Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masaki Miura
6.5
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)
သာယာတဲ့ ပုံမှန်နေ့လေးတစ်နေ့မှာ Uda မိသားစုအနေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါတော့တယ်။ မိသားစုထဲက အငယ်ဆုံးလေး Yuzuha ကို မတရား ပြန်ပေးဆွဲခံရတဲ့ အကြောင်းပြချက်က နိုင်ငံရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အခါ သူတို့ ဘာတွေ ဆက်လုပ်ကြမလဲ။အမှန်တရားကို ရှာဖွေချင်တဲ့ ဦးလေးဖြစ်သူ Kouji Uda ရော တူမလေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူတွေ ကစားကြတဲ့ နိုင်ငံရေး အရှုပ်တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူတွေက ဘယ်သူတွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်တွေကတောင် အလျော်အစားကြီးမားလွန်းနေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ပြောင်းလဲစေတဲ့ ရွေးချယ်မှုတွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တစေ့တစောင်း ပြသနေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူးနေကျ Crime/ ...
movie
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro (2023)
5.2
Knuckle Girl (2023)
Knuckle Girl (2023)Alice in Borderland မှာ Ann အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ayaka Miyoshi ရဲ့ကားအသစ်ပါ။ ကိုရီးယားဒါရိုက်တာ ကိုရီးယားဇာတ်ညွှန်းရေးဆရာတွေက ရိုက်ကူးရေးသားထားပြီး ဂျပန်သရုပ်ဆောင်တွေ သုံးထားပါတယ်။ Korea Webtoon ကနေ ကိုရီးယားဇာတ်ညွှန်းရေးဆရာက ဇာတ်ညွှန်းပြန်ရေးထားတာမို့ ကိုရီးယားအငွေ့အသက်တော့ ရနေဦးမှာပါပဲ။ ဒီကားရဲ့ ဇာတ်ညွှန်းရေးဆရာကတော့ The Villainess တို့ Carter (2022) တို့လို ကိုရီးယားကားကိုမှ Non-stop Action ဆန်ဆန်ကားတွေကို ဇာတ်ညွှန်းရေးခဲ့တဲ့သူဆိုတော့ ဒီကားမှာလည်း မင်းသမီး ဘယ်လောက်တောင် မနားတမ်းကြုံးရမလဲ မေးနေစရာတောင်မလိုလှဘူး။ဇာတ်လမ်းကတော့ ဒီလို။ အဖေရော အမေရောမရှိတော့ဘဲ အစ်မနဲ့ညီမပဲ အတူတူရုန်းကန်နေတဲ့ မိသားစုတစ်ခုရှိတယ်။ အမက ဒုစရိုက်နဲ့မကင်းတာတွေလုပ်ပြီး အန္တရာယ်ကြုံနေရတဲ့အချိန် ညီမက သူ့အစ်မကို ဒါတွေမလုပ်ဘဲ ဘောက်ဆင်သမားဖြစ်လာစေချင်ခဲ့တယ်။ သူ့ညီမ ဆန္ဒအတိုင်း သူ့အစ်မက သူ့ညီမကို ဦးလေးနဲ့အဒေါ်အိမ်ထားခဲ့ပြီး ဘောက်ဆင်လောကထဲ ...
