Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mathias Mlekuz
Persepolis (2007)
Persepolis (2007)IMDb rating - 8/10French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကိုစာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက်အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီးသူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေနှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင်ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကိုသူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေကအမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းသူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကိုရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းကမင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက်အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကိုခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကိုသူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြားအသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီးတခြားဆုတွေအများကြီးရရှိထားပါတယ်။ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့လက်မလွှတ်ဘဲ ...
movie
Persepolis (2007)
5.8
The Tiger Brigades (2006)
The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie
The Tiger Brigades (2006)
2006