Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maudy Koesnaedi
7.2
Sri Asih(2022)
Sri Asih(2022)*************Sri Ashi ဇာတ်ကားဟာ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားကို R.A Kosasih ရေးသားထားတဲ့ Sri Ashi၊ ဂန္တဝင်အင်ဒိုနီးရှားရုပ်ပြစာအုပ်ကိုပြင်ဆင်ပြီးlive-action ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် BCU(Bumilangit Cinema Universe) ရဲ့Gundala(2019) အပြီး ဒုတိယမြောက်ထွက်ရှိလာတဲ့ကားပဲဖြစ်ပါတယ်။ IMDB 7.3/10 အထိရရှိထားတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အယ်လ်လန်နာဟာ သူမရဲ့အဖေနဲ့ အမေကိုသေဆုံးစေခဲ့တဲ့မီးတောင်ပေါက်ကွဲမှုအတွင်းမှာ မွေးဖွားလာခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဒေါသစိတ်ကြောင့် အမြဲ အခက်အခဲတွေကိုအမြဲကျော်လွှားနိုင်ခဲ့တယ် အောင်နိုင်ခဲ့တယ်ဆိုတာကို နားမလည်ခဲ့ပေမယ့် အဲ့ဒီ့ဒေါသစိတ်ကို အမြဲတိုက်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမကို သာမန်ဘဝလေးမှာပဲ နေထိုင်နိုင်ဖို့အတွက်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် အယ်လ်လန်နာ အရွယ်ရောက်လာတဲ့အခါ သူမဟာသာမန်လူသားတစ်ယောက်မဟုတ်ကြောင်း သူမရဲ့ မူလဇာစ်မြစ် အမှန်တရားကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒီနောက်မှာတော့ ရန်သူတွေ အများကြီးပေါ်ပေါက်လာသလို သူဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်သူကတော့ PROXY ဖြစ်ပါတယ်File Size :(1.9GB) and (870MB) Quality :WEB-DL1080P, ...
movie
Sri Asih(2022)
6.5
Ranah 3 Warna (2022)
Ranah 3 Warna (2022)ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August
movie
Ranah 3 Warna (2022)
2022
7.7
Nussa: The Movie (2021)
Nussa: The Movie (2021) ================== IMDb Rating - 7.7/10ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက် သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 ...
movie
Nussa: The Movie (2021)
2021
6.5
Dilan 1991 (2019)
Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.to/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.to/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie
Dilan 1991 (2019)
2019