Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mathias Muchus
6.9
Ancika (2024)
Ancika: Dia yang Bersamaku 1995 ( 2024 )ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့ ဣတ္ထိဝင်္ကံ ...
movie
Ancika (2024)
7.2
Sherina’s Adventure 2 (2023)
Sherina's Adventure 2 (2023)အင်ဒို musical ကားလေး Sherina's Adventure ရဲ့ အဆက် နံပါတ် ၂ လေး ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ နံပါတ် ၁ မှာ တွေ့ခဲ့ရတဲ့ကလေးတွေဖြစ်တဲ့ ရှယ်ရီနာ နဲ့ ဆဒမ်တို့လည်း ဒီကားထဲမှာ လူကြီးပုံစံတွေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။ Main cast ကလည်း ဒီ cast တွေပဲဖြစ်တော့ ကြည့်ရတာ ဓာတုဗေဒမိနေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့က ကလေးဘဝကတည်းက ပြောမနာ ဆိုမနာသူငယ်ချင်းတွေဖြစ်ကြပြီး အထက်တန်းရောက်တော့ နှစ်ယောက်သား ကွဲသွားကြပါတယ်။ ဆယ်နှစ်လောက်အကြာမှာတော့ ရှယ်ရီနာက နာမည်ကြီးရုပ်ရှင်သံလွှင့်ဌာနရဲ့ အတော်ဆုံးသတင်းထောက်ဖြစ်နေပြီး အရေးကြီးသတင်းတွေပဲ လိုက်နေရပါတယ်။ တစ်နေ့တော့ သူ့အထက်လူကြီးက ကာလီမန်တန်တောထဲက မျောက်ဝံတွေလွှတ်ပေးတဲ့သတင်းကို လိုက်ခိုင်းတော့ စိတ်ဆိုးပါတော့တယ်။ အဲကို သူရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးက မန်နေဂျာက သူ့ရဲ့ငယ်သူငယ်ချင်း ဆဒမ်ဖြစ်နေသောအခါ… သူတို့တွေကြားမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ သူတို့တွေကွဲသွားတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ကာလီမန်တန်တောအုပ်ထဲမှာလည်း ဘယ်လိုစွန့်စားခန်းတွေဖွင့်မလဲဆိုတာ သီချင်းတွေ တစ်လှေကြီးနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရှုလိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ...
movie
Sherina’s Adventure 2 (2023)
2023
7.8
Sherina’s Adventure (2000)
Sherinas Adventure 2000 အညွှန်းဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ...
movie
Sherina’s Adventure (2000)
2020
8.4
Dear Jo: Almost is Never Enough (2023)
Dear Jo: Almost is Never Enough (2023)ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ....... အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ်အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေးရင်းငေးရင် ဆွေးကြရအောင်....အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p ...
movie
Dear Jo: Almost is Never Enough (2023)
2023
5.8
200 Pounds Beauty (2023)
200 Pounds Beauty (2023)ဝတုတ်နေတဲ့ခန္ဓာကိုယ်ကို ယုံကြည်ချက်မရှိလို့ ကင်မရာနောက်ကွယ်ကနေပဲ သူများအတွက် သီချင်းဆိုပေးနေတဲ့ ဂျူဝီတာဆိုတဲ့ ကောင်မလေးက ဘယ်နှကြိမ်မြောက်မှန်းမသိ အသည်းကွဲသွားတဲ့အခါမှာ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အရမ်းလှပြီး အသံအရမ်းကောင်းတဲ့ ကောင်မလေးအဖြစ် ပြောင်းလဲဖို့ မျှော်လင့်ချက်လမ်းစ တွေ့သွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲ...ဇာတ်လမ်းအညွှန်းကိုဖတ်ကြည့်လိုက်ရင် အများစုရင်းနှီးနေကြမှာပါ ဟုတ်ပါတယ်...ဒါက ၂၀၀၆ခုနစ်က ထွက်ထားတဲ့ နာမည်ကြီး koreaကားကိုပြန်ရိုက်ထားတဲ့ indonesiaကားလေးပါ ဇာတ်လမ်းကျောရိုးချင်း ဆင်ပေမယ့် မတူညီတဲ့ vibeလေးနဲ့မို့ ဂျူဝီတာရဲ့ဘဝအတက်အကျတွေကို ဒီ 2023ခုနှစ်ထွက် ''200 Pounds Beauty''ဆိုတဲ့ ဇာတ်လမ်းထဲမှာ စီးမျောခံစားလိုက်ပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Funzae ပဲ ဖြစ်ပါတယ်Genre.....Comedy, Music, Romance Quality…. 1080p | 720p File size… 1.4GB | 674MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Funzae Encoder ..... ...
movie
200 Pounds Beauty (2023)
2023