Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masayuki Deai
5.9
Lumberjack the Monster (2024)
Lumberjack the Monster (2023)Thriller/ Horror/ Crime Drama အမျိုးအစားကိုမှ နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျပန်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုမှာ လူသတ်သမားဟာ သေဆုံးသူတွေရဲ့ဦးနှောက်ကို ထုတ်ယူသွားတတ်ရာကနေ အစပြုထားပါတယ်။ ဦးနှောက်သူခိုး လို့ ခေါ်တွင်ထားတဲ့ ဒီလူသတ်သမားဟာ ဘာကြောင့်များ လူတွေကိုသတ်ပြီး ဦးနှောက်တွေကို ထုတ်ယူသွားတာဖြစ်မလဲ ။အသတ်ခံရတဲ့လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေများရှိနေလို့လဲ။ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က တားမြစ်ပိတ်ပင်ခံထားရတဲ့ တရားမဝင် အာရုံခံချစ်ပ်ပြားတွေနဲ့ရော ပတ်သက်မှုရှိနေမလား ဒါမှမဟုတ် လူသတ်သမားဟာ စိတ္တဇသမားသက်သက်ပဲလား စတဲ့ မေးခွန်းပေါင်းမြောက်မြားစွာနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် Crime Thriller ဇာတ်ကားတစ်ကားပါ။ကဲ ပိတ်ရက်လေးမှာ အတွေးပေါင်းမြောက်မြားစွာနဲ့ Thriller ကားလေး ကြည့်ချင်နေတယ်ဆိုရင်တော့ အခုပဲ ကိုယ်တိုင်ကြည့်ပြီး အဖြေရှာလိုက်ကြရအောင်လားဗျာ။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | ...
movie
Lumberjack the Monster (2024)
2024
6.3
47 Ronin (2013)
47 Ronins (သို့မဟုတ်) ဂျပန်နိုင်ငံရဲ့သမိုင်းထဲက အံ့ဩမှင်သက်ဖွယ်ရာဖြစ်ရပ်မှာန်ဇာတ်လမ်းတစ်ပုဒ် အပြစ်တစ်ခုကိုလုပ်မိတဲ့အတွက် ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့အခါ ကမ္ဘာကြီးကဟန်ချက်ပျက်လာတယ်။ အမှားတစ်ခုကိုကျူးလွန်ခဲ့တယ်သူဟာ ဒဏ်ခတ်အပြစ်ပေးခြင်းမခံရတဲ့အခါ ကောင်းကင်ဘုံက ငါတို့ကိုရှက်စရာလူတွေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီညငါတို့ရဲ့သခင်အတွက်ကလဲ့စားခြေပြီး ဆုံရှုံးသွားတဲ့တို့ရဲ့ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်ကြမယ်။ ငါတို့ထဲကဘယ်သူမှ ဘယ်အချိန်သေမယ် ဘယ်လောက်ကြာကြနေရမယ်ဆိုတာ မသိဘူး။ ဒါပေမယ့် အနှေးနဲ့အမြန် ငါတို့သေသွားတဲ့အခါ ငါတို့ရဲ့ရင်သွေးတွေအတွက်ချန်ထားခဲ့နိုင်တဲ့အရာဟာ ငါတို့ရဲ့နာမည်ကိုသူတို့ရဲ့ပါးစပ်ကထွက်တဲ့အခါ ဘယ်လောက်များများဂုဏ်ယူရမလဲဆိုတဲ့ခံစားချက်သာဖြစ်တာ်။ ဒါကဇာတ်ကားထဲက ဒိုင်ယာလော့တစ်ချို့ပါ။ ဒီဇာတ်ကားမှာ ဂျပန်နိုင်ငံရဲ့ အမှတ်အသားလိုဖြစ်နေတဲ့ ဆာမူရိုင်းတွေရဲ့ စည်းလုံးပုံနဲ့ ဆာမူရိုင်းရယ်လို့နာမည်တစ်လုံးနဲ့ ကမ္ဘာမှာခုချိန်ထိကျော်ကြားလောက်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ သူတို့ရဲ့သတ္တိနဲ့ မဆုတ်မနစ်တဲ့စိတ်ဓာတ်တွေကိုတွေ့မြင်ခံစားရမှာပါ။ ဂျပန်တွေဟာ သတ္တိအရမ်းကောင်းတယ်။ သေရမှာထက် ရှုံးရမှာကိုပိုပြီးရှက်ကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ခေါင်းဆောင်တွေဟာ လက်နက်ချကြောင်းတရား၀င်ကြေငြာမယ့်သူကလွဲရင် ကျန်တဲ့စစ်ဗိုလ်တွေအားလုံး အဆုံးစီရင်သွားကြတယ်လို့ဖတ်ဖူးတယ်(မှန်မမှန်တော့မသိပါဘူး)။ သေတဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိတဲ့သေခြင်းဆိုတာကို ကျွန်တော်တို့ချမ်းသာစည်းစိမ်ကိုလိုချင်တပ်မက်သလိုမျိုးကိုမက်မောကြတယ်။ ဒီဇာတ်ကားမှာလဲ ဆာမူရိုင်းတွေရဲ့သေခြင်းနဲ့ပက်သက်တဲ့စိတ်ထားကို ရင်သပ်ရှုမောစွာခံစားကြရလိမ့်မယ်။ သူတို့ဟာသေပြီးတဲ့နောက်မှာ ဂုဏ်သိက္ခာကို အရမ်းတန်ဖိုထားနေေသးတာကိုလေးနက်စွာနားလည်ရပါလိမ့်မယ်။ ဂျပန်နိုင်ငံရဲ့ဆာမူရိုင်းလောကမှာ ရိုနင်တွေဟာ ရှက်စရာအကောင်းဆုံးလူတွေဖြစ်တယ်။ဆာမူရိုင်းတစ်ေယာက်ဟာ သတ္တိကြောင်ပြီးတိုက်ပွဲကနေထွက်ပြေးခဲ့ရင်ပဲဖြစ်ဖြစ် တိုက်ပွဲမှာရင်ဆိုင်တိုက်ခိုက်ကြရင်း ရှုံးနိမ့်သွားခဲ့ရင်ပဲဖြစ်ဖြစ် သူ့သခင်အပေါ်မှာ တာ၀န်မကျေခဲ့ရင်ပဲဖြစ်ဖြစ် ရိုနင်တစ်ယောက်ဖြစ်လာရပါတယ်။ ဆာမူရိုင်းတွေရဲ့တာ၀န်ဟာ သူတို့ရဲ့ဆရာသခင်နဲ့ သူတို့နေတဲ့ဒေသကိုကာကွယ်စောင့်ရှောက်ဖို့ဖြစ်တဲ့အတွက် ရိုနင်တွေထဲမှာ ရှက်စရာအကောင်းဆုံးကတော့ ကိုယ့်ရဲ့ဆရာသေသွားလို့ ရိုနင်ဖြစ်လာတဲ့ သခင်မဲ့ဆာမူရိုင်းတွေပဲ။ ကိုယ့်ရဲ့အသုံးမကျညံ့ဖျင်းမှုနဲ့တာ၀န်မကျေမှုရဲ့ပြယုတ်မလို့ပါပဲ။ ဆာမူရိုင်းတို့ရဲ့စည်းကမ်းတွေဟာတင်းကြပ်လှပါတယ်။ တင်းကြပ်သလောက်လဲ ဖောက်ဖျက်မိရင် ရရှိမယ့်ပြစ်ဒဏ်က ပြင်ထန်လွန်းလှတယ်။ ဒီဇာတ်လမ်းမှာ အာကိုဆိုတဲ့ဒေသကိုအုပ်ချုပ်ရတဲ့ သခင်အာဆိုနိုဟာ သူ့ဆီကိုအလည်လာတဲ့သခင်ကီရာကို ဓားနဲ့ရွယ်ခဲ့မိတယ်။ ဖြစ်ချင်တော့ အဲ့ဒီ့အချိန်က ဂျပန်နိုင်ငံကိုအုပ်ချုပ်တဲ့စစ်ဗိုလ်ကြီးရှော့ဂန်းကလည်း သခင်အာဆာနိုရဲ့အိမ်မှာကျင်းပတဲ့ပြိုင်ပွဲအတွက်ရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ အိမ်သူအိမ်သားတွေရှိနေတဲ့ ရဲတိုက်ထဲမှာ ဓားအိမ်ထဲကဓားကိုဆွဲထုတ်ခြင်းအတွက်ပြစ်ဒဏ်ကသေခြင်းပါ။ ဒီလိုနဲ့ သခင်အာဆာနိုရဲ့လက်အောက်က ဆာမူရိုင်းတွေဟာ သခင်မဲ့ရိုနင်တွေဖြစ်လာကြပါတယ်။ ဒါပေမယ့်သူတို့ဟာ သူတို့သခင်ရဲ့သေဆုံးခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ပယောဂပါနေတယ်ဆိုတာကိုရိပ်မိခဲ့ကြပါတယ်။ အဲ့ဒီလိုနဲ့ပဲ အရှက်ကွဲခဲ့တဲ့ရိုနင်တွေဟာ သူတို့ရဲ့သိက္ခာကိုပြန်ဆယ်ဖို့နဲ့ သူတို့သခင်ရဲ့ဝိညဉ်တမလွန်မှာငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ဖို့အတွက် ကလဲ့စားခြေနိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမှာလဲ သူတို့ကလဲ့စားခြေတာကရော အောင်မြင်မှာလား အဲ့ဒီ့နောက်မှာရော ဘာတွေဆက်ဖြစ်ကြမလဲခံစားကြည့်ပါဦး။ ---------------- ဒီဇာတ်ကားမှာ ထူးထူးခြားခြားလေးကတော့ John ...
movie
47 Ronin (2013)
2013
6.9
First Love (2019)
လက်ဝှေ့သမားလေး လီယိုတစ်ယောက်ဟာ အပွဲပွဲအနိုင်တိုက်နိုင်ခဲ့သမျှတစ်ပွဲမှာတော့ မူးလဲသွားလို့ဆေးခန်းသွားပြခဲ့ရာက ဦးနှောက်အကျိတ်တည်တာကိုသိခဲ့ရတယ်ယူရီ (သို့) မိုနီကာဆိုတဲ့မိန်းကလေးဟာယာကူဇာဆီမှာအကြွေးတင်နေတဲ့အဖေကြောင့်ကြွေးနဲ့သိမ်းခံထားရပြီး ပြည့်တန်ဆာလုပ်ပြီးကြွေးဆပ်ပေးနေရတယ်ဆေးကလည်းစွဲနေတော့ သူ့ဘဝဟာလှုပ်လေမြုပ်လေဆေးရှိန်ပျောက်ရင်အမြဲနှိပ်စက်တတ်တဲ့သူ့အဖေကိုသာမြင်ယောင်ပြီးကြောက်လန့်နေရပါတယ်ဂျပန်နဲ့တရုတ်လူဆိုးဂိုဏ်းတွေမတည့်တာကို အသုံးချပြီးဘိန်းအရောင်းအဝယ်တစ်ခုကို ဖြတ်ခုတ်ဖို့ ကြံစည်နေတဲ့ကာစဲဟာ ရဲဝန်ထမ်းတစ်ယောက်ကိုလည်း စည်းရုံးထားတယ်မိုနီကာကိုအသုံးချပြီး ဆေးတွေလက်ဝယ်ရအောင်စီစဥ်နေတဲ့အချိန်လောကကြီးကိုစိတ်ကုန်ပြီး သေဖို့ကြောက်လန့်နေတဲ့ လီယိုနဲ့မိုနီကာဆုံမိပြီးကာစဲတစ်ယောက် စီစဥ်ထားသလိုမဖြစ်ဘဲလူတွေတစ်ယောက်ပြီးတစ်ယောက် သတ်မိပြီးလူဆိုးဂိုဏ်းနှစ်ခုကြား ကြားညပ်ပြီး ကမောက်ကမတွေဖြစ်ကုန်ပါတယ်ပြေးပြေးလွှားလွှားနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ချင်သူတွေလက်မလွှတ်သင့်တဲ့IMDb 7.0 နဲ့ရပ်တည်နေတဲ့ဂျပန်ကားကောင်းလေးဖြစ်ပါတယ် File Size : ( 1 GB , 277 MB) Quality : WEB-Rip 720p Running Time : 1 hr 48 min Format : Mp4 Genre : Comedy , Crime , ...
movie
First Love (2019)