Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Marsh
An American Haunting (2005)
နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ The Hunger Games , Pride and Prejudice တို့မှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Donald Sutherland , ကလေးဘဝရဲ့အမှတ်တရ ဇာတ်လမ်းလေး ဖြစ်တဲ့ Peter Pan နဲ့ နာမည်ကြီး Horror Movie ဖြစ်တဲ့ Perfume တို့မှာပါဝင်ခဲ့တဲ့ မင်းသမီးချောလေး Rachel Hurd-Wood စတဲ့နာမည်ကြီးသရုပ် ဆောင်တွေ ပါဝင်တဲ့ An American Hunting ဟာဆိုရင် Horror ရုပ်ရှင်အမျိုးမစားဖြစ်ပါတယ်ဒါရိုက်တာကတော့ Courtney Solomon ဖြစ်ပြီး ဇာတ်လမ်းကတော့ The Bell Witch: An American Hunting ဆိုတဲ့ Classic ဝတ္ထုရှည်ပေါ်ကိုမှီငြမ်းရိုက်ကူးထားပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ သမီးဖြစ်သူ Jane ဟာ အိပ်မက်ဆိုးတွေခဏခဏ မက်ပြီးကြောက်လန့်တကြားတွေဖြစ်ရာမှ သမိုင်းကြောင်းကိုပြန်ကြည့်တဲ့အခါမှာ 19 ရာစု ခုနှစ်တွေတုန်းက အမေရိကန်မှာ ...
movie
An American Haunting (2005)
6.4
Land of the Blind (2006)
Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie
Land of the Blind (2006)
2006
6.0
O Jerusalem (2006)
O' Jerusalem (2006)အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ...ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ...ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။ (:ဆာလံ-၁၃၇)အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ "O Jerusalem" ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။"O Jerusalem" စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ ...
movie
O Jerusalem (2006)
7.4
Tetris (2023)
Tetris (2023) ========== IMDb Rating - 7.4/10တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect ...
movie
Tetris (2023)
2023
5.9
Red Tails (2012)
Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie
Red Tails (2012)
2012
7.1
Spy Game (2001)
Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie
Spy Game (2001)
7.3
The Mauritanian (2021)
The Mauritanian (2021)===================IMDb Rating - 7.3/102001 ခုနှစ် စက်တင်ဘာ ၁၁ရက်နေ့တုန်းက အယ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က အမေရိကန်ကိုအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်သွားတဲ့အကြောင်း ဟိုးလေးတကျော်ဖြစ်ခဲ့တာ ကြားဖူးကြမှာပါ၊9/11 လို့ သိကြပါတယ်၊ဒီဇာတ်ကားကတော့ အဲ့ဒီအကြမ်းဖက်အဖွဲ့ထဲမှာ ဦးဆောင်ပါဝင်သူဆိုပြီး နာမည်တပ်ခံထားရတဲ့ မောရီတေးနီးယန်း နိုင်ငံသား မိုဟာမဒူအိုဆလာဟီ အကြောင်းရိုက်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။သံသယရှိသူအနေနဲ့ တကယ်ပဲ အကြမ်းဖက်လုပ်ရပ်တွေကို ရက်ရက်စက်စက်လုပ်ခဲ့တာလားဆိုတာကိုနှစ်ဖက်ရှေ့နေများက ရှာဖွေစစ်ဆေးကြရင်း နောက်ကွယ်က ဖုံးထားတဲ့အရာတွေ ပေါ်လာတဲ့အခါဘာတွေ ဆက်ဖြစ်ကြမှာလဲ၊မိုဟာမဒူဘက်က ခုခံပြောဆိုပေမယ့် ရှေ့နေအနေနဲ့ Jodie Foster က သရုပ်ဆောင်ထားပြီးတော့အစိုးရရှေ့နေ တစ်ဖြစ်လဲ အကြမ်းဖက်မှုမှာ ကျဆုံးသွားရတဲ့ လေယာဉ်မှူးရဲ့ သူငယ်ချင်းအနေနဲ့Benedict Cumberbatch (Doctor Strange, Sherlock Home, Stephen Hawking စတဲ့နာမည်ကြီးဇာတ်ကားတွေရဲ့ အဓိကသရုပ်ဆောင်) က သရုပ်ဆောင်ထားပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jerrica ပဲဖြစ်ပါတယ်။) Quality – 1080p, 720p ...
movie
The Mauritanian (2021)
2021
7.9
Dunkirk (2017)
Dunkirk (2017) IMDb - 7.9/10_____Rotten - 93% Won 3 Oscars. Another 64 wins & 229 nominations ဒုတိယကမ္ဘာစစ်ကာလ ပြင် သစ်နိုင်ငံ ဒန်ကာ့ခ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ပုံမှန် အက်ရှင်ဇာတ်ကားတွေ ကြည့်နေရာက ဒီလို စစ်အက်ရှင်ဇာတ်ကားလေးက ပရိသတ်တွေကိုရသအပြောင်းအလဲ ပေးစွမ်းမှာမို့ သဘောကျမှာပါ။ဇာတ်လမ်းကို ၁၉၄၀ ပြည့် နှစ် ဒုတိယကမ္ဘာစစ်ကာလနဲ့ ဇာတ်အိမ်တည်ထားပြီး ဂျာမန် နာဇီတပ်တွေ ပြင်သစ်ကို ကျူး ကျော် ဝင်ရောက်လာတဲ့အခါ မဟာမိတ်နိုင်ငံတွေရဲ့ ထောင် ပေါင်းများစွာသော စစ်သားတွေ ဟာ ဒန်ကာ့ခ်မြို့ရဲ့ ပင်လယ် ကမ်းခြေဘက်ကနေ တပ်စခန်း တွေချပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အကျအဆုံးများပြီး အင်အား တဖြည်းဖြည်း လျော့လာတာမို့ တပ်သားတွေအတွက် မျှော်လင့် ချက်ကင်းမဲ့တဲ့ အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။နောက်တော့ ဗြိတိန်နဲ့ ပြင် သစ်က ကြည်းတပ်၊ ရေတပ်၊ လေတပ် စစ်အင်အားတွေစုစည်း ပြီး ...
movie
Dunkirk (2017)
2017
6.4
The Iron Lady (2011)
The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations. ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie
The Iron Lady (2011)
2011
6.1
Unlocked (2017)
အက်ရှင်ကားကြိုက်သူတွေအတွက်၂၀၁၇စက်တင်ဘာလဆန်းထွက်ပဲဖြစ်တဲ့အသစ်စက်စက်အက်ရှင်ကားလေးတစ်ကားတင်ပေးလိုက်ပါတယ်။IMDb rating-6.1ရထားတဲ့အက်ရှင်ကားလေးဆိုတော့မဆိုးဘူးလို့ပြောရမှာပါပဲ။လူပေါင်းများစွာအသက်ဆုံးရှုံးလိုက်ရတဲ့ပြင်သစ်နိုင်ငံပါရီမြို့အကြမ်းဖက်မှုဖြစ်စဉ်ရဲ့နောက်ကွယ်ကကြိုးကိုင်သူကိုမဖော်နိုင်တဲ့နောက်စုံထောက်အဲလစ်တစ်ယောက်လန်ဒန်ကိုပြောင်းရွေ့တာဝန်ပေးခြင်းခံလိုက်ရပါတော့တယ်။ဒါပေမယ့်လည်းသိပ်မကြာခင်မှာပဲနောက်ထပ်အကြမ်းဖက်တိုက်ခိုက်မယ့်သတင်းသဲလွန်စကိုစီအိုင်အေကရရှိပြီးနောက်မှာတော့ သူ့ကိုအထက်ကပြန်ခေါ်ယူလိုက်ပါတယ်။နောက်ထပ်အကြမ်းဖက်မယ့်ဖြစ်စဉ်ကိုစုံစမ်းရင်းပဲသူ့ကိုကူညီနေတဲ့စစ်သားဟောင်းတစ်ယာက်နဲ့ကသီကလင်ဖြစ်နေပုံကိုလည်းရသစုံအောင်ရိုက်ပြထားပါသေးတယ်။ကဲ အဲလစ်တစ်ယောက်အဲဒီအကြမ်းဖက်မှုကိုဖော်ထုတ်နိုင်မလား။ကြိုတင်တားဆီးနိုင်မလား။ဒီတခါဘယ်မှာဖြစ်မှာလဲ။စစ်သားဟောင်းကြီးနဲ့အတူအဲလစ်တစ်ယောက်လူတွေအသက်ကိုကယ်နိုင်ပါ့မလားဆိုတာတော့ဇာတ်ကားလေးကိုရှုစားလိုက်ပါဦးဗျာ။(ဘာသာပြန်သူကတော့နေခြည်ပါ) File Size : (750 MB) and (280 MB) Quality : 720p Bluray Running Time : 1hr 38min Format : Mp4 Genre :Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Nay Chi Encode by Thanhtike Zaw
movie
Unlocked (2017)
2017