Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masaki Suda
5.8
Drowning Love (2016)
Drowning Love (2016)IMDb - 5.8 My Drama List - 7.2 “လမ်းခွဲလိုက်တာက နှစ်ဖက်စလုံး မနာကျင်ရမယ့်နည်းလမ်းပဲ”ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ မိုချိဇုကိနာဆုမဲက အဘိုးရဲ့ကျန်းမာရေးကြောင့်မော်ဒယ်ဘဝကနှုတ်ထွက်ပြီး နယ်ဘက်ကိုပြောင်းလာခဲ့ရပါတယ်။နယ်ဘက်ကိုပြောင်းလာရလို့ ဝမ်းနည်းနေတဲ့နာဆုမဲက တစ်ရက်မှာတော့ပင်လယ်နားမှာ ခိုးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး စိတ်ဝင်စားခဲ့ပါတယ်။တစ်ရက်တော့ မော်ဒယ်ဘဝကအနားယူလိုက်တဲ့ နာဆုမဲကိုနာမည်ကျော်ဓာတ်ပုံဆရာဖြစ်တဲ့ ဟီရိုနိုအုရှိူးဂိုက photo book ရိုက်ဖို့ ကမ်းလှမ်းလာပါတယ်။ခိုးရဲ့အာရုံစိုက်မှုကိုရဖို့အတွက် နာဆုမဲက photo book ရိုက်ဖို့ သဘောတူခဲ့ပါတယ်။ဒီလိုနဲ့ ခိုးနဲ့ရင်းနှီးလာခဲ့ပြီး တစ်ရက်မှာတော့ ဟီရိုနိုအုက ရုပ်ရှင်ရိုက်ဖို့ပါ ကမ်းလှမ်းလာခဲ့ပါတယ်။ရုပ်ရှင်အတွက် စဉ်းစားနေတုန်းမှာ မုဒိမ်းမှုနဲ့ကြုံရပြီး အနုပညာလောကကနေ အပြီးတိုင်နှုတ်ထွက်၊ခိုးနဲ့လည်း လမ်းခွဲခဲ့တဲ့ နာဆုမဲတစ်ယောက် ဘယ်လိုမျိုး အားတင်းပြီး အနုပညာလောကထဲကို ပြန်ဝင်မလဲ...ခိုးနဲ့နာဆုမဲတို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်လာမလဲ... File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Drowning Love (2016)
6.3
Father of the Milky Way Railroad (2023)
Father of the Milky Way Railroad (2023)~ IMDb – 6.3/10, MyDramaList – 7.9/10 ~ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father ...
movie
Father of the Milky Way Railroad (2023)
2023
7.6
The Boy and the Heron (2023)
(Digital အကြည် ထွက်လာလို့ ပြန် Update ပေးလိုက်ပါတယ်)IMDb - 7.6/10 Rotten Tomatoes - 97%Studio Ghibliရဲ့နောက်ဆုံးထွက်ဇာတ်ကားလည်းဖြစ်ပြီးSpirited Awayဇာတ်ကားအပြီး ဒုတိယမြောက်Oscarရထားတဲ့ဇာတ်ကားလည်းဖြစ်တဲ့ ဒီကားဟာပြောရရင် နည်းနည်းဆန်းတယ်ပြောရမလားပဲ။ ဒီကားကိုရုံတင်ခါနီးအထိ marketingနဲ့ပတ်သတ်ပြီးဘာမှထွေထွေထူးထူးမလုပ်ခဲ့သလို trailerတောင်မကောင်းတတ်လို့ထုတ်ပေးလိုက်တဲ့ပုံစံမျိုး ချေပြခဲ့တာပါ။ ပြောရမယ်ဆိုရင် ငါတို့Studio Ghibliကထုတ်တာမလို့ဘာမှထွေထွေထူးထူးmarketingဆင်းစရာမလိုဘူး။ကောင်းကိုကောင်းစေရမယ်။လာကြည့်ကြဆိုတဲ့အထာမျိုးပေါ့။ တခြားstudioတွေသာ အဲ့အကွက်လုပ်ရင်ပေါက်သင့်သလောက်မပေါက်ပဲ ဖြစ်မှဖြစ်ပေမဲ့Studio Ghibliက ဆရာကြီးမှ တကယ့်ဆရာကြီးဆိုတော့ရုံလည်းတင်ရော သူတို့studioက တင်တင်ချင်းရက်မှာဝင်ငွေစံချ်န်ချိုးခဲ့တဲ့ Howl's moving castleရဲ့အဖွင့်ရက်ဝင်ငွေကိုတောင် ပြန်ချိုးခဲ့ပြီးJapan box officeမှာ အောင်ပွဲခံခဲ့ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Studio Ghibliရဲ့ အော်စကာဆုရSpirited awayလို နတ်ဖွက်တဲ့ဇာတ်လမ်းပါပဲ။ ဒါပေမဲ့ တူတော့မတူဘူးဗျ။ alice in wonderlandလို အရသာမျိုးလည်းကြည့်နေရင်း ရပါတယ်။ဇာတ်လမ်းအကျဥ်းကတော့မဟိတိုဆိုတဲ့ကောင်လေး