Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Modine
5.1
In the Shadows (2001)
ဒီဇာတ်ကားကတော့ hollywood stunt သမားတွေရဲ့အလုပ်လုပ်ပုံနဲ့ သည်းထိတ်ရင်ဖိုမှုခင်းအကြောင်း ရောစပ်ပြီးပြသထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လိုက်ကတော့ Eric O'Bryne လို့ခေါ်တဲ့ ကြေးစားလူသတ်သမားဖြစ်ပြီးတော့ဝါရင့် Hollywood stunt သမားတစ်ယောက်ကိုလက်စားချေတဲ့အနေနဲ့ သတ်ဖို့ တာဝန်ရခဲ့ပါတယ်။ဒါပေမဲ့ သတ်ဖို့ကြိုးစားရင်း stuntသမားနဲ့ ရင်းနှီးပြီး သူလိုချင်ခဲ့တဲ့သာမာန်ဘဝကို ခဏတာ ပိုင်ဆိုင်ပြီးတဲ့နောက်တာဝန်ကျေအောင်လုပ်ဖို့ အချိန်ရောက်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဇာတ်လမ်းလေးထဲမှာ ဆက်လက်ရှုစားကြည့်ကြပါခင်ဗျာ File size… 2.3 GB / 1.13 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jack
movie
In the Shadows (2001)
6.0
Jobs (2013)
Director: Joshua Michael Stern ရိုက်ကူးတင်ဆက်ထားပြီးAugust 15, 2013 မှာ ရုံတင်ခဲ့တဲ့ Apple ရဲ့ ဖခင်ကြီး Steve Jobs ရဲ့ကိုယ်ရေး အတ္တူပတိ ရုပ်ရှင် ဇတ်လမ်းဖြစ်ပါတယ်...Jobs ဟာ ဒီလိုအောင်မြင်ဖို့ အတွက် Mac Os အသုံးပြုတဲ့Apple Computer ကို စတင်တီထွင် ဖို့အသုံးပြုခဲ့တာ စက်ရုံတစ်ခု မဟုတ်ပဲကားဂိုဒေါင် ကျဉ်းကျဉ်းလေးမှာ စတင်ခဲ့တာပါရှုံးနိမ့်မှုတွေ လဲ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ် Apple Co.Ltd ကိုသူများကို ပေးလိုက်ရပြီး Founder အဖြစ်ကနေရာထူးကျပြီး ထွက်ခဲ့ရပါသေးတယ်...ဒါပေမယ့် ရှုံးနိမ့်လဲ လဲမကျတဲ့ စိတ်ဓါတ်တွေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့အကောင်းဆုံးဆိုတာကိုသာ ပေးချင်တဲ့ စိတ်တွေကြောင်း ယခု Jobs မရှိတော့ပေမယ့်Apple ကို ချစ်တဲ့ သူတွေနဲ့ အောင်မြင်မှု သရဖူဆောင်းနေလျက်ပါပဲ...ဒီရုပ်ရှင်က Jobs ရဲ့ အကြောင်းကို ...
movie
Jobs (2013)
6.4
Hard Miles (2023)
၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာစိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကိုလမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီကReview ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခုဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေကလူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Hard Miles (2023)
6.9
Memphis Belle (1990)
အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie
Memphis Belle (1990)
8.3
Full Metal Jacket (1987)
Full metal Jacket ( 1987 )IMDb Rating (8.3) / Rotten Tomatoes (90%)အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ...
