Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Max E. Blum
6.9
Matilda (1996)
Matilda (1996)Child Novelတွေ ရေးသားထုတ်ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်တောင် Charlie and the Chocolate Factory, The BFG တို့ကိုတော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးစာပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအနေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ်မတေးဒါက မွေးကင်းစကတည်းက မိဘကံမကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကားတွေ ဂျင်းထည့်ပြီးရောင်းတဲ့ လူလိမ်၊ အမေက အရပ်တကာပတ် ဘင်ဂိုပတ်ဆော့နေသူဖြစ်ပြီး ကိုယ့်ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများကတော့ ကလေးမွေးပြီး ဆေးရုံဆင်းလာတာ အိမ်ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကားနောက်ခန်းထဲမှာကျန်ခဲ့မှန်းတောင် သတိမရတဲ့ ဂန္တဝင်ဖေဖေ၊ ကောင်းကင်မေမေတွေပေါ့။ မိဘတို့ပြုအပ်တဲ့ ဝတ္တရားကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ကျောင်းတက်ချင်တာတောင် ကျောင်းမအပ်ပေးကြသူတွေပေါ့။မိဘတွေရဲ့ကောင်းသတင်းက ပြောမဆုံးအောင်ရှိပေမယ့် မတေးဒါလေးက ခေသူမဟုတ်ပါ၊ ...
movie
Matilda (1996)
1996