movie
Knuckle Girl (2023)
2023
7.2
The Lump in my Heart(2022)
The Lump in my Heart(2022)***************************ဒီကားကတော့ Alice In Boaderland ထဲမှာ Asahi Kujo အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောMizuki Yoshida က ဆယ်ကျော်သက်ကောင်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ဒရမ်မာကားတစ်ကားပဲဖြစ်ပါတယ်။ ချီနားဆုရဲ့အသက်လေးနှစ်တည်းက ဖခင်ဖြစ်သူဆုံးပါးသွားခဲ့ပြီး သူဟာမိခင်ဖြစ်သူနဲ့အမေတစ်ခုသမီးတစ်ခုနေထိုင်ရင်း စာရေးဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ဆယ်ကျော်သက်ကောင်မလေးပဲဖြစ်ပါတယ်။အမေဖြစ်သူကလည်း ဒီသမီးအတွက်ပဲသူ့ရဲ့ဘဝကိုမြှုပ်နှံခဲ့ရင်း သမီးဖြစ်သူကိုအမြဲတမ်းကလေးတစ်ယောက်လိုမြင်နေခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့်တစ်နေ့မှာတော့ချီနားဆုမှာရင်သားကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလိုက်တဲ့အခါမှာတော့ဘဝအလှည့်အပြောင်းတွေဆက်တိုက်ကြုံတွေလာရပါတော့တယ်...File Size :(1.2GB) and (680MB) Quality : WEB-DL1080p,720p Format…mp4 Duration…01:32:00 Genre : Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Aung Paing Phyoe Encoded by Phyo Pyae
movie
The Lump in my Heart(2022)
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
Motherhood (2022)
Motherhood (2022)"အမှောင်ထဲမှာ ကျွန်မရဲ့လက်တွေကို ဆုပ်ကိုင်ပေးထားတာ အမေရယ်ပါလို့ကျွန်မတွေးနေမိတာ.... ဘယ်လိုတောင် မျက်နှာပြောင်တိုက်တာပါလိမ့်နော်" (ဆာယာခါ)"ကျွန်မသူ့ကို အကြင်နာတွေ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ပျိုးထောင်လာခဲ့တာ သူသတ်သေတယ်ဆိုတာမဖြစ်နိုင်ဘူး" (စုယုကိ)"ပင်ကိုဓာတ်ခံ အမျိုးသမီးတစ်ယောက်ရဲ့ဗီဇလို့သတ်မှတ်နေကြပေမဲ့ 'မိခင်မေတ္တာ'ဆိုတာ ကျွန်မတို့မှာ မွေးကတည်းကပါလာတဲ့အရာမှမဟုတ်တာ"လောကကြီးမှာ ရင်နာစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကတော့ ကိုယ့်ကိုမုန်းတီးနေတဲ့လူဆီက ချစ်ခြင်းမေတ္တာကိုမှ တမ်းတမိနေခြင်းပါပဲ။ ဒါပေမဲ့ ဝဋ်ကြွေးလို့ပဲဆိုရမလား မရနိုင်မှန်းသိနေတဲ့အရာကိုမှတမ်းတတတ်တဲ့ညဉ်ဆိုးပါလာတာလား မပြောတတ်ပေမဲ့ လူတော်တော်များများကတော့ ဒီလိုအခြေအနေကနေ ရုန်းထွက်ဖို့ကိုမဝံ့ရဲတတ်ကြပါဘူး။ဒီMotherhoodဆိုတဲ့ရုပ်ရှင်လေးမှာလည်း သမီးဖြစ်သူကိုမချစ်နိုင်တဲ့အမေ၊ ကိုယ့်ကိုမချစ်မှန်းသိသိကြီးနဲ့ အမေဖြစ်သူရဲ့ချစ်ခြင်းမေတ္တာကိုမှ တမ်းတနေတဲ့သမီးဖြစ်သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကို ရိုက်ကူးပြထားတာပါ။စုယုကိဟာ အမေကိုသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက် အမေက ၁ ဆို ၂ မလုပ်တတ်တဲ့ အမေ့စကားဆိုရင် မြေဝယ်မျကနားထောင်တတ်တဲ့သူလေးပေါ့။ စုယုကိကတော့ တာဒိုကိုရိုကိုသဘောမကျပေမဲ့ အမေဖြစ်သူရဲ့စကားတစ်ခွန်းနဲ့ပဲ ကိုယ်နဲ့မလိုက်ဖက်မှန်းသိသိကြီးနဲ့ ဘေးလူတွေကလည်းတားဆီးနေပါရက်နဲ့ ဇွတ်လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ တာဒိုကိုရိုတို့မိသားစုက တော်တော်လေးမွန်းကြပ်စရာကောင်းတဲ့မိသားစုဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူတာဒိုကိုရိုဟာ စုယုကိကိုကြင်နာဖေးမရကောင်းမှန်းမသိပါဘူး။ ဒါပေမဲ့ စုယုကိကတော့ အမေ့မျက်နှာတစ်ကမ္ဘာနဲ့ ပျော်ရွှင်နေဆဲပါပဲ။ဒီလိုနဲ့ စုယုကိတစ်ယောက် ကိုယ်ဝန်ရှိလာချိန်မှာတော့ သူကိုယ်တိုင်မိခင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။ တာဒိုကိုရိုနဲ့ အချစ်တွေ သံယောဇဉ်တွေမပါဘဲ ဝတ္တရားသက်သက် တည်ဆောက်ထားတဲ့ ဒီအိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆာယာခါလေးကို စုယုကိတစ်ယောက် ဘယ်လိုမှမေတ္တာမပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့ မီးလောင်မှုဖြစ်ပြီးတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရချိန်မှာတော့ စုယုကိနဲ့ဆာယာခါကြားမှာ ...