movie
Full Metal Jacket (1987)
8.7
Oppenheimer (2023)
Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie
Oppenheimer (2023)
2023
4K HEVCHDR
5.4
Retribution (2023)
Retribution (2023)မင်းသားကြီး လီယံနီဆန် စီးတဲ့ကားထိုင်ခုံအောက်ကို ဗုံးထောင်ရဲတဲ့ကောင် ပေါ်လာပါပြီ။ ဗုံးကတော့ ဖင်ကြွလိုက်ရင် ကွဲမယ့်ဗုံးပါ။ ကားထဲမှာ သူ့သားနဲ့ သမီးလည်း ပါနေပြီး ဖုန်းတစ်လုံးကနေ လူဆိုးခိုင်းတာမှန်သမျှ ဖင်မကြွဘဲ လိုက်လုပ်ရပါတော့တယ်။ ဒီတစ်ခါတော့ ဘတ်မန်းရဲ့ဆရာလည်းမဟုတ်၊ အိုဘီဝမ်ရဲ့ ဆရာလည်းမဟုတ်တာမို့ ဗုံးကိုဖြုတ်မရဘဲ တစ်မြို့လုံး ပတ် ပြဿနာရှာရပါတော့တယ်။ဇာတ်လမ်းက ကောင်းပါတယ်။ ကောင်းဆို 2015 တုန်းကထွက်ခဲ့တဲ့ နာမည်ကြီးစပိန်ကားကို သုံးကြိမ်မြောက် ပြန်ရိုက်တာပါ။ ရှေ့မှာလည်း ဂျာမနီက Don't Get Out (2018), ကိုရီးယားက Hard Hit (2021) ဆိုပြီး ရိုက်ထားပါသေးတယ်။ အရင်ကားတွေ ကြည့်ဖူးဖူး မကြည့်ဖူးဖူး ဒီမင်းသားကြီးနဲ့ ဘယ်လိုကြမ်းမလဲ ကြည့်ကြည့်လိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 4K HEVC, 1.8GB, 600MB Quality ...
movie
Retribution (2023)
2023
4K HEVC
5.6
47 Meters Down (2019)
CM Fan တွေ အတွက် အလုပ် အားလပ်ရက်မှာ အကောင်းဆုံး ကြည့်ရဖို့ ရုပ်ရှင်တစ်ကား ပေးချင်ပါတယ် ဒါကတော့ လွန်ခဲ့တဲ့လတွေက ရုံတင်သွားတဲ့ စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။ ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်း ကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့ မြို့ဟောင်းကို သွားစူးစမ်းကြတယ်။ မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။ ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။ ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကို နှစ်သက်တတ်သူတွေအတွက် ခံစားလို့ကောင်းမှာပါ။ File size… 6 GB / 3 GB / 1.18 GB Quality… WEB Dl 4K / 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Adventure/Survival Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Little Neo
movie
47 Meters Down (2019)
2019
4K HEVC
7.3
Sicario: Day of the Soldado (2018)
Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie
Sicario: Day of the Soldado (2018)
2018
4K HEVC
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
6.3
Transporter 2 (2005)
Jason Statham ရဲ့ Transporter ဇာတ်ကားတွေဟာ အက်ရှင်ကားစစ်စစ်တွေလို့ ပြောရလောက်အောင် အထိုးအခုတ်အတိုက်အခိုက် ပေါက်ကွဲရမ်းကားမှုတွေနဲ့ ဆွဲဆောင်မှုရှိခဲ့ပါတယ်။ သူပါဝင်ထားတဲ့ Transporter (၃)ကားထွက်ရှိထားပြီး ၃ ကားလုံး လန်းတယ် ဆိုရပါမယ်။ Frank Martin (Jason Statham) ဟာ စည်းကမ်းတွေနဲ့ အလုပ်လုပ်တတ်တဲ့ သယ်ယူပို့ဆောင်ရေးသမားဖြစ်ပြီး တိကျမှု စမတ်ကျမှု တည်ကြည်ခန့်ငြားမှုတွေအပြင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ရှင်သန်နေထိုင်တဲ့ တကယ့်ဖိုက်တာတစ်ယောက်ပါ...