါင်စားသောက်ဆိုင်တစ်ခုမှာ လူပေါင်းများစွာ သေ ကြေခဲ့ရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ဆိုတာ လက်နှစ်ဖဝါးစာတောင် မပြည့်တဲ့အရေအတွက်တစ်ခုပါ။ မီရာက အဆိုပါတိုက်ခိုက်မှုကနေ လွတ်မြောက်လာခဲ့ပေမဲ့ သူဘယ် လိုတွေဖြစ်ခဲ့တယ်ဆိုတာကို လုံးဝသတိရခြင်း မရှိတော့ပါဘူး။ တခြား ကျန်ရစ်သူတွေပြောတဲ့ အဲဒီညက သူ့အကြောင်းတွေကလည်း လိုက် ကောက်ဖို့မလွယ်တဲ့ ပဟေဠိလေးတွေ ဖြစ်နေခဲ့ပြီး သူ့အတွက်အရာ ရာဟာ မှုန်ဝါးဝါးပါပဲ။ မီရာတစ်ယောက် သူတိုက်ခိုက်ခံခဲ့ရတဲ့ညက အမှတ်တရတွေကို ပြန်တူးဖော်မိနိုင်မလား ဆိုတာကတော့ "ပဲရစ်မြို့ရဲ့ အမှတ်တရများ" ကနေ ဆွဲဆောင်ပြောပြသွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.5 GB) / (612 MB) / (353 MB) Quality............WEB-RIP 1080p / ...
movie

Revoir Paris (2022)

2022
The App (2019)
The App (2019) The App (2019) ဒီကားလေးကတော့ Netflix ကတင်ဆက်ပေးထားတဲ့ အီတလီဆိုက်ကိုဒရမ်မာကားလေး ဖြစ်ပါတယ်... လူတိုင်းအားကျရလောက်တဲ့ မိဘဂုဏ်အရှိန်အဝါ ရုပ်ရည်ရှိတဲ့ နစ်လို့ခေါ်တဲ့ လူငယ်လေးမှာ အရမ်းချစ်ရတဲ့ ချစ်သူလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ သူ့မိဘတွေရဲ့ လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်တာမျိုး မလုပ်ဘဲ သူနှစ်သက်တဲ့ ရုပ်ရှင်သရုပ်ဆောင်အလုပ်ကို စတင်နေပါတယ်။ သူ့ရဲ့ပထမဆုံးဇာတ်ကားမှာတော့ သူဟာ ဘုရားသခင်နေရာကနေ ပါဝင်သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်ကားကိုရိုက်ကူးဖို့ အီတလီကို ပြန်မလာခင် သူ့ချစ်သူရဲ့ စာတမ်းအတွက် လိုအပ်တာကို ကူညီပေးတဲ့အနေနဲ့ သူ့ချစ်သူသဘောအတိုင်း Us ဆိုတဲ့ Application တစ်ခုကို install လုပ်ပြီး သုံးကြည့်ပေးခဲ့တယ်... Us ဆိုတာ Relationship ရှိတဲ့သူတွေအတွက် Online Dating Application ဖြစ်ပြီး အစပိုင်းမှာတော့ သူဟာ Us ကနေ လာပတ်သတ်သမျှ မိန်းကလေးတွေကို စိတ်ဝင်စားခြင်းသိပ်မရှိခဲ့ပေမယ့် တစ်စထက်တစ်စ သူ့အကြိုက်တွေသိလှတဲ့ မိန်းကလေးတစ်ယောက်ကြောင့် ပြောင်းလဲလာကာ ဒီ Application ကိုစွဲလန်းလာခဲ့ပြီး သူနှစ်သက်တဲ့မိန်းကလေးကိုရော သူမြတ်နိုးတဲ့ သရုပ်ဆောင်အလုပ်မှာပါ ချွတ်ချော်လာခဲ့ပါတော့တယ် တကယ်တော့ အဲမိန်းကလေးက......အဲ Application ကြီးက..... ဘာတွေထူးခြားတာလဲဆိုတာ သိဖို့ ကိုယ်တိုင်ရှာဖွေကြည့်ကြပါဦးနော် File ...
movie

The App (2019)