movie
Motherhood (2022)
6
[18+] Hirugao (2017)
Hirugao (2017)Hirugao: Love Affairs in the Afternoon ဆိုတဲ့ ဇာတ်လမ်းတွဲ အောင်မြင်ပြီးနောက်မှာ Hirugao The Movie ဆိုပြီး ထွက်လာတဲ့ကားပါပဲ။ စီးရီးထဲက သရုပ်ဆောင်တွေကိုပဲ သုံးပြီး ရုပ်ရှင်အနေနဲ့ ရိုက်ထားတာပါ။ Shin Ultraman ရဲ့မင်းသား Takumi Saito က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသမီးကတော့ နာမည်ကျော် Azumi ကားတွေရဲ့ မင်းသမီး Aya Ueto ပါ။ မင်းသားချောချော မင်းသမီးချောချောနဲ့ ၁၈ပလပ်ဆန်ဆန်ရိုက်ထားပေမဲ့ တကယ်ကြည့်ကောင်း လှပတဲ့ကားလေးပါပဲ။ဇာတ်လမ်းကတော့ အိမ်ထောင်သည်စုံတွဲ၂ခုက ယောက်ျားနဲ့ မိန်းမက ဖောက်ပြန်ကြတယ်။ သူတို့အိမ်ထောင်ဖက်တွေသိသွားတော့ မိန်းကလေးရဲ့ယောက်ျားက မိန်းကလေးကိုကွာရှင်းပြီး ယောက်ျားလေးရဲ့မိန်းမက အဲဒီမိန်းကလေးကို သူ့ယောက်ျားနဲ့ အဆက်အသွယ်ထပ်မလုပ်ဖို့ စာချုပ်ချုပ်ခိုင်းထားခဲ့တယ်။ ဒီလိုနဲ့ ကောင်မလေးဟာတစ်ရပ်တကျေးမှာ ဘဝသစ်ထူထောင်ခဲ့တယ်။ တစ်နေ့ သူတို့ပြန်တွေ့ကြတဲ့အခါမှာတော့ မဖြစ်သင့်မှန်း သိသိလျက်ကြားကနေ ...
movie
[18+] Hirugao (2017)
2017
5.5
Yakuza Apocalypse (2015)
ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie
Yakuza Apocalypse (2015)
6.5
Zokki (2021)
ဂျပန်ရဲ့ အရည်အချင်းရှိတဲ့ နာမည်ကြီး သရုပ်ဆောင်နဲ့ဒါရိုက်တာ ၃ယောက် ပူးပေါင်းပြီးတော့ ရိုက်ကူးထားပြီး imdb 6.5/10ရရှိထားတဲ့ ဟာသ ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။main leadတွေအများကြီးနဲ့ ဝေဝေဆာဆာရိုက်ကူးထားတာပါ။Manga artistဖြစ်တဲ့ Hiroyuki Ohashiရဲ့ မန်ဂစီးရီးထဲက ဇာတ်လမ်းတိုတွေကိုစုစည်းပြီး ရိုက်ကူးထားတဲ့ Comedyရုပ်ရှင်ကားဖြစ်ပါတယ်။ ဟာသတွေ ဇာတ်ဝင်ခန်းတွေက ဂျပန်စတိုင်ဆန်လွန်းတယ်လို့ ပြောကြတာမို့ ဂျပန်cultureကို နှစ်သက်ရင်းနှီးပြီးသားသူတွေကတော့ ပိုပြီး ကြိုက်နှစ်သက်ကြမှာပါ။ပထမဆုံးဇာတ်လမ်းမှာတော့ စက်ဘီးတစ်စီးနဲ့ ခြေဦးတည်ရာသွားနေတဲ့ ဖူဂျီမူရာရဲ့အကြောင်းပါ။ သူ့မှာစက်ဘီးရယ် လွယ်အိတ်တစ်အိတ်ရယ် Porn magazineတစ်စောင်ရယ်ပဲပါပါတယ်။ စက်ဘီးစီးထွက်လာရင်းနဲ့ ငါးဖမ်းသမားအဖိုးကြီးနဲ့ဆုံပြီး အဖိုးကြီးရဲ့မွေးနေ့မှာ ဝင်စားသောက်ဖြစ်တဲ့အကြောင်းပါ။ နောက်တစ်ယောက်ကတော့ ပေါင်းစရာညိုကီမရှိတဲ့ ကြောင်တောင်တောင် ကျောင်းသား "မခိတ"ပါ။ အထက်တန်းကျောင်းမှာတော့ "ဘန်"ဆိုတဲ့ သူနဲ့ဘဝတူသူငယ်ချင်းတစ်ယောက်ရလာခဲ့ပေမဲ့ "ဘန်"က မခိတရဲ့အစ်မကို စွဲစွဲလမ်းလမ်းကြိုက်နေတဲ့သူပါ။ အစ်မကိုတွေ့ချင်စိတ်နဲ့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး မခိတအစ်မရဲ့အတွင်းခံဘောင်းဘီကို ယန်း၅သောင်းပေးပြီး ဝယ်တဲ့လူပါ။ နောက်ဇာတ်လမ်းကတော့ သားအဖနှစ်ယောက်အကြောင်းပါ။ အဖေဖြစ်သူက လက်ဝှေ့ဝါသနာပါပေမဲ့ ပိုက်ဆံမရှိတော့ ...
movie
Zokki (2021)
6.2
My Man (2014)
My Man (2014)အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်...မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်...ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ်တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ်ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ...ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt
movie
My Man (2014)
7.0
Fukushima 50 (2020)
Fukushima 50 (2020)အညွှန်း*************************ဂျပန်နိုင်ငံတစ်နိုင်ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်ကို ထုတ်လုပ်ပေးနေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်အားကြီးတဲ့ ငလျင်ဒဏ်နဲ့ ဆူနာမီလှိုင်းဒဏ်တွေကြောင့်စက်ရုံတစ်ခုလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ဓာတ်ပေါင်းဖိုတွေ အပူလွန်ကဲပြီး ပေါက်ကွဲတော့မယ့် အခြေအနေနဲ့ကြုံခဲ့ရပါတယ်။ဒီအခြေအနေကို ရှေ့တန်းက ရင်ဆ်ိုင်ဖြေရှင်းရသူတွေကတော့ဒိုင်အီချိ စက်ရုံက အလုပ်သမား ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie
Fukushima 50 (2020)
7.3
Theatre: A Love Story (2020)
ဒီတခါတော့ ၂၀၂၀ထွက် ဂျပန်romance/dramaဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်. တကယ်ကို ရင်ထဲမှာ ခံစားသွားရစေမယ့် အချစ်ဇာတ်လမ်းလေးတပုဒ်ဆိုလဲ မမှားပါဘူး. ဇာတ်လမ်းအကျဉ်းလေးကတော့ Nagataဟာ သိပ်ကို အနုပညာဘက်မှာ ထူးချွန်ချင်တဲ့ လူတစ်ယောက်ပါ. သူဟာ ပြဇာတ်တွေအတွက် ဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်ပြီး အဲ့ဒီအလုပ်ကလွဲရင် တခြားဘယ်အလုပ်ကိုမှ မလုပ်ချင်တဲ့ခေါင်းမာတက်တဲ့ လူလဲဖြစ်ပါတယ်. တနေ့မှာတော့ သူ့ဘဝထဲကို သိပ်ကိုဖြူစင်ပြီး လှပတဲ့ နတ်သမီးလေး Sakiဝင်ရောက်လာခဲ့ပါတယ်. Nagataဟာ ပြဇာတ်တွေရေးရတာကို ဝါသနာပါပေမယ့် ပါရမီတော့ မပါခဲ့ပါဘူး. ဒီတော့ လူတွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီး သူ့အဖွဲ့ဟာလဲ ပျက်သွားခဲ့ပါတယ်. အဲ့ဒီအချိန်မှာ Sakiကို သူက သရုပ်ဆောင်ခိုင်းကြည့်ခဲ့ပါတယ်, သွက်သွက်လက်လက်နဲ့ ပါရမီရှိတဲ့ Sakiလေးပါတော့ ပရိတ်သတ်တော်တော်များများက သဘောကျကျပြီး သူ့ဇာတ်လမ်းလဲ ပေါက်သွားခဲ့ပါတယ်. ဒါပေမယ့် သူကတော့ နောက်ပြဇာတ်တွေမှာ Sakiကိုထပ်မသုံးတော့ပါဘူး ဘာလို့လဲဆိုတော့ သူ့ကောင်မလေးဖြစ်တဲ့ Sakiကပါရမီရှိတာသိသာလေလေ သူကအရှုံးသမားဆိုတာ ပိုပြီးသိသာလာလေလေလို့ သူတွေးမိခဲ့လို့ပါပဲ. အပြစ်ကင်းတဲ့ Sakiလေးကတော့ ဒါတွေကို နားမလည်ခဲ့ပါဘူး. သူတို့နေတဲ့ တိုက်ခန်းခတွေ အသုံးစရိတ