Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masanobu Katsumura
6.7
Kubi (2023)
လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေတည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကိုထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ်ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေအများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက်ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါကမီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီးဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင်ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်။နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသောစိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူသိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာနိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေကစောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Kubi (2023)
6.3
The Water Flows to the Sea (2023)
၂၀၂၃ ဇွန်လ ၉ ရက်ကထွက်ရှိထားတဲ့ဂျပန်Romance ရုပ်ရှင်ဟာ မမနဲ့မောင်လေးကြားကအချစ်ဇာတ်လမ်းဖြစ်ပြီး Mizu wa Umi niMukatte Nagareru ဆိုတဲ့ Manga စီးရီးကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** နာအိုတာဆုဆိုတဲ့အထက်တန်းကျောင်းသားလေးဟာအိမ်ကနေကျောင်းတက်ရမှာဝေးတာကြောင့် ဦးလေးအိမ်မှာလာနေဖို့ဖြစ်လာခဲ့ပါတယ်။ မိုးသည်းတဲ့နေ့မှာဦးလေးအိမ်နဲ့အနီးဆုံးဘူတာကိုရောက်ရှိလာတဲ့နာအိုတာဆုကိုအရွယ်ရောက်ပြီးအမျိုးသမီးဆာကာကီကလာကြိုရာကနေဇာတ်လမ်းကိုစတင်ထားပါတယ်။ နာအိုတာဆုရဲ့ဦးလေးဟာတကယ်တော့ မျှဝေနေထိုင်ကြရတဲ့အိမ်မှာနေတာဖြစ်တဲ့အတွက် နာအိုတာဆုဟာ တခြားလူတွေနဲ့ပါအတူနေရဖို့ဖြစ်လာပါတယ်။ ဆာကာကီက အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နာအိုတာဆုရဲ့ဦးလေးရှီဂီမီချီကတော့ကာတွန်းရေးဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားဖို့ မိဘတွေမသိအောင်ပုံမှန်အလုပ်ကနေထွက်ထားသူဖြစ်ပါတယ်။သူတို့နဲ့အတူတခြားနေထိုင်သူတွေဖြစ်တဲ့နာရူဆဲက ကမ္ဘာပတ်နေတဲ့တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး အီဇူမီယာကတော့အမျိုးသမီးအဝတ်အစားတွေနဲ့ဗေဒင်ဟောသူတစ်ဦးပါ။သူတို့တွေနဲ့အတူနေထိုင်ကြရင်း နာအိုတာဆုဟာ ဆာကာကီကိုချစ်သွားခဲ့ပေမယ့် သူတို့နှစ်ဦးချစ်ကြိုက်လို့မရတဲ့ အတိတ်ကအကြောင်းအရာတွေပြန်လည်ပေါ်ပေါက်လာတဲ့အခါမှာတော့နာအိုတာဆုနဲ့ဆာကာကီတို့ရဲ့အချစ်က ရှေ့ဆက်နိုင်ဦးမှာလားဆိုတာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…2.53GB / 1.05GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 3m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
The Water Flows to the Sea (2023)
6.9
From Me to You (or) Kimi ni Todoke (2010)
From Me to You (or) Kimi ni Todoke (2010) =============================== IMDb Rating - 6.9/10Anime fan လေးတွေအကြိုက် Kimi ni Todoke ကိုမှ ၂၀၁၀ တုန်းက ထွက်ရှိခဲ့တဲ့ Live action movie အဟောင်း လေး ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။ Sawako Kuronuma (Mikako Tabe)ဟာ ဆံပင်ရှည်ကြီးအမြဲချ ထားပြီး ရှက်ကြောက်တတ်တဲ့အပြုအမူတွေကြောင့် ၁၉ ၉၈ တုန်းကထွက်ခဲ့တဲ့ ဂျပန်သရဲကား 'Ring' ထဲက သရဲမ "Sadako" နဲ့ တူတာမို့ ငယ်ငယ်ကတည်းက အတန်းဖော် တွေရဲ့ အရှောင်ကြဉ်ခံခဲ့ရပါတယ်။အထက်တန်းကျောင်းမှာလည်း လူတိုင်းရဲ့ ကြောက်ရွံ့မှုကို ခံနေရပေမဲ့ အတန်းထဲက လူချစ်လူခင်များတဲ့ နာမည်ကြီး ကောင်လေးတစ်ယောက် Shota Kazehaya (Haruma Miura)ကတော့ သူများတွေနဲ့မတူဘဲ Sawako ကို အမြဲ ဂရုစိုက်ကြင်နာပေးပါတယ်။ အဲလိုနဲ့ Kazehaya ကြောင့် Sawako မှာ သူငယ်ချင်းတွေရလာပြီး သူမ အမြဲတောင့် တခဲ့ရတဲ့ ...