အမေဟာ ဆေးရုံမီးလောင်မှုမှာဆုံးပါးသွားခဲ့ပါတယ်။မဟတိုဟာ နောက်တော့ သူ့အဖေနဲ့အတူ တိုကျိုမြို့ကနေထွက်ခွာပြီးနယ်မြေလေးကိုပြောင်းရွှေ့ခဲ့တာပါ။ အဲ့ဒီနယ်မြို့လေးမှာက မဟိတိုရဲ့မိထွေးဖြစ်သူဟာ နေထိုင်နေတာလေ။တရက်ကျတော့ ငဟစ်ငှက်ကြီးတစ်ကောင်ပေါ်လာပြီးမဟိတိုရဲ့အမေမသေသေးကြောင်း မဟိတိုကိုလာပြောပါတယ်။အမေကိုပြန်တွေ့ချင်ရင် သူ့နောက်လိုက်ခဲ့ဖို့ပါထပ်ပြောတယ်လေ။နောက်ရက်အနည်းငယ်ကြာတော့ မဟိတိုရဲ့မိထွေးဟာ ပျောက်သွားခဲ့တယ်။အဲ့လိုနဲ့မဟိတိုဟာ မိထွေးဖြစ်သူကိုလိုက်ရှာရင်းကနေငဟစ်ငှက်ကြီးနဲ့ပြန်ဆုံပါတယ်။ငဟစ်ငှက်ကြီးဟာ တကယ်တော့....... အညွှန်းကိုဒီလောက်နဲ့ရပ်လိုက်ပါမယ်။ ဇာတ်လမ်းကောင်းတာလေးနဲ့အချိန်ကုန်ဆုံးချင်သူတွေကတော့ကြည့်ကိုကြည့်သင့်ပါတယ်။ ရုပ်ရှင်ကားကို ...
movie
The Boy and the Heron (2023)
2023
5.7
Assassination Classroom: Graduation (2016)
Assassination Classroom: The Graduation (2016)Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှ သူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက် မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့ အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့ သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကို ရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ... Anime မှာ S2 နဲ့အဆုံးသတ်သွားသလို ဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။File size…2.26GB / 1.14GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (HardSub) Encoder… YK Translated by Moe Pwint Phyu
movie
Assassination Classroom: Graduation (2016)
2016
6.2
Assassination Classroom(2015)
Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie
Assassination Classroom(2015)
2015
7.2
[18+]Wilderness: Part 1(2017)
[18+]Wilderness: Part 1(2017)***************************လက်ဝှေ့သမားဖြစ်တဲ့ ယူးဂျီကို သတ်ပစ်ချင်လောက်အောင် လက်စားချေချင်စိတ် ပြင်းပြနေတဲ့ ရှင်းဂျိက ဘယ်လိုအနိုင်ယူရမလဲစဉ်းစားရင်း ပိုက်ဆံလည်း မရှိ အိမ်လည်းမရှိ လေလွင့်နေတဲ့အဆုံးအရှုံးပေါ်လုနီးနီး လက်ဝှေ့သင်တန်းကျောင်းကို ဝင်လိုက်ပါတော့တယ်....ငယ်ငယ်ကတည်းက အမေဖြစ်သူကလည်း ထားသွား အဖေလည်းသတ်သေသွားတာကြောင့်တစ်ကောင်ကြွက်ဖြစ်ခဲ့ရသူရှင်းဂျိဟာ အစ်ကိုကြီးခန်းဂျိနဲ့ ဆရာဖြစ်သူကို မိသားစုလို သံယောဇဉ်ရှိလာခဲ့ပါတယ်ခန်းဂျိကတော့ အထစ်အထစ်ဖြစ်နေပြီး အရမ်းရှက်တတ်တဲ့ ဆံသဆရာပါ စကားမထစ် လူရာဝင်ချင်လွန်းတဲ့သူဟာ အရည်အချင်းလည်း ရှိတာကြောင့် လက်ဝှေ့လောကထဲ ခြေချခဲ့ပါတယ်...အဲ့ဒီနောက်မှာတော့ ....လက်ဝှေ့ကြိုးဝိုင်းထဲ ဘယ်သူတွေအောင်မြင်ကြမလဲဆိုတာကိုတော့..ဇာတ်လမ်းလည်းကောင်းသလို အိပ်ရာခန်းတွေလည်းပါတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...မင်းသားက ကျွန်တော်တို့ Kamen Rider W တို့ Drowning Love တို့ထဲကမင်းသားမလို့မစိမ်းလောက်ဘူးထင်ပါတယ် ကြည့်ရှုခံစားလိုက်ပါဦးဗျာFile Size :(1.5GB) and (628 MB) Quality : Blu-Ray 720p Format…mp4 Duration…02:37:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
