Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maya Misaljevic
Longing (2024)
Longing ( 2024 )အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ...
movie
Longing (2024)
2024
7.3
Snoopy Presents: Welcome Home, Franklin (2024)
နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေးတင်ဆက်ပေးချင်ပါတယ်ဗျာ။Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklinလေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေးနည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေးကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklinတစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ...
movie
Snoopy Presents: Welcome Home, Franklin (2024)
5.1
The End of Sex (2022)
The End of Sex [2022]( IMDb 5.1/10, RT 61%)ဂျော့ရှ်နဲ့ အမ်မာတို့ဟာ ဆယ်ကျော်သက်ကတည်းက မေတ္တာရှိခဲ့ကြသူတွေပါ... တက္ကသိုလ်ပြီးကတည်းက လက်ထပ်ခဲ့ကြတဲ့ သူတို့လင်မယားရဲ့ အိမ်ထောင်သက်ဟာ ဆယ်စုနှစ်တွေချီနေပါပြီ... ဒီလိုကြာညောင်းလာတဲ့နောက်မှာတော့ အိမ်ထောင်သည်တွေ ကြုံနေကြဖြစ်တဲ့ လိင်ကိစ္စ ခမ်းခြောက်ခြင်းဟာလည်း သူတို့ကြားက ပြဿနာတစ်ရပ်ဖြစ်လာပါတော့တယ်... သူတို့သမီးလေးတွေ တောတွင်းစခန်းချခရီးထွက်တဲ့ ရက်သတ္တပတ်မှာ အပီအပြင်ချစ်ကြည်နူးဖို့ ရည်ရွယ်ထားပေမယ့် တကယ်တမ်းလက်တွေ့ကြုံတွေ့ရချိန်မှာတော့ နှစ်ဦးသားလုံး စိတ်တွေကုန်ခမ်းနေခဲ့ကြပါတယ်... အိမ်နီးနားချင်း လင်မယား ဒီအမှုကိစ္စကြောင့်ပဲ ပြတ်စဲကြတာကို မျက်မြင်တွေ့လာရတဲ့အခါ သူတို့လည်း ဒိလိုမဖြစ်ဖို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြပါတော့တယ်... အစက ရည်ရွယ်ချက်ကောင်းတွေနဲ့ လုပ်ဆောင်ခဲ့ကြပေမယ့် အလွဲလွဲအချော်ချော်ပဲ ဆက်တိုက်ဖြစ်ခဲ့ကြရတဲ့အပြင် သူတို့နှစ်ဦးစလုံးမှာလည်း တခြားသူတွေနဲ့ ဇာတ်လမ်းလေးတွေ ကိုယ်စီဖြစ်လာရပါတော့တယ်.... ဒီလိုအဖြစ်တွေကို ကြုံတွေ့သိမြင်လာရတဲ့အခါ သူတို့အိမ်ထောင်ရေးကရော ဘယ်လိုဆက်ဖြစ်သွားမှာလဲ... သူတို့ဖြေရှင်းချင်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ကြရဲ့လား ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | ...
movie
The End of Sex (2022)
2022
7.4
Snoopy Presents: One-of-a-Kind Marcie (2023)
Snoopy Presents: One-of-a-Kind Marcie က August လ 18 ရက်နေ့ကမှထွက်ရှိထားတဲ့ 39 မိနစ်စာ short movie လေးဖြစ်ပြီး messenger မှာ လူတိုင်းချစ်တဲ့ခွေးကလေး Snoopy ရဲ့ comedy series ဖြစ်တဲ့ The Snoopy Show ရဲ့ Spin-off story ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီ movie ရဲ့ အဓိကဇာတ်လိုက်က မာစီလို့ခေါ်တဲ့ introvert ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်မှုအားကောင်းတဲ့ မာစီဟာ လူတွေကိုကူညီချင်ပေမဲ့ လူကြောက်တတ်တဲ့သူ့ရဲ့ပင်ကိုစရိုက်ကြောင့် တခြားသူတွေကိုကူညီဖို့ သူ့ခရီးလမ်းဟာ ခရီးမတွင်ဘဲဖြစ်နေရပါတယ်။ ဒါကိုကိုင်တွယ်နိုင်ဖို့ မာစီတစ်ယောက်ဘယ်လိုကြိုးစားမလဲ၊ ဒီဇာတ်လမ်းရဲ့ main theme ဖြစ်တဲ့ ဂေါက်ရိုက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူငယ်ချင်းပက်ထရစ်ရှာချန်ပီယံဖြစ်ဖို့ မာစီဘယ်လိုတွေကူညီသွားမလဲဆိုတာ တွေ့မြင်ရမှာပါ။ IMDB rating အနေနဲ့ 7.4 အထိရရှိထားပြီး ...
