Channel Myanmar

May-Linda Kosumovic

For Love & Honey (2024) 6.4
For Love & Honey (2024)  ဘာဇာတ်အိမ်အရှုပ်အထွေးတွေလှည့်ကွက်တွေမှမပါပဲ နားရက်မှာစိတ်အပန်းပြေစေ ဖို့ romance ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ ကျွန်းပေါ်မြို့လေးတစ်ခုမှာ မိခင်ရဲ့အမွေဖြစ်တဲ့ ပျားမွေးမြူရေးခြံကို ဆက်ခံထားပြီး အလုပ်ထဲမှာပဲ တစ်ဘဝလုံး နှစ်မြှုပ်ထားတဲ့ အီဗာ။ မြို့ရဲ့စာကြည့်တိုက်ကပျားအုံတစ်ခုကိုထိန်းသိမ်းဖို့သွားယူရင်း ရှေးခေတ်နံရံဆေးရေးပန်းချီတစ်ခုကိုရှာတွေ့ပြီးနောက် မြို့ကိုအလည်ရောက်နေတဲ့ သမိုင်းပညာရှင်လေး အော်စတင်နဲ့တွေ့ဆုံခဲ့တယ်။အော်စတင်ကလည်း ဒီပန်းချီဟာ သူ့ရဲ့သုတေသနအတွက်အရေးကြီးတယ်လို့ ယုံကြည်ထားပြီး နယ်ခံ အီဗာကို ကျွန်းတစ်လျှောက် လေ့လာရေးအတွက် ကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ အချစ်နဲ့ဝေးကွာနေတာကြာပြီဖြစ်တဲ့ အီဗာ ဘုကလန့်တစ်ဇွတ်ထိုးပညာရှင်လေး အော်စတင်နဲ့တွေ့ပြီးနောက် ရင်ခုန်သံတွေတစ်ဖန်ပြန်ပြီးနိုးထလာမလားဆိုတာ ကျွန်းတစ်ဝိုက် စွန့်စားခန်းလေးနဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(1.5 GB)/(840 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:24:00 Genre... Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

For Love & Honey (2024)

The Land Within (2022) 6.3
The Land Within (2022)  ဒီ Drama/Myetery ကားလေးမှာတော့ မင်းသား Florist Bajgora (Her 2018) နဲ့ မင်းသမီး Luàna Bajrami (Portrait of a Lady on Fire) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီကားကို ရိုက်တဲ့ဒါရိုက်တာ Fisnik Maxville က အကောင်းဆုံးဒါရိုက်တာဆုနဲ့ ရုပ်ရှင်ဆုအပါအဝင် ဆု ၅ ဆု ရရှိပြီး ဇကာတင် ၅ခု ဝင်ခဲ့တာပါ။နှစ်အတော်ကြာ တခြားနိုင်ငံမှာ ပြည်ပြေးအဖြစ်နဲ့ ရောက်ရှိနေခဲ့တဲ့ မိဘမဲ့ဖြစ်သူ ရာမိုက ဘယ်လ်ကန်မှာရှိတဲ့ သူ့ငယ်ဘဝရွာလေးကို ပြန်ရောက်လာခဲ့ပါတယ်။ သူ့ကိုမွေးစားခဲ့တဲ့အဖေဖြစ်သူ စကန်ဒါ နေမကောင်းဖြစ်နေလို့ အမြန်ပြန်လာပါဆိုတဲ့ မွေးစားအစ်မဖြစ်သူ အူနာရဲ့အကြောင်းကြားမှုကြောင့် ပြန်ရောက်လာခဲ့တဲ့ ရာမို့ကို ဆီးကြိုနေခဲ့တာတွေကတော့ စစ်အတွင်းကသေဆုံးသွားခဲ့တဲ့ သူတို့ရွာလေးကလူတွေရဲ့ သင်္ချိုင်းဂူ တူးဖော်မှုပါပဲ။ စစ်အတွင်းမှာ သူတို့အမျိုးတွေ၊ မိသားစုဝင်တွေနဲ့ ရွာက ...
movie

The Land Within (2022)