Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Matthew Del Negro
LaRoy, Texas (2024)
LaRoy, Texas [2024] (IMDb 6.4/10, RT 100%)ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်... တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်... ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်... ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်... ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်... စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်... သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ...
movie
LaRoy, Texas (2024)
6.6
Celeste & Jesse Forever (2012)
ဒရာမာကားတွေကိုပီပီပြင်ပြင် ရင်ထဲထိအောင်သရုပ်ဆောင်နိုင်တဲ့Rashida Jones ဆိုတဲ့မင်းသမီးသရုပ်ဆောင်ထားတဲ့ ၂၀၁၂ တုန်းကထွက်ရှိထားတဲ့ Celeste & Jesse Forever ဆိုတဲ့အချစ်ဒရာမာကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.6 ရရှိထားပြီးကြေကွဲစရာ အချစ်ကားလေးတွေကြိုက်တတ်တဲ့သူတွေဆိုရင်တော့ဒီကားလေးကကြည့်လို့ကောင်းမှာပါ။ကွာရှင်းတယ်ဆိုတာနဲ့လူတွေကအပူမီးတွေ အမုန်းတရားတွေကိုပဲပြေးမြင်ကြမှာပါ။ဒါပေမယ့်ဒီကားထဲမှာ တွေ့ရတဲ့ဆလက်စ်နဲ့ဂျက်ဆီဆိုတဲ့ လင်မယားကတော့ကွာရှင်းတယ်ဆိုတာကို ပျော်စရာတစ်ခုအနေနဲ့ မြင်အောင်ဖန်တီးပြသထားပါတယ်။ကွာရှင်းတော့မယ်ဆိုပေမဲ့ သူတို့နှစ်ယောက်အတူသွား အတူလာအတူစားနေကြတာတွေကိုမြင်ရတာက ချစ်လှပါချည်ရဲ့ဆိုတဲ့ အတွဲတွေတောင် အားကျရလောက်ပါတယ်။သူတို့က အိမ်ခွဲနေကြပြီး ကွာရှင်းတော့မယ်ဆိုပေမဲ့တစ်ယောက်ဆီမှာ နောက်တစ်ယောက်ရဲ့ စိတ်ကတော့ အမြဲတမ်းရောက်နေတုန်းပါ။ဒါပေမယ့် ဒီလိုပျော်ရွှင်ပြီးမခွဲနိုင် မခွာရက်ဖြစ်နေတဲ့ လင်မယားနှစ်ယောက်ကို ကံကြမ္မာရဲ့အလှည့်အပြောင်းက သင်ခန်းစာပေးလိုက်တဲ့အခါမှာတော့ ဘယ်လိုအရာတွေဆက်ဖြစ်လာမလဲ...ဆလက်စ်နဲ့ ဂျက်ဆီတို့ကြားက သံယောဇဉ်ကြိုးလေးကရောပြတ်တောက်သွားမလား အမုန်းနဲ့နှုတ်ဆက်ရမလား အချစ်နဲ့နှုတ်ဆက်ကြရမလားဆိုတာတွေကို စိတ်ခံစားချက်အပြည့်အ၀နဲ့ ကြည့်ရှုရမဲ့ဒရာမာဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…1.15GB / 535MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Celeste & Jesse Forever (2012)
5.1
Hot Pursuit (2015)
ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 1.57 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Hot Pursuit (2015)
2015
8.0
Wind River (2017)
IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် .....ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်...တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်...မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့...ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........(ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...)ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ....ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်....ဒါကလည်းရသတစ်မျိုးပေါ့လေ..ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်.... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (400 MB) Quality : Blu-Ray ...
movie
Wind River (2017)
2017