Channel Myanmar

Matt Medrano

You, Me, and that Mountain Retreat (2023) 6.1
You, Me, and that Mountain Retreat (2023)  ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ်(You Me and that Mountain Retreat)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ..ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာအလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေကြည့်ရှူခံစားရမှာပါ ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီintrovert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီးအလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကိုလျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲတွေ့ရပါတော့တယ်..ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူးသဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုးသမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ် ဒီလိုပဲ ဆန်းဆန်းပြားပြားတွေလုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကိုတောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ...ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကားရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့အတူတူအတွဲက ကျလိုက်ပါသေးတယ် စရိုက်ချင်မတူတဲ့အပြင်ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက်စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့ ………..အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romanceဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်...  File size…2.07GB / 947MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

You, Me, and that Mountain Retreat (2023)

Deltopia (2023) 4.5
Deltopia (2023) Deltopia (2023) ============အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်)File Size..........(2.27 GB) / (789 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Pyi T. Nyein Encoder..........Zin Phyo Aung
movie

Deltopia (2023)

2023
Reptile (2023) 6.8
Reptile (2023) Reptile (2023) =========== IMDb Rating - 6.8/10 Crime, Drama, MysteryMarvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့ Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်း လေးဖြစ်ပါတယ်။တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက် ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်း ဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ ဒါပေမယ့် သူမနားခင်မှာ...အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမား တွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင် ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော် ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား ၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.23 ...
movie

Reptile (2023)

2023
Those Who Wish Me Dead 2021 6.3
Those Who Wish Me Dead 2021 ဒီရုပ်ရှင်မှာတော့ အန်ဂျလီနာ ဂျိုလီက ဦးဆောင်ပါဝင်ထားပါတယ်။ကျန်တဲ့သရုပ်ဆောင်တွေကိုလည်း ရင်းနှီးထားတဲ့သူ များမှာပါ။Game of Thrones ထဲက လက်သန်း ရယ်Marvel's Punisher ကြီးရယ် ပါပါသေးတယ်။ဇာတ်လမ်းကတော့ action thriller ပါပဲ။ဂျိုလီကတော့ မီးသတ်အဖွဲ့ခေါင်းဆောင်ပေါ့။တစ်နေ့မှာ သူနဲ့သူအဖွဲ့ တောမီးကို ငြိှမ်းနေတုန်းမှာလေကြောင်းတွက်ဆမှု မှားယွင်းခဲ့လို့ လူ ၃ ယောက် အသက်ဆုံးခဲ့ရပါတယ်။အဲဒီ စိတ်ဒဏ်ရာတွေနဲ့ ပေပေတေတေ နေထိုင်နေတုန်းမှာသူ့ဆီကို ကောင်လေးတစ်ယောက် လူသတ်သမားတွေလက်က ထွက်ပြေးပြီး ရောက်လာပါတယ်။ကောင်လေးကို လိုက်သတ်တဲ့လူတွေလက်က ကယ်ပြီးလျို့ဝှက်ချက်တွေကို ဖွင့်ချနိုင်ဖို့ တောမီးကြီးတစ်ခုကိုပါ အံတုပြီး ပြေးကြရပါတော့တယ်.... File size…(1.7 GB) and (1 GB) Quality….BluRay 1080p and 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translator... Mr. Anderson  
movie

Those Who Wish Me Dead 2021