Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mathew Thomas
8.2
Premalu (2024)
Premalu (2024) "စမ်းတဝါးဝါး" IMDb - 8.3/10အသစ်ထွက်ရှိလာတဲ့ လူငယ်အချစ်ဟာသ မလေယာလမ်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရူပီး သုံးကုဋေရင်းပြီး ၁၃၆ကုဋေတောင် ပြန်ရခဲ့တာဆိုတော့ ပရိသတ်အတော်လက်ခံခဲ့တဲ့ ရုပ်ရှင်လို့ ပြောရမှာပေါ့။ဆာချင်ရဲ့ ကောလိပ်နောက်ဆုံးနေ့ရက်မှာ လေးနှစ်လုံးချစ်ခဲ့ရတဲ့ ခရတ်ရှ်လေးကို ဖွင့်ပြောဖို့အလုပ် သူရင်ဖွင့်နေကျ ဘော်ဒါဘော်ကျွတ်နဲ့ သူ့မဒီလေးက ချစ်နေတာကြာပေါ့ဆိုလို့ ဆာချင်တစ်ယောက် အသဲကွဲခဲ့တာကစပါတယ်။ဆာချင့်မိသားစုက အိမ်တွင်းရေးအဆင်မပြေ။ မိဘဖြစ်သူတွေက တစောင်းစေးနဲ့မျက်ချေး၊ တွေ့လိုက်တာနဲ့ ရန်တကျက်ကျက်။ အစ်မဖြစ်သူက လင်ပူမိ၊ အားနေ မတော်ရသေးတဲ့လင်နဲ့ စကားများလိုက် ပြန်ချစ်လိုက်နဲ့မျက်စိနောက်စရာ။ဒီလိုအပူတွေကနေဝေးရာကို ပြေးချင်သူက ဆာချင်။ ဆာချင်ရဲ့ရည်မှန်းချက်က ယူကေကိုသွားဖို့။ ဗီဇာရဖို့အရေး ရှိုးမန်းနီးပြစရာမရှိတော့ ဗီဇာကမကျ။ ဘူနေတဲ့ဆာချင်တစ်ယောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုသလို တောပြောင်းပါတော့တယ်။ဒီမှာပဲ ပညာရေးမှာ သိပ်မကြိုးစားခဲ့တဲ့ လူငယ်တစ်ယောက် လမ်းပျောက်နေရာကနေ အချစ်၊ အလွမ်း၊ သူငယ်ချင်းတွေကြား ခင်မင်ရင်းနှီးမှုတွေနဲ့ ဘ၀သင်ခန်းစာတွေကို တင်ဆက်ပြသသွားမှာမို့ ခံစားကြည့်ရှုကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.5GB / 1.7GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard ...
movie
Premalu (2024)
2024
7.9
Leo (2023)
Leo (2023) "လီယို" IMDB-7.9/10King Khanရဲ့ Jawan(2023)နဲ့အတူပဲ အများမျှော်လင့်ထားကြတဲ့ Leo(2023)ရုံတင်ကားကြီးက ခုချိန်မှာတော့ WEB DLကြည်ရှင်းဗားရှင်အနေနဲ့ ထွက်ရှိလာပြီမို့ Quality Updateလေးကို တင်ဆက်ပေးလိုက်ပါတယ်...LCUဆိုပြီး ဒါရိုက်တာကြီး Lokesh Kanagarajရဲ့ Lokesh Kanagaraj's Cinematic Universeအဖြစ်နဲ့ Kaithi(2019)၊ Vikram (2022)ရုပ်ရှင်တွေနဲ့အချိတ်အဆက်ဖြစ်တဲ့ အခုLeo(2023)ထွက်ရှိလာတာကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားတွေကတော့ အားလုံးသိပြီးဖြစ်တဲ့ ဗီဂျေး၊ မင်းသားကြီး ဆန်ဂျေးဒတ်တို့အပြင် ဗီလိန်ဇာတ်ရုပ်နဲ့ နာမည်ကြီးလှတဲ့ ဘာဘူအန်တိုနီတို့နဲ့အတူ ဒါရိုက်တာလိုကတ်ရှ်ရဲ့ ထုံးစံအတိုင်း အက်ရှင်ခန်းတွေကို ရင်တလှပ်လှပ်ကြည့်ရှုခံစားရမှာပါ။ဇာတ်လမ်းအညွှန်းမြို့ထဲကို ဝင်လာတာကတော့ ဂေါ်ဇီလာကြီးမဟုတ်ပေမယ့် အတော်လေးဆိုးတဲ့ ဟိုင်အီးနားခေါ် ခွေးအကြီးပေါ့။ ပါဝါရိန်းဂျားတောင်မနိုင်ဆိုသလို ရဲတွေ တောခေါင်းတွေလည်းမနိုင်တော့ပါဘူး၊အဲဒီအချိန်မှာပဲ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် မင်းသားတစ်ဖြစ်လဲ သောက်ကြမ်းကြီးမစ္စတာလီယိုရောက်ရှိ ထိန်းသိမ်းသွားပါတော့တယ်။လီယိုက အေးချမ်းတဲ့မြို့လေးမှာ မိသားစုလေးနဲ့အတူအေးအေးချမ်းချမ်းဖြတ်သန်းနေသူ ကော်ဖီဆိုင်ပိုင်ရှင်ပေါ့။ သေနတ်ဆိုတာ တာဝန်ရှိတဲ့သူတွေပဲအသုံးပြုကိုင်တွယ်တတ်တဲ့ ဒီမြို့လေးမှာ သေနတ်ကြောင့်သေတဲ့လူသတ်မှုဖြစ်ပါတော့တယ်။ဒီလိုလူဆိုးတွေရှိလာတာကို ကြားသိရတဲ့ ကော်ဖီဆိုင်ပိုင်ရှင် လီယိုတစ်ယောက် သူ့ကော်ဖီဆိုင်လေးထဲကိုပဲ လူဆိုးတွေကတန်းတန်းမတ်မတ်ကြီး ရောက်လာတဲ့အခါမှာတော့။ ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုတွေ ကြမ်းပြရမ်းပြမလဲဆိုတာကို အိမ်မှာတင် အေးဆေးကြည့်ရှုအပန်းဖြေလို့ရအောင် ကျွန်တော်တို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)( ...
movie
Leo (2023)
2023
4K HEVC
6.5
Journey of Love 18+ (2023)
Journey of Love 18+ (2023) IMDb - 6.6/10ဆယ်ကျော်သက်တွေဖြစ်တဲ့ အာခစ်လ်နဲ့ အာသီရာတို့ဟာ အရမ်းချစ်ကြတဲ့ချစ်သူတွေပါ။ ဒါပေမဲ့ အချစ်စစ်တို့မည်သည် ပန်းခင်းထားတဲ့လမ်းမဟုတ်ဆိုသလိုပဲ သူတို့အချစ်ခရီးကတော့ဖြောင့်ဖြူးမနေပါဘူး။ ငယ်ရွယ်တဲ့ နှစ်ယောက်သားရဲ့အချစ်ဟာ တစ်ခဏတာရင်ခုန်တာပါလို့ လူကြီးတွေအတင်းခွဲရာကနေ နောက်ဆုံးလက်ထပ်မယ်အထိပါ နှစ်ယောက်လုံးခေါင်းမာမာနဲ့ တဇွတ်ထိုးဆန်လာကြပါတယ်။ဒီလိုနဲ့ ဘယ်သူမှသဘောမတူတော့တဲ့အဆုံး ခိုးပြေးကြမယ်လို့ဆုံးဖြတ်လိုက်ကြပါတယ်.... ဒီလိုနဲ့ သူတို့တွေရဲ့ မရင့်ကျက်သေးတဲ့အဆုံးအဖြတ်က မှန်ကန်သွားမလား၊ နောက်ဆုံး အောင်အောင်မြင်မြင်နဲ့ မင်္ဂဆောင်သွားကြမှာလား ကြုံတွေ့ရမဲ့ပြဿနာမျိုးစုံကို သူတို့ဘယ်လိုဖြေရှင်းမလဲဆို ကြည့်ရှူရမှာဖြစ်ပါတယ်။၁၈ နှစ်အရွယ် အချစ်ငှက်လေးနှစ်ကောင်ရဲ့ အချစ်စွန့်စားခန်းကို ဆွတ်ပျံ့ကြည်နူးဖို့ကောင်းပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမဲ့ မလေရာလမ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။) File size…2.37GB / 1.03GB Quality…1080p WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Journey of Love 18+ (2023)
2023
6.6
Neymar(2023)
Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုးခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie
Neymar(2023)
2023
5.3
Christy(2023)
Christy 2023IMDb-5.7/10 တောင်ပိုင်းမာလာရရမ်မင်းသမီးချော မလာကာမိုဟမ်နမ်ကနေ မမအဖြစ်ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာ ဒါရိုက်တာအယ်ဗင်ဟင်နရီရဲ့ ဖြစ်ရပ်မှန်ခံစား ပွဲဦးထွက်ဇာတ်ကားလေးဖြစ်ပါတယ်ပင်လယ်ကမ်းခြေနယ်မြို့လေးက ကျောင်းသားလေးရွိုင်.... လူငယ်သဘာဝပျော်လိုက်ပါးလိုက်နဲ့ စာမေးပွဲတွေတဖုန်းဖုန်းကျ.... မိဘတွေက မြို့ပေါ်ခေါ်တော့မယ်လုပ်မှ ကြောက်လန့်တကြားနဲ့ စာမေးပွဲဖြေဖို့ ကျူရှင်ပြေးတက်တဲ့ ရွိုင်.... လှပတဲ့ ကျူရှင်ဆရာမ ခရစ်စတီ.... မမကလှပေမဲ့ အိမ်ထောင်ရေးကံမကောင်း အိမ်ထောင်စောစောကျပြီး ကွာရှင်းထားတော့ ရွိုင်ကိုကလေးလိုပဲဆက်ဆံတဲ့ မမ.... တစ်သက်လုံးဘယ်သူချွတ်ချွတ်မကျွတ်ပေမဲ့ မမချွတ်မှပဲ ပြောစကားနားထောင်မယ်ဆိုတဲ့ သားလိမ္မာလေးရွိုင်...ဇာတ်လမ်းလေးက ပုံမှန်ရိုးရိုးလေးဆိုပေမယ့် ဆန်းနေတာက သိပ်လှတဲ့မမနဲ့ သူငယ်နှပ်စားရွိုင်တို့ရဲ့ အချစ်ဇာတ်လမ်းပါ အိန္ဒိယမမဆိုတော့ အိန္ဒိယဆန်ဆန်ဆွဲဆောင်မှုလေးတော့ရှိပါတယ် ဒါ့အပြင်တခြားမိသားစုရေးရာလေးတွေ ဟာသလေးတွေလဲပါဝင်တာမို့ မပျင်းမရိနဲ့ အဝကြည့်ရမှာပါဆရာဝန်ညွှန်ကြားချက်မှာ လက်ဖက်ရည်တစ်ခွက်ပေးပါ ဒူးယားတစ်လိပ်ပေးပါ မမကျွန်တော့်ကိုပြန်ချစ်ပါ ဒီကောင် လက်နက်ချရမယ်တဲ့ File size…1.76GB / 883MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~BpL~ Yunni~ Cherry
movie
Christy(2023)
2023
8.0
Anjaam Pathiraa(2020)
Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
Anjaam Pathiraa(2020)