Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Rimmer
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
6.1
The Lovebirds (2020)
Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအနေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံးမှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size… 1.67 GB / 640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre ..... ...
movie
The Lovebirds (2020)
2020
6.5
Big George Foreman (2023)
Big George Foreman (2023)~ IMDb rating - 6.5/10 ~Muhammad Ali တို့ Joe Frazier တို့နဲ့ ခေတ်ပြိုင် ဂန္ထဝင်မြောက် GOAT ကြီးဖြစ်တဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ George Foreman ရဲ့ ဘဝတစ်လျှောက်ဖြစ်သမျှဇာတ်လမ်းအဖုံဖုံကိုတော့ Biography အဖြစ်နဲ့ရိုက်ကူးထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဆင်းရဲလွန်းလို့မုန့်တစ်ခုတောင် မောင်နှမတွေခွဲဝေစားခဲ့ရတဲ့ဘဝတွေ၊ ဒုစရိုက်တောကြီးထဲကနေမှ လက်ဝှေ့ကြောင့် လမ်းမှားမရောက်ခဲ့တာတွေ၊ ဘာသာရေးနဲ့ George ကြားမှာဖြစ်ခဲ့တဲ့ Inner Conflict တွေစသည်ဖြင့် အတက်အကျတော်တော်မြန်မြန်နဲ့ ရှုထောင့်ရော ရသရောကို တော်တော်စုံတယ်လို့ပဲပြောရမှာဗျ။လက်ဝှေ့သမားဘဝကနား၊ သင်းအုပ်ဆရာသွားလုပ်၊ ဆယ်နှစ်လောက်နားပြီးမှ အသက်အကြီးဆုံး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာတယ်ဆိုတော့လည်း သူ့ဘဝက ရုပ်ရှင်ပိတ်ကားပေါ်ရောက်လာတော့ တော်တော်တော့ကြည့်ကောင်းသားဗျ။ အသက် ၄၅ နှစ်ဆိုတဲ့အရွယ်မှာ လက်ဝှေ့ထိုးနိုင်သေးတယ်ဆိုတာ သာမန်လူတွေအဖို့ မဖြစ်နိုင်တော့တဲ့အရာပါပဲ။ ဒါကို Foreman ဟာ ကမ္ဘာကြီးကို ၁၉ နှစ်သားမှာတစ်ခါ၊ ...
movie
Big George Foreman (2023)
2023
Crater (2023)
Crater (2023)တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ ...
movie
Crater (2023)
2023
6.4
Grudge Match(2013)
လက်ဝှေ့လောကမှာ ရှုံးပွဲမရှိ နာမည်ကျော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ရေဇာနဲ့ ကစ် တို့ ယှဉ်ပြိုင်ကြရာ တစ်ယောက်တစ်ပွဲ အနိုင်ရရှိခဲ့ကြပြီးအဆုံးအဖြတ်အဖြစ် နောက်ဆုံးတစ်ပွဲကို မယှဉ်ပြိုင်ခင်မှာ ရေဇာကလက်ဝှေ့လောကကနေ အနားယူသွားခဲ့ပါတယ်။ ဒီလိုနဲ့ နှစ် ၃၀ အကြာမှာဒန်တေးဆိုတဲ့သူ ပေါ်လာပြီး သူတို့ကို ဆက်သွယ်လာပါတယ်။ ဒီလိုနဲ့ ရေဇာနဲ့ ကစ်တို့ နှစ်ယောက်သားပြန်ဆုံကြပြီး ဘယ်လိုတွေဖြစ်ကြမလဲ၊ဒန်တေးကလည်း ဘာတွေ စီစဉ်မလဲ၊ ရေဇာ လက်ဝှေ့လောကကအနားယူသွားခဲ့တာကရော ဘယ်လိုပြဿနာတွေကြောင့်ဖြစ်မလဲဆိုတာကို2013 ခုနှစ်မှာ ထွက်ခဲ့တဲ့ Grudge Match ကို ကြည့်ရှုအဖြေရှာလိုက်ကြရအောင်။ File size…2.08GB / 941MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ..... Comedy , Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Benni
movie
Grudge Match(2013)
8
The Tutor (2023)
The Tutor (2023)ဒီဇာတ်လမ်းထဲက ကျူတာကတော့အီသန်ပါ။ အီသန်က လူချမ်းသာတွေရဲ့ကလေးတွေကို ကျူတာအဓိကလုပ်ပေးတယ်။ ဘောစိကလေးတွေဆိုတော့ ငဆိုးလေးတွေများပေမယ့် အီသန်ကတော့ ဒီကလေးတွေကို ပညာရေးမှာစိတ်ဝင်စားလာအောင် တိုးတက်လာအောင်ဆွဲခေါ်ပေးနိုင်လို့နာမည်ရတယ်။ တစ်နေ့မှာ ကလေးတစ်ယောက်ကိုစာသင်ပေးဖို့ အီသန့်ကိုဌားတယ်။ ပေးတဲ့လစာကလဲ မယုံနိုင်လောက်အောင်များတယ်။ အီသန်ကလဲပိုက်ဆံလိုတယ်တော့မဟုတ်ပေမယ့် သူ့ချစ်သူကကလေးမွေးတော့မှာဆိုတော့ ပိုက်ဆံများများရတော့လဲကောင်းတယ်ပေါ့။ သူ့ကိုအဲ့လောက်ထိပေးတယ်ဆိုတော့ ဒီကလေးက အားစိုက်သင်ရမယ့်ကလေး စာညံ့တဲ့ကလေးလို့အီသန်ကတွက်ထားတာပေါ့။ ကလေးအဖေဘက်က အီသန့်ကိုသူတို့အိမ်မှာလာနေပြီး အရင်ဆုံးတစ်ပတ်အစမ်းသင်ကြည့်ဖို့ခေါ်တယ်။ တကယ်တမ်းစာသင်ကြည့်တော့ ကလေးကလဲတော်လိုက်တာမှ ဘာမှကိုသင်စရာမလိုလောက်အောင်ပဲ။ အဲ့တော့အီသန့်ကို လစာအများကြီးပေးပြီးခေါ်တာဘာအတွက်လဲ။ ဂျက်ဆန်ဆိုတဲ့ကလေးရဲ့မိသားစုက ပိုက်ဆံတွေများသိပ်ပေါနေလား။ စာသွားသင်တဲ့တစ်ပတ်အတွင်းမှာပဲ ဂျက်ဆန့်ဆီမှာရော အီသန့်ဆီမှာပါ မူမမှန်တာလေးတွေပေါ်ပေါ်လာတော့ ဘယ်သူကဘာတွေကြံစည်နေကြလဲ။ ဘယ်လိုရည်ရွယ်ချက်တွေရှိလဲဆိုတာ Plot Twist ကောင်းကောင်းနဲ့တင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.GB | 521MB | 248MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... ...
movie
The Tutor (2023)
2023