movie
Snoopy Presents: One-of-a-Kind Marcie (2023)
5.2
A Christmas Masquerade (2022)
A Christmas Masquerade(2022)လော်ရာနဲ့ ဂျူလီဟန်းတို့ဟာ အလုပ်အတူတွဲလုပ်ကြတဲ့ best fri တွေပေါ့လော်ရာက PR(public relations) လုပ်တယ် ဂျူလီယန်းက လော်ရာရဲ့ assistant ပေါ့တစ်နေ့မှာ အလုပ်တွေအသားကုန်လုပ်နေရတဲ့လော်ရာတစ်ယောက် ခနတဖြုတ်အေးဆေးအနားယူချင်တာနဲ့ သူ့ရဲ့လက်ထောက်လဲဖြစ် bestie လဲဖြစ်တဲ့ ဂျူလီယန်းကို ပါတီတစ်ခုသူ့အစားသွားတက်ခိုင်းပါတော့တယ်ကံဆိုးသလားကံကောင်းလားတော့မသိဘူး ပါတီသွားတက်တဲ့ဂျူလီယန်းတစ်ယောက် လော်ရာ့နေရာကနေဟန်ဆောင်ရင်းအဟန်ဆောင်လွန်ပြီး မိုက်ကယ်ဆိုတဲ့ ခန့်ချောကြီးကို PRလုပ်ပေးဖို့ဖြစ်လာတော့တယ်ကောင်မလေးနှစ်ယောက်လဲ မတတ်သာတဲ့အဆုံး ရာထူးတွေချ်ိန်းကုန်ပြီး အရင်က PR လုပ်တဲ့ လော်ရာက assistant ပြန်လုပ် အရင်က assistant လုပ်တဲ့ ဂျူလီယန်းကလော်ရာ့အစား PR ပြန်လုပ်တွေဖြစ်ကုန်ပြီးလူ့ဂွစာကြီး မိုက်ကယ်နဲ့ဘယ်လို ဆက်ခရီးဆက်မလဲကြည့်ရမှာ Christmas ကာလမှာ couple တွေအနေနဲ့ အိမ်မှာအတူတူစောင်လေးခြုံကွေးပြီး ကြည့်လို့ကောင်းမယ့် Christmas Love story လေးတစ်ပုဒ်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ...
movie
A Christmas Masquerade (2022)
6.3
Fireheart (2022)
Fireheart (2022)ဇာတ်လမ်းအညွှန်းIMDb 6.6/10 *********************************"မိန်းကလေးဆိုတာ မီးသတ်သမားလုပ်လို့ မရဘူးလေ" "အဲ့ဒါက စည်းမျဥ်းနဲ့ မညီဘူး"အဲ့စကားလေးတွေက အဖေတစ်ယောက်က မီးသတ်သမားသိပ်ဖြစ်ချင်တဲ့ သူ့သမီးကို ပြောလိုက်တဲ့ စကားပါ။ ဘယ်လိုပဲ ကျားမတန်းတူအခွင့်အရေးလို့ ပြောနေကြပါစေ လူတွေရဲ့ စိတ်ထဲမှာ အမျိုးသမီးတွေဆိုရင် အားနည်းတယ်လို့ မြင်နေကြသလို အလုပ်ခွင်မှာလည်း တန်းတူအခွင့်အရေး ရတာနည်းပါတယ်။ဒီ ကာတွန်းကားလေးကတော့ မိန်းကလေးတွေလည်း မီးသတ်သမားလို သက်စွန့်စံဖျား အလုပ်တွေမှာ ရဲဝံ့စွာ လုပ်နိုင်ကြောင်း မီးမောင်းထိုး ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ဖခင်ဖြစ်သူ မီးသတ်သမားဟောင်းကို အားကျတဲ့ သမီးလေးက ငယ်ငယ်ကတည်းက ဖခင်လို မီးသတ်သမားကြီးလုပ်ပြီး လူတွေရဲ့ အသက်ကို ကယ်တင်ချင်သူပါ။ ဒါပေမယ့် မိန်းကလေးဖြစ်နေခဲ့တော့ သူ့အိပ်မက်တွေကို ဘေးချိတ်ထားခဲ့ရပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့ မြို့တော်မှာ ထူးဆန်းတဲ့ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်လာပြီး မီးသတ်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ခြင်းမလှ ပျောက်ဆုံးကုန်တဲ့အခါ......မင်းသမီးနဲ့ သူ့အဖေတို့ ဘာတွေဆက်ဖြစ်ကြမလဲ.....အိပ်မက်တွေက တကယ်ပဲခက်ခဲသလား.... အိပ်မက်တွေ အကောင်အထည်ပေါ်လာနိုင်မလား.....ဆိုတာ ဇာတ်ကားလေးမှာပဲ ဆက်လက် ကြည့်ရှုအားပေးလိုက်ရအောင်.......။၁၉၈၂ ခုနှစ်မှာမှ နယူးယောက်မြို့ရဲ့ ပထမဆုံးအမျိုးသမီး မီးသတ်သမားရှိလာတဲ့ အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ ကားလေးဆိုလည်း မမှားပါဘူး။ကလေးတွေပဲဖြစ်ဖြစ် ...
movie
Fireheart (2022)
2022