movie
From Me to You (or) Kimi ni Todoke (2010)
2010
6.4
Hell’s Garden (2021)
Hell's Garden (2021)ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ ...ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ ...ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား?(ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။)File Size : 3.7GB, 1.1GB, 542MB Quality ...
movie
Hell’s Garden (2021)
2022
6.3
Masquerade Night (2021)
Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie
Masquerade Night (2021)
2021
6.5
Time Traveller: The Girl Who Leapt Through Time (2010)
IMDb Rating (6.5/10)ဒီဇာတ်ကားလေးက ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ ဆိုတဲ့စကားပုံလေးကိုဖေါ်ပြထားတဲ့ ငြိမ့်ငြိမ့်ဆိမ့်ဆိမ့်လေး ခံစားရမယ့် အချစ်ဇာတ်ကားလေးပါ။ဇာတ်လမ်းပိုင်းကိုပြောပြရင်တော့.. အမေလုပ်တဲ့သူဟာ ငယ်ငယ်ကတစ်ကြိမ်လောက်ပဲဆုံပြီး သူအချစ်ကြီးချစ်ခဲ့ရတဲ့သူရှိပါတယ်... သူ့တစ်ဘဝလုံး အတိတ်ကိုပြန်သွားဖို့ ဆေးရည်ဖျော်စပ်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေခဲ့ပါတယ်။အသက်တွေကြီးလာမှ အတိတ်ကဓါတ်ပုံလေးတစ်ပုံကို ပြန်ရလိုက်တဲ့အချိန်မှာ သူဖေါ်စပ်ခဲ့တဲ့ အတိတ်ကိုပြန်သွားနိုင်တဲ့ဆေးရည်ကိုအသုံးပြုဖို့ကြိုးစားပါတော့တယ် ...အကြောင်းမတိုက်ဆိုင်ပဲ နာမကျန်းဖြစ်သွားရတော့ သမီးဖြစ်တဲ့သူကို သွားဖို့ပြောပြီး အကူအညီတောင်းခဲ့တယ် သမီးလုပ်တဲ့သူက ပြာကလပ်စိန် ရှပ်ပြာလေး ... အဲ့မှာပဲ သွားခိုင်းတဲ့ ခုနှစ်အစား ၂နှစ်လောက်နောက်ကျပြီးမှ ရောက်သွားတော့ ဘာတွေဖြစ်မလဲ ဆက်လက်ကြည့်လိုက်ပါဦးနော်။အရမ်းချစ်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေ ပျော်စရာအလွဲလေးတွေနဲ့ မင်းသမီးလေးရဲ့ချစ်စရာကောင်းမှုလေးတွေ သီချင်းတွေက ဘယ်လိုတွေဖီးလ်လို့ကောင်းလိုက်လဲ ဆိုတာ ကြည့်သာကြည့်လိုက်ကျပါတော့နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Thinzar HtQuality…Blu-Ray Rip 720pFormat…mp4 Duration….02:02:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thin Zar Htet
movie
Time Traveller: The Girl Who Leapt Through Time (2010)
2010