[18+]Wilderness: Part 1(2017)
5.9
My Little Monster (2018)
My Little Monster (2018)~ MyDramaList - 7.8/10 ~ဂျပန်ပရိသတ်တွေ အတော်ရင်းနှီးလောက်မယ့် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားတဲ့ ဂျပန်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။Shizuku ဆိုတဲ့ကောင်မလေးရှိတယ်။ စာအရမ်းတော်တယ်။ အတန်းထဲမှာလည်း ထိပ်ဆုံး။ သူဟာ ပန်းခေတ်က လမင်းလေးပေါ့။ ကြယ်မြင်လမြင် လောကဓံတွေကိုလည်းမသိဘူး။ စာကလွဲ ဘာမှမသိတဲ့ သူ့ကမ္ဘာလေးဟာ ကျဉ်းကျဉ်းလေးပေါ့။ သူ့ရဲ့ နေ့ရက်အချိန်အခါတွေကို ကျက်စရာ စာတွေကပဲ ကြီးစိုးထားခဲ့တယ်။ ဒီလိုနဲ့ တစ်ခုသောနေ့ကို ရောက်လာခဲ့တယ်။အဲဒီနေ့မှာ Shizuku ဟာ Haru လို့ခေါ်တဲ့ ပင်လယ်တစ်၀က် တောင်တန်းတစ်၀က် လူပေလူတေလေးနဲ့ ကံကြမ္မာမိုးမည်းတွေရွာနေတုန်း ချစ်ခြင်းတရားမှတ်တိုင်ကလေးမှာ အတူတူထိုင်ပြီး မိုးအတူခို မိုးအတူစိုခဲ့ရတယ်။ စစချင်းတော့ သူတို့ဇာတ်လမ်းဟာ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေးနဲ့ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေးရဲ့ ဇာတ်လမ်းပေါ့။ Haru ဟာ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်ကို ရေးရင်း ...
movie
My Little Monster (2018)
2018
6.6
Character (2021)
CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie
Character (2021)
6.3
Someone (2016)
Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူအလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie
Someone (2016)
2016
6.4
Kiseki: Sobito of That Day (2017)
Kiseki: Sobito of That Day (2017)အတောင်မစုံခင် အရွယ်မှာ မိဘတွေရဲ့ဆန္ဒအတိုင်း နေခဲ့သလို အတောင်စုံလို့ အရွယ်ရောက်ချိန်အထိ မိဘတွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံနေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘတွေခင်းပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ရှေ့ရေးကို ကြိုမတွေးဘဲ တစိုက်မတ်မတ် အကောင်အထည်ဖော်သွားပြီး ဘဝကို နေပျော်အောင် နေသွားမလား။ဒီမေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့ခေါ်တဲ့ ညီအစ်ကို၂ယောက်က အခုဇာတ်လမ်းထဲမှာ အဖြေပေးသွားပါတယ်၊ အဖေဖြစ်သူက သား၂ယောက်ကို ဘဝနောင်ရေးစိတ်အေးရအောင် သူ့အတိုင်း ဆရာဝန်ဖြစ်စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အပျော်တမ်းတီးဝိုင်းငယ်ထောင်ပြီး ဘဝကိုရှေ့ဆက်နေသူ၊ တစ်နည်းပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီးပေါ့။ညီငယ် ဟိဒဲ ကတော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်အောင်ကြိုးစားပေမယ့် လိုအပ်ချက်တွေကြောင့် သွားဆေးကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိအောင် ကျောင်းက ဝါသနာတူသူငယ်ချင်းတွေနဲ့ ကျောင်းတွင်းတီးဝိုင်းလေးဖြစ်တဲ့ Green ...
movie
Kiseki: Sobito of That Day (2017)
2017
Cube (2022)
Cube (2022)Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ထောင်ချောက်နဲ့ ပဟေဠိတွေ၊ ဘယ်အချိန် ဘယ်လိုနည်းနဲ့ သေမလဲ မှန်းဆမရမှုတွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ သေဆုံးမှုတွေကြောင့် ဂျပန် survival genreဟာ Respectပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်ကတော့ မူရင်း ကနေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်တွေရဲ့ ၄ကားမြောက် ပုံစံမျိုးပါ။ယောကျ်ားသား ၅ယောက်နဲ့ မိန်းမ ၁ယောက်၊ ဘယ်လိုဘယ်ပုံနဲ့ရောက်လာမှန်းမသိလိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူတွေ၊ ဒီလူ၆ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူတွေမဟုတ်သလို တစ်ကြိမ်တစ်ခါတောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်တွေဆိုပေမယ့် တစ်ဦးချင်းစီရဲ့နောက်ကြောင်းဟာ ရိုးရှင်းမှု၊ရိုးဖြောင့်မှုမရှိတာတော့ တူညီနေသူတွေ...သူတို့ရောက်နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အပေါ်၊ အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်ပေါက်များရှိနေသည်၊ မြင်သာအောင် ပြောရရင် လူ၆ယောက်ဖမ်းခံထားရသော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထားသော ထူးဆန်းသည့် အဆောက်အအုံကြီးဖြစ်သည်။လက်ရှိရောက်နေသည့် အခန်းမှသည် ရွေးချယ်စရာ ဂယ်ပေါက် ၆ပေါက်အထိ ပေးထား၍ ကြိုက်သည့်အပေါက်မှ ...
movie
Cube (2022)
2022
6.3
Threads – Our Tapestry of Love
Tapestry a.k.a Yarn (2020) =================မမ Nana Komatsu ရဲ့ ၂၀၂၀ တုန်းကထွက်ထားတဲ့ ရုပ်ရှင်လေးပါ။ဘဝဆိုတာ တစ်ဖြောင့်တည်းမျိုးတော့ ဘယ်ဟုတ်မလဲ။ လူပေါင်းများစွာနဲ့ကြုံတွေ့ရတယ်၊ ခွဲခွာရတယ်။ အမှောင်ထဲရောက်လိုက်၊ အလင်းထဲမှာကျင်လည်လိုက်နဲ့ အသက်ရှုနေသမျှကာလပတ်လုံး ရုန်းကန်လှုပ်ရှားရတယ်။ဒီဇာတ်လမ်းလေးမှာတော့ ဟဲအီဆေးခေတ်စတင်တဲ့ (၁၉၈၉-၂၀၁၉) မှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ၊ အောင်မြင်မှုတွေနဲ့ လုံးလည်ချာလည်လိုက်နေရမှုတွေ၊ တစ်ယောက်သောသူပြန်လာမယ်အထင်နဲ့ မြို့ကနေလုံးဝမခွာတဲ့ကောင်လေးနဲ့ နေရာမျိုးစုံလျှောက်သွားနေတတ်တဲ့ကောင်မလေးတို့ရဲ့ ကံကြမ္မာကိုအဓိကထားပုံဖော်ထားတာဖြစ်ပါတယ်။(ဇာတ်ကားနဲ့အညွှန်းကို Nay Lin Thar မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.64GB, 1.12GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 10Min Type - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Nay Lin Thar Encoded by ...
movie
Threads – Our Tapestry of Love
2020
7.1
Loved Like a Flower Bouquet (2021)
I Fell in Love Like a Flower Bouquet (2021)အသက်၂၁နှစ်အရွယ် တက္ကသိုလ် ကျောင်းသားချစ်သူနှစ်ဦးကြားက ချိုချဉ်ခါးအရသာအစုံ ပေးမယ့် ဂျပန်ရိုမန့်ခပ်ငြိမ့်ငြိမ့်လေးလာပါပြီဗျာရာမာနဲမူကီနဲ့ ဟာချီရာကီနှစ်ယောက် ရထားဘူတာမှာ ဆုံတွေ့ခဲ့ရင်းက ထူးဆန်းစွာပဲ အကြိုက်ချင်း ဝါသနာချင်း အသေးစိတ်လေးကအစ တူညီနေကြတာကို သိလိုက်ရပါတယ်ထပ်တူကျတဲ့ ဝါသနာအကြိုက်လေးအကြောင်းတွေကို ဖလှယ်ရင်း ဆွေးနွေးရင်း နောက်တော့ တရက် မတွေ့ရမနေနိုင်ဖြစ်သွားပြီး ချစ်မိခဲ့ရောပေါ့အဲ့လိုနဲ့ နှစ်ယောက်သား living together နေကြရင်း ဖြတ်သန်းလာကြရတဲ့ ၄နှစ်တာ ချစ်သူမက ဆက်ဆံရေးမှာ လူမှုရေးကိစ္စပြသနာတွေနဲ့ အမြင်ကွဲလွဲမှုတွေဝင်ရောက်လာတဲ့အခါ... စိတ်တူကိုယ်တူသူတို့နှစ်ယောက်ကြား ပျော်ရွှင်မှုဆိုတာ တည်မြဲနိုင်ခဲ့သလားဆိုတာကိုလူငယ်နှစ်ယောက်ရဲ့ အချစ်ရေး စလယ်ဆုံး အမျိုးစုံကြိုးခုန် အဖြစ်အပျက်တို့ကို လက်တွေ့ဆန်ဆန် ပုံဖော်ထားတဲ့ ဒီကားလေးမှာကြည့်ရှုရမှာပါမိုးအေးအေးလေးမှာ ကွေးကွေးလေးနဲ့ အတည်ကြီး ဖီးလ်တတ်ရင် ကြည်နူးမိရင်း ငိုချင်မိသလိုဖြစ်သွားစေမှာလည်း အမှန်အကန်ပါ ။( အညွှန်းရေးသားထားသူကတော့ Hay Mann ...
movie
Loved Like a Flower Bouquet (2021)
6.5
The Great War of Archimedes (2019)
[Unicode]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ဒီဖိုင်းကုန်ကျစရိတ်အမှန်ကို ဖော်ထုတ်ပေးဖို့ပါပဲကိုင် တစ်ယောက် ဘာမှအသေးစိတ်မသိရပဲဘဲနဲ့ ကိန်းဂဏန်းတွေဟာမလိမ်ညာတတ်ဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ သူ့တာဝန်တွေကိုပြီးမြောက်အောင်လုပ်ခဲ့ပါတော့တယ် သို့သော်လည်း သူမသိသေးတဲ့ ရေတပ်နောက်ကွယ်ကလူတွေရဲ့ လျှို့ဝှက်ချက်ကိုသိလာရတဲ့အခါမှာတော့....နိုင်ငံကိုကာကွယ်ဖို့ကြိုးစားနေကြတဲ့ ရေတပ်ကတပ်မတော်သားတွေအကြောင်းနဲ့ ကိုင်ရဲ့ ထက်မြက်လှတဲ့ နည်းလမ်းတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သော အင်ပါယာ တက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေး ကိုင် တာဒါရှီတစ်ယောက်... မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ်သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ...
movie
5.7
Fireworks, Should We See It from the Side or The Bottom? (2017)
ဇာတ်ကားမိတ်ဆက် --------------------- ဒီဇာတ်ကားရဲ့ အင်္ဂလိပ်နာမည်က Fireworks, Should We See It from the Side or the Bottom? တဲ့ မြန်မာလိုကတော့ "မီးရှူးပန်းတွေကို ဘေးတိုက်ကြည့်မလား အောက်တည့်တည့်ကနေကြည့်မလား" လို့အဓိပ္ပာယ်ရတယ်။ဇာတ်ကားရဲ့နာမည်အတိုင်းပဲ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းတစ်စုရဲ့ မီးရှူးပန်းကိုဘေးတိုက်ကြည့်ရင် အပြားလိုက်မြင်ရမလား တည့်ကြည့်ရသလိုပဲ အလုံးလိုက်မြင်ရမလားအငြင်းပွားကြတဲ့ Concept အပေါ်မှာအခြေတည်ပြီးတော့ ရိုက်ကူးထားတဲ့ Romance, Drama , Fantasy အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ၁၉၉၅ ခုနှစ်တုန်းက အဆိုပါနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ Live Action Movie ကို Anime အသွင်ပြန်လည်ဆန်းသစ်ပြီး ရိုက်ကူးထားတာပါ။ဒါရိုက်တာကတော့ နာမည်ကျော် Anime Series တစ်ခုဖြစ်တဲ့ Puella Magi Madoka Magica အပြင် တခြား Anime Series/Movies တွေရဲ့ပဲ့ကိုင်ရှင် Akiyuki Shinbo ပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဂျပန်ပြည်တွင်းရော ...
movie
Fireworks, Should We See It from the Side or The Bottom? (2017)
2017
6.4
Gintama (2017)
၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့Live action လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ဒီဇာတ်ကားဟာလဲ ၀င်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကိုဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီးတိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာဂြိုဟ်သားတွေကိုခုခံနိုင်မှာလားဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါQty - 720p BlurayDuration - 1hr 56minGern - Action / ThrillTranslator - KenEncoder - Kyaw Ye Aung
movie
Gintama (2017)
2017