ဒီလိုလူမျိုးနဲ့မှ လာပတ်သက်မိတဲ့ ဒုစရိုက်သမားတွေ ဘယ်လိုအဗျင်းခံရလဲဆိုတာ အပေါ်စီးကနေ ထိုင်ကြည့်နေယုံပါပဲ။မင်းသား Jason Statham ရဲ့တည်ငြိမ်တဲ့ပုံစံကြောင့် ဒီဇာတ်ကားဟာ နာမည်ကြီးလူကြိုက်များခဲ့ပါတယ်။ Action ပေါ့ပေါ့ပါးပါးလေးတွေကို ဟာသဆန်ဆန်ကြည့်ရတာ နှစ်ခြိုက်သူများအတွက်တော့ လက်လွတ်မခံသင့်ပါ။The Transporter 2(2005)ကတော့ IMDb Rating(6.3/10)ရရှိထားပါတယ်။ File size…(2.8 GB)/(1.2 GB) Quality….BluRay Directer's Cut 1080p HEVC / 720p Format…mkv/mp4 Duration….01:34:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Transporter 2 (2005)
1080p HEVC
5.3
[18+] Private School (1983)
ဒီဇာတ်ကားကတော့ American Pie ဇာတ်ကားတွေလိုပါပဲ...ကျောင်းသားဟာသ ဗရုတ်သုက္ခဇာတ်ကားလေးပေါ့...မင်းသမီးကတော့ အချောလေး ဖိုဘီကိတ်ပါ...တခြားမင်းသမီးတွေလဲ အများကြီးပါသေးတယ်..အဲ့ခေတ်ကမင်းသမီးတွေဆိုတော့ နာမည်တွေသိပ်မသိပေမယ့် လှတာတော့ အတော်လှကြတာဗျို့...သွက်လက်ချက်ချာပြီး ချစ်စရာကောင်းနေကြပုံများ ကြည့်နေတဲ့တစ်ချိန်လုံး သဘောကျနေရမှာ...ကျောင်းသားတွေရော ကျောင်းသူတွေရော အကုန် ငပွေးလေးတွေချည်းပဲ...ခွီနေရတယ်။ကိုဗစ်ရောဂါကြောင့် အိမ်တွင်းအောင်း ကျောင်းမတက်ရ အပြင်မထွက်ရ မကဲရ စိတ်ညစ်နေရတဲ့ကာလမှာဒီလို ပေါ့ပါးပျော်ရွှင်တဲ့ဇာတ်ကားလေးတွေကြည့်ပြီး အားကျနေဖို့တင်ဆက်လိုက်ပါတယ်။Fast Times at Ridgemont High (1982) ဖိုဘီကိတ်ရဲ့ ဇာတ်ကားလိုပဲNude Scene နဲ့အပြောအဆိုတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါ။ File size…(1.5 GB)/ (880 MB)/ (400 MB) Quality…BluRay Remaster 1080p /720p / 480p Format…mkv Duration….01:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie
[18+] Private School (1983)
5.4
Wrong Turn (2021)
Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie
Wrong Turn (2021)
5.3
Foster Boy (2020)
Foster Boy (2020)==============IMDb Rating - 5.3/10#Unicodeကလေးသူငယ်စောင့်ရှောက်ရေးစင်တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆီက လက်လွှဲယူဖို့ကြိုးစားနေတဲ့ လုပ်ငန်းစုကြီးကို ၁၉ နှစ်ပဲရှိသေးတဲ့ ပေတိပေစုတ် ဓားပြရုပ်ပေါက်နေတဲ့ လူမည်းကောင်လေးက တရားစွဲနေတယ်တဲ့။ ဂျမဲ ရန်ဒေါ့ ဆိုတဲ့ ဒီကောင်လေးက တရားရုံးကို တစ်နှစ် ၅ ခါလောက်ရောက်နေတတ်တဲ့၊ အချုပ်ခန်းကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသဘောထားတဲ့ကောင်လေး ဒီကောင်လေးက ဘာကြောင့်များ ဒီလိုကုမ္ပဏီကြီးကို တရားစွဲထားတာလဲ။ တရားစွဲထားတယ်ဆိုပေမဲ့ သူ့ဘက်ကလျှောက်လဲပေးမယ့်ရှေ့နေတောင်မငှားနိုင်ပါဘူး။ ဒီအမှုကို သူနိုင်နိုင်ပါမလား။ ကံကြမ္မာရဲ့ဖေးမမှု ဒါမှမဟုတ် စိတ်ထားမှန်တဲ့လူတစ်ယောက် ဒါမှမဟုတ် ဖြောင့်မှန်တဲ့ တရားသူကြီး တစ်ယောက်ရဲ့ အကူအညီနဲ့ နာမည်ကျော်ရှေ့နေတစ်ယောက်က သူ့အတွက် လျှောက်လဲပေးမယ့်အခွင့်အရေး ရလာတယ်။ သူလို တေလေပုံပေါက်နေတဲ့ဆယ်ကျော်သက်ကောင်လေးနဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ ရှေ့နေတဖြစ်လဲ သူ့ရဲ့ ရှေ့နေကတော့ တွေ့တွေ့ချင်းဆောက်နဲ့ထွင်း ဆိုသလို မတူတဲ့ လောကကလူနှစ်ယောက် ထိပ်တိုက်တွေ့မိပြီး အဆင်မပြေဖြစ်ကြတယ်။ဂျမဲ ရဲ့ ...
movie
Foster Boy (2020)
2020
7.1
Notting Hill(1999)
Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie
Notting Hill(1999)
1999
3.7
Backtrace (2018)
Backtrace ဆိုတဲ့အက်ရှင်ကားလေးကို စရေးတုန်းကပျင်းဖို့ကောင်းမယ်လို့တွေးထားခဲ့မိတယ်။ဘာလို့ဆိုတော့ စတားလုံးဇာတ်ကားတွေက များသောအားဖြင့်bcoz i'm stallone ဆိုတဲ့ပုံစံတွေ များလို့ပါ။ဒါပေမယ့် ဒီကားလေးကတော့ ရေးနေရင်းနဲ့ကို ခဏရပ်ပြီးဘာကြောင့်လဲဆိုတာ သိချင်လို့ ဆက်ကြည့်မိတဲ့ကားတစ်ကားပါ။လှည့်ကွက်လေးတွေပါတာကိုကြိုက်တဲ့ ရုပ်ရှင်ချစ်သူတွေအကြိုက်တွေ့စေမယ့်ကားတစ်ကားပေါ့။ဇာတ်လမ်းကတော့ ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်လာခဲ့ကြတဲ့ လူသုံးယောက်မှာနှစ်ယောက်ကသေဆုံးခဲ့ပြီး ကျန်တဲ့တစ်ယောက်က သေနတ်ဒဏ်ရာကြောင့် မှတ်ဥာဏ်တွေ ပျောက်ဆုံးသွားခဲ့တယ်။ဒါပေမယ့် သူ့မှတ်ဥာဏ်တွေ မပျောက်ဆုံးခင်မှာ ငွေတွေကို ဖွက်ထားခဲ့ပြီးခုနှစ်နှစ်ကြာတဲ့အချိန်မှာ လူတစ်စုက အစောင့်အကြပ်တွေကြားကသူ့ကိုကယ်ထုတ်ပြီး ပိုက်ဆံတွေကိုပြန်ရှာတဲ့အကြောင်းဇာတ်လမ်းဆင်ထားတာ ဖြစ်ပါတယ်။အေးမယ်လို့ ထင်ရပေမယ့် စတားလုံးရဲ့ စူပါဟီးရိုးဆန်တဲ့အခန်းတစ်ချို့ကလွဲရင် တစ်ကားလုံးစိတ်ဝင်စားစရာ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။အားပေးကြပါဦးဗျာ... File Size : (820 MB) and (285MB)Quality : ...
movie
Backtrace (2018)
2015
5.8
47 Meters Down (2017)
မက်ဆီကိုနိုင်ငံကို အလည်ထွက်လာတဲ့ ညီအမနှစ်ယောက် ငါးမန်းသွားကြည့်ဖို့ ပင်လယ်ထဲ ထွက်လာခဲ့တယ်။ဖြစ်ချင်တော့ သူတို့အလှည့်ရောက်မှ ငါးမန်းလှောင်အိမ်က ကြိုးပျက်ပြီး သမုဒ္ဒရာအောက်ခြေ ၄ရမီတာကို ကျသွားကာ သူတို့ ပိတ်မိသွားခဲ့တော့တယ်။လေO2ကလဲ တစ်နာရီစာလောက်ပဲကျန်တော့တယ် ပြီးတော့ ကြီးမားတဲ့ငါးမန်းဖြူကြီးတွေကလဲ အနားမှာ ပတ်လည်ဝိုင်းနေတာ သူတို့ ရှင်သန်ဖို့က တိုက်ခိုက်မှရမယ်။ကြားထဲ လှေနဲ့ အရမ်းဝေးလွန်းသွားတော့ အဆက်အသွယ်လုပ်တဲ့စက်က အလုပ်မလုပ်တော့ဘူး။ သူတို့ ဘယ်လို ဆက်သွယ်ဖို့ကြိုးစားကြမလဲ???ငါးမန်းတွေရန်ကို ဘယ်လို တိုက်ခိုက်ကြမှာလဲ??? သူတို့ အသက်ရှင်မှာလား??? ဒါမှမဟုတ် ငါးမန်းစာပဲ ဖြစ်သွားမလား???ဆိုတာကို စောင့်ကြည့်ရအောင်(ဘာသာပြန်သူကတော့ Neve Luna ပါ)File Size : (650 MB) Quality : 720p Bluray Running Time : 1hr 35min Format : Mp4 Genre : Adventure, Drama, Horror Subtitle : Myanmar Subtitle ...
movie
47 Meters Down (2017)
2017
6.4
The Hippopotamus (2017)
ဒါကတော့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ The Hippotamus ဆိုတဲ့ comedy မျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် သတင်းစာတိုက်မှာအလုပ်လုပ်နေရတဲ့ ကဗျာဆရာ တက်ဒ်ဝေါလေ့စ်ကဆိုရင် ဝီစကီကိုအရမ်းနှစ်ခြိုက်တဲ့သူပါ တနေ့သူအလုပ်ပြုတ်သွားပြီးပိုက်ဆံမရှိလို့ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရည်းစားဟောင်းရဲ့သမီး ဂျိမ်းက သူ့ဆီရောက်လာပြီး အလုပ်တစ်ခုလာအပ်ပါတယ် ဂျိမ်းမှာသွေးကင်ဆာရှိနေပြီး သိပ်မကြာခင်သေဆုံးတော့မယ်လို့ဆရာဝန်တွေက ပြောပါတယ် ဒါပေမယ့် ဂျိမ်းကသူ့ဦးလေးမိုက်ကယ်လိုဂန်ပိုင်တဲ့ ဆွာ့ဖော့မှာနေခဲ့စဉ်က သူ့ရောဂါကို ကုသမှုခံယူခဲ့ရတဲ့ အံ့ဖွယ်ကိစ္စတွေရှိနေတယ်လို့ ပြောပါတယ် တက်ဒ်ကိုစရန်ငွေ ဒေါ်လာ ၂၅၀၀၀ ပေးပြီး အံ့ဖွယ်ကိစ္စတွေကို စုံစမ်းဖို့ စေလွှတ်လိုက်ပါတယ် တက်ဒ်ဟာ တစ်ချိန်က မိုက်ကယ်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် မိုက်ကယ့်ညီမရဲ့ရည်းစားဟောင်းလဲဖြစ်နေပါတယ် ဒီတော့ မိုက်ကယ်က တက်ဒ်အပေါ်ဘယ်လိုသဘောထားတွေရှိနေမလဲ တက်ဒ်တစ်ယောက် ဆွာ့ဖော့မှာ နေဖို့ဘယ်လိုကြိုးစားရမလဲ တက်ဒ်က သူဖော်ထုတ်စုံစမ်းရမယ့်အံ့ဖွယ်ကိစ္စတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတာပါ ဘယ်လိုအံ့ဖွယ်တွေတွေ့ရမှာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ ဒီဇာတ်ကားထဲမှာ အခုဖော်ပြထားတဲ့ ကာရိုက်တာတွေအပြင် တခြားအဓိကကာရိုက်တာတွေလဲ ပါဝင်ထားပါသေးတယ် အဲဒါတွေကိုတော့ အရသာပျက်သွားမှာစိုးလို့မပြောပြတော့ပါဘူး ...
movie
The Hippopotamus (2017)
2017