Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mattias Nordkvist
Forever (2023)
ဘောလုံးအားကစားအကြောင်းရိုက်ကူးထားတဲ့ Sport/Drama ရုပ်ရှင်ကားကောင်းလေးပါ။မီလာနဲ့ကီယာတို့က လင်ဒန်လို့ခေါ်တဲ့မြို့လေးမှာ ကျောင်းတက်နေကြပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ မီလာနဲ့ကီယာက အမြဲ စားအတူ သွားအတူဖြစ်ပြီး မိဘတွေအချင်းချင်းလည်းသိကျွမ်းကြပါတယ်။ အမျိုးသမီးကျောင်းဘောလုံးအသင်းမှာလည်း မီလာနဲ့ကီယာက ရှေ့တန်းကစားကြတာပါ။မီလာရဲ့အိပ်မက်က ဂိုသီယာမြို့မှာကျင်းပတဲ့ ဂိုသီယာဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့ပါ။ ဒီလိုနဲ့ မီလာတို့ရဲ့အမျိုးသမီးကျောင်းဘောလုံးအသင်းလေးဆီကို ဆွီဒင်နိုင်ငံကိုယ်စားပြုပရိုပလေယာတစ်ဦးဖြစ်တဲ့ လိုလိုလို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်က နည်းပြလုပ်ပေးဖို့ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့အတွက်အနာဂတ်တက်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ မီလာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကီယာကတော့ နောက်ပိုင်းမှာ သူမ လျှောက်ချင်တဲ့လမ်းက မီလာနဲ့မတူတော့တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်အကြားမှာ အဖုအထစ်လေးတွေဖြစ်လာခဲ့ပြီး တစ်ဖက်မှာလည်း မီလာဟာ သူမဘ၀ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့လမ်းကို ဆက်လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုလည်း ဆက်ထိန်းထားဖို့ရာကြိုးစားရပါတော့တယ်။ဒီရုပ်ရှင်လေးကအတော်ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားမှာ အမျိုးသမီးအသင်းတွေဟာလည်း အမျိုးသားအသင်းတွေနည်းတူ ရင်ဘောင်တန်းနိုင်ကြကြောင်း ခေသူတွေမဟုတ်ကြကြောင်းကိုမီးမောင်းထိုးရိုက်ကူးပြထားပြီး တခြားပေးချင်တဲ့မက်ဆေ့ခ်ျလေးတွေလည်းပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အချိန်ပေးကြည့်ရှုဖို့ရာတန်တဲ့ လူငယ်ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Forever (2023)
6.0
Dancing Queens (2021)
အဘွားကလည်း အကမယ် အမေကလည်းအကမယ်ဖြစ်ခဲ့တဲ့ ဒီလန်ရဲ့သွေးကြောထဲမှာ အကကိုချစ်တဲ့သွေးတွေ စီးဆင်းနေတာပေါ့။ ဒါပေမဲ့အသွေးအသားထဲအထိ အကကိုချစ်တဲ့ဒီလန်တစ်ယောက်အကကို ဘဝထဲက ခေတ္တခဏ ထုတ်လိုက်တဲ့ဆီရောက်သွားပါတယ်။အကြောင်းကတော့ သူ့ရဲ့အမေဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက်အမေနဲ့အမှတ်တရတွေများလွန်းတဲ့ ဒစ္စကိုအကဟာပျော်ရွှင်မှုကနေ ဝမ်းနည်းမှုဖြစ်သွားစေလို့ပါပဲ။အချိန်တွေကြာပေမဲ့ အနာမကျက်နိုင်တဲ့ဒီလန်ကိုအဘွားဖြစ်သူက လူရွေးပွဲဝင်ပြိုင်ဖို့ တိုက်တွန်းပေမဲ့ရက်စွဲမှားကြည့်လို့ ထပ်ပြီးလွဲချော်ခဲ့ပြန်တဲ့ ဒီလန်တစ်ယောက်၊ Dancing Queens ဆိုတဲ့drag showclubမှာ တစ်ပတ် သန့်ရှင်းရေးလုပ်ရဖို့ ဖြစ်လာပါတော့တယ်။Dancing Queensကလည်း ရေရှည်ရပ်တည်ခဲ့တဲ့ကလပ်တစ်ခုပီပီ ခေတ်ရေစီးကြောင်းနဲ့အမီလိုက်ဖို့အခက်တွေ့နေတာကတစ်ကြောင်း တစ်ဖက်က အကအဖွဲ့ခေါင်းဆောင်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ဆုံးသွားတာကတစ်ကြောင်းနဲ့ နာလံမထူနိုင်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲအကသွေးတွေ ပြန်ကြွလာပြီး drag showဝင်ကဖို့ဒီလန်တစ်ယောက် ယောက်ျားလေးလိုဟန်ဆောင်ရင်းအဖွဲ့ထဲဝင်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.17GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
Dancing Queens (2021)
6.4
Forever (2023)
ဒီဇာတ်လမ်းလေးကတော့ Sport Dramaအမျိုးအစား လေးဖြစ်ပြီးတက်သစ်စလူငယ်ဘဝရဲ့ အိပ်မက်တွေ၊ ခင်မင်မှုတွေ၊ရင်းနှီးပေးဆပ်မှုတွေကိုဖော်ညွှန်းပြထားတဲ့ Swedish movieလေးဖြစ်ပါတယ်.....။အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီလာ နဲ့ ကီယာဟာ ငယ်ကတည်းကဘောလုံးကန်ရတာကို ဝါသနာထုံခဲ့ကြပြီး အိပ်မက်တွေကိုယ်စီရှိကြသူတွေပါ....။ဒီထဲမှာမှ မီလာလေးဟာ ဘောလုံးကစားနည်းကို ပိုရူးသွပ်ပြီးဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့ အကျင့်လည်းရှိတာမို့ ကီယာလေးကဘေးမှာအမြဲလိုက်ထိန်းပေးနေကျပေါ့....။တစ်နေ့မှာတော့ သူတို့ရဲ့ဘောလုံးအသင်းလေးကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ဖူးုတဲ့ လိုလိုဟာ နည်းပြအဖြစ်ရောက်လာခဲ့ပါတယ်....။နည်းပြအသစ်ကို အားကျစိတ်နဲ့အတူ သူတို့ရဲ့အိပ်မက်တွေဆိုတာလည်းလက်တစ်ကမ်းအလိုမှာရောက်နေပြီဆိုတာသိလိုက်ရတော့မီလာနဲ့ကီယာလေးဟာ အစွမ်းကုန်ကြိုးစားကြတာပါတော့တယ်....။ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေ၊စည်းမျဉ်းတွေအောက်မှာ ကိုယ်စီအိပ်မက်တွေဆီရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ပေးဆပ်မှုတွေ၊ဂရုဏာဒေါသလေးတွေ၊ လူငယ်သဘာဝစိတ်ခံစားချက်လေးတွေကို မြင်တွေ့ရမယ်ဇာတ်ကားလေးဖြစ်ပါတယ်....။ File size…2.16GB / 1.05GB Quality…WEB-Rip 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Forever (2023)
7.3
The Wife(2017)
The Wife(2017)IMDB 7.3,,,,Rotten....84%ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး...ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ဇာတ်ကားကြီးလို့ ခံစားမိတယ်...သို့ပေမယ့် ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်...IMDb နဲ့ RT ကလည်း ကြွရွနေတယ်....တစ်ကယ်တော့ ဒီကားမျိုးက အညွှနး်ရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ... မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ၀ါကျ(၃)လေးကြောင်းအောက်မှာအော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလိုဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ.....တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်းရေရွတ်လိမ့်မယ် ...ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်...ပြောတဲ့ ဒိုင်ယာလော့တွေ ....သရုပ်ဆောင်တွေ ...ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်..ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်....လင်မယား(၂)ယောက်ရှိတယ်...ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်...ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့...ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ...ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ...မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောငး်လို့အော်စကာဆန်ကာတင်စာရင်း ...
movie
The Wife(2017)
2017