Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masood Akhtar
5.3
Lantrani (2024)
Lantrani (2024) (မြေနိမ့်ရာလှံစိုက်)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ anthology အမျိုးအစားလို့ပဲပြောရမယ်။ အိန္ဒိယနိုင်ငံအတွင်း မြို့ငယ်လေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ အကြောင်းအရာလေး၃ပုဒ်နဲ့ ဖွဲ့စည်းထားတဲ့ကားလေးပဲဖြစ်ပါတယ်။မြို့ကြီးပြကြီးနဲ့အလှမ်းဝေးပြီး တော်ရုံဥပဒေမစိုးမိုးနိုင်တဲ့ နယ်မြို့လေးတွေမှာ အရာရာကို ခက်ခက်ခဲခဲနဲ့ကြိုးစားရင်ဆိုင်နေရပြီး လူ့သဘာဝ လူ့ဘောင်အဖွဲ့အစည်းက နှိမ်ကွပ်ပုံတွေ... လောကနိယာမတရားအရအားနည်းသူ ရှုံးတတ်ရပုံတွေကို ဖေါ်ပြထားပါတယ်။လူရယ်လို့ဖြစ်လာပြီး လောကအလယ်မှာ ရင်ဘောင်တန်းနိုင်ဖို့ လူလူချင်းကိုတောင် လူမဆန်စွာဆက်ဆံကြပုံတွေကိုလည်း သေချာရိုက်ကူးတင်ဆက်ထားပါတယ်နော်။လူ့အခွင့်အရေးရရှိဖို့အရေး မလျှော့သောဇွဲနဲ့ တွန်းလှန်ကြမယ့် ဒီဇာတ်လမ်းတိုလေးသုံးပုဒ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုလို့ရပါပြီနော်။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.4GB / 700MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Lantrani (2024)
2024
7.5
The Hundred-Foot Journey(2014)
The Hundred-Foot Journey(2014)*******************************အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား... ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား... ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ....ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်... ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားကပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ....ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း.......File Size :(2.2GB) and (865MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…02:02:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wunna Encoded by Phyo ...
movie
The Hundred-Foot Journey(2014)
6.7
Om Shanti Om (2007)
ဒီတစ်ခေါက်မှာတော့ Old But Gold ဇာတ်ကားလေးဖြစ်တဲ့ ရှာရွတ်ခန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ရပါတယ်အွန်း(မ်)ဆိုတဲ့ ကောင်လေးဟာ အရမ်းကိုမှ မင်းသားဖြစ်ချင်နေတဲ့ သာမန်လူတန်းစားလေးတစ်ယောက်ပေါ့ အဲဒီအချိန်တုန်းက ရှန်တီဆိုတဲ့ ရုပ်ရှင်မင်းသမီးဟာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး အွန်း(မ်)ကလည်း သူ့ကို အသေအလဲသဘောကျနေတာပေါ့တစ်နေ့ကျတော့ ရှန်တီဟာ ထုတ်လုပ်သူတစ်ယောက်ရဲ့ မီးရှို့သတ်ခြင်းကို ခံခဲ့ရပြီး ဒါကိုမျက်မြင်ကိုယ်တွေ့ မြင်လိုက်တဲ့ အွန်း(မ်)က ဝင်ကယ်ဖို့လုပ်ရင်းနဲ့ သူပါ သေဆုံးသွားခဲ့ရပါတယ်ဒါပေမယ့် သူဟာ မင်းသားကြီးတစ်ယောက်ရဲ့ သားအဖြစ် ပြန်လည်လူဝင်စားလာခဲ့ပြီး နှစ် (၃၀) အကြာမှာတော့ လျှမ်းလျှမ်းတောက်မင်းသားတစ်လတ် ဖြစ်လို့လာခဲ့ပါတယ်အဲဒီလိုနဲ့ တဖြည်းဖြည်းနဲ့ သူ့အရင်ဘဝကို ပြန်အမှတ်ရလာပြီး ရှန်တီအတွက် တရားမျှတမှုရှာပေးဖို့ ကြံစည်ပါတော့တယ်သူဘယ်လိုနည်းနဲ့ ပြန်အမှတ်ရခဲ့တာလဲ ရှန်တီကရော ဘာလို့အသတ်ခံခဲ့ရတာလဲ ရှန်တီအတွက် တရားမျှတမှုကိုရော ဘယ်လိုရှာပေးမလဲဆိုတာ ရှာရွတ်ခန်းရဲ့ နှစ်ဘဝသရုပ်ဆောင်ချက်တွေကို အပြည့်အဝခံစားကာ ကြည့်ရှုရမှာပဲဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ် File size…4.35GB / 2.2GB Quality…1080p BluRay /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora
movie
Om Shanti Om (2007)
2007
7.5
Sherdil: The Pilibhit Saga (2022)
Sherdil: The Pilibhit Saga (2022)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ Mirzapur ထဲက သဘာဝမင်းသားကြီး ပန်ကခ်ျထရီပတီဦးဆောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...ဟိုးဝေးလံခေါင်သီတဲ့ဒေသတစ်ခုမှာ ဂျန်ဒိုဆိုတဲ့ရွာလေးတစ်ရွာရှိတယ် မီးမရှိ ဆေးရုံမရှိ စာသင်ကျောင်းမရှိတဲ့ရွာလေးပေါ့ တောနီးချုပ်စပ်ရွာဖြစ်လို့ တောရိုင်းကောင်ကြီးတွေရောက်ရောက်လာတတ်ပြီး ရွာသူရွာသားတွေရဲ့စိုက်ခင်းတွေကို ဖျက်ဆီးသွားတတ်တယ်အဲ့ဒီရွာရဲ့သူကြီးကိုတော့ ဂန်ဂါရာမ်(ပန်ကခ်ျထရီပတီ)လို့ခေါ်တယ် သူဟာ ရိုးသားတဲ့တောသားဖြစ်ပေမယ့် ရပ်ရွာအကျိုးအတွက်ဆို ရှေ့တန်းက ဦးဆောင်မယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ့...ရွာမှာတောကောင်တွေ သောင်းကျန်းလို့ အစိုးရရုံးတွေဆီတက်တိုင်တော့လည်း အစိုးရရုံးတွေရဲ့ထုံးစံအတိုင်း ဟိုဌာနကဟိုစာတောင်းလာခဲ့ ဒီဌာနကဒီစာတောင်းလာခဲ့နဲ့ ဟိုလွှတ်ဒီလွှတ်ပေါ့..ဒီလိုနဲ့ သူဟာ အစိုးရရုံးတစ်ရုံးမှာ ကပ်ထားတဲ့ကြေညာစာမှာ တောကောင်အကိုက်ခံရတဲ့သူကို အစိုးရက ရူပီ၁၀သိန်းနစ်နာကြေးပေးမယ်ဆိုတာကို မြင်သွားတယ်...ဒီနစ်နာကြေးကို အရယူပြီး ရွာသားတွေရဲ့ပြဿနာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဖြေရှင်းပေးဖို့ သူကိုယ်တိုင်တောကောင်အစားခံဖို့ တောထဲထွက်လာတဲ့အခါမှာတော့ ဆက်လက်ပြီး ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါ...ဒီဇာတ်ကားလေးမှာတော့ နုံချာဆင်းရဲပြီး ရိုးသားတဲ့တောသားပင်ဖြစ်လင့်ကစား ခေါင်းဆောင်ကောင်းတစ်ယောက်တို့မည်သည် ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံအပ်သလဲဆိုတာကို ဖော်ကျူးရိုက်ကူးပေးထားလို့ ကျေနပ်အားရစေမှာအမှန်ပါပဲ File size…1.67GB / 782MB Quality…1080p HQ HD AAC5.1CH / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Honeyey
movie
Sherdil: The Pilibhit Saga (2022)
2022
6.1
Chippa (2019)
ဒီတခါတော့ ဘောလိဒ့်ဝုဒ်ချစ်သူတွေအတွက် IMdb 6.1/10ရထားတဲ့ netflixက ဒရာမာဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ. ငယ်ငယ်တည်းက အမေဖြစ်သူက ဆုံးပါးသွားပြီး အဖေဖြစ်သူကလဲ နောက်အိမ်ထောင်နဲ့ ရှောင်ပြေးသွားတာကြောင့် ချီပါလေးဟာ အဒေါ်ဖြစ်သူနဲ့ နေထိုင်ခဲ့ရပါတယ်. သူ၁၀နှစ်ပြည့် မွေးနေ့မှာတော့ သူ့အဖေဆီကစာတစ်စောင်ကို မထင်မှတ်ပဲ ရရှိခဲ့ရပါတယ်. အဲ့စာဟာ အူရဒူစကားနဲ့ရေးထားပြီး သူနားမလည်လို့ ဖတ်တတ်မယ့်လူကို ရှာချင်တာက တကြောင်း အမြဲဆူပူကျိန်းမောင်းနေတဲ့ သူ့အဒေါ်နဲ့မနေချင်တာကလဲ တကြောင်းကြောင့် သူဟာ အိမ်က ထွက်ပြေးလာခဲ့ပါတယ်. သူရဲ့တကိုယ်တော် ရှာပုံတော်ခရီးမှာ လူကောင်းရော လူဆိုးရောနဲ့ တွေ့ခဲ့ပြီး နောက်ဆုံးမှာ အူရဒူစကားတတ်တဲ့လူနဲ့ တွေ့ပြီး သူ့စာကို ဖတ်နိုင်သွားလားဆိုတာကို စိတ်၀င်စားဖွယ်နဲ့ ရသမျိုးစုံပါအောင် ရိုက်ပြထားနိုင်တဲ့ ဒရာမာဇာတ်ကားလေးပါ. ချီပါလေးရဲ့ စကားတတ်ပုံနဲ့သနားစရာပုံစံလေးကြောင့် ရုပ်ရှင်ချစ်သူတို့ နှစ်သက်မယ်လို့ ထင်ပါတယ်. ကြည့်ရှူခံစားပေးပါဉီးဗျာ. File Size - 992.5 MB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - YK Encoder - XCode
movie
Chippa (2019)
2019
7.8
Chalte Chalte (2003)
ဒီကားကတော့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂျ်ဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ဂရိ အထိလိုက်သွားရလောက်တဲ့အထိပါပဲ ဂရိအထိလိုက်တဲ့ခရီးစဥ်တလျှောက်ပိုးပန်းပုံ အဆင့်ဆင့်ကနေပညာယူလို့ရပါတယ်နော် တအားကိုချစ်တတ်ချင် roချင်ပေမယ့် ဘယ်ကစရမှန်းမသိတဲ့ကိုကိုတွေလည်း ဒီကားကိုကြည့်သင့်ပါတယ်နော် ဒီကားက သာမာန် ချစ်ကြိုက်ညား အချစ်ကားတွေနဲ့မတူဘဲ ချစ်သူဘဝကနေ ညားတဲ့အထိ ချစ်စရာကောင်းတဲ့အပြုအမူလေးတွေနဲ့ တအားကိုroပြီးချစ်တတ်တဲ့ ရက်ဂျ်နဲ့ တအားကိုဖင်ပိတ်အငြင်းသန်ဆဲ့ ပရီယာတို့ နှစ်ယောက်ကိုကြည့်ပြီး အချစ်ဓါတ်တွေ ကူးနိုင်ကြပါစေလို့... File Size – 2 GBQuality – Bluray 720P Duration – 2h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Translator – DollyEncoder – Thit San Khant zawgyi ဒီကားကေတာ့ roတဲ့နေရာမှာဆရာကျတဲ့ King Of Heart ကြီး ရှရွတ်ခန်းရဲ့ ဂန္တဝင်မြောက်ကားတစ်ကားပါ Love at first sight ဆိုတဲ့အတိုင်း ပရီယာဆိုတဲ့ကောင်မလေးနဲ့ကားမတော်တဆဖြစ်ရာက ရက်ဂ်ျဆိုတဲ့ကောင်လေးချစ်မိရာက စပါတယ် ဘယ်လောက်တောင်ချစ်လဲဆိုရင် ကောင်မလေးစေ့စပ်ပွဲလုပ်မယ့် ...
movie
Chalte Chalte (2003)
2020
8.1
Kahaani (2012)
Kahaani (2012)IMDb Rating (8.1)၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ၀င်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအ၀င် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။သည်းထိတ်ရင်ဖို ...
movie
Kahaani (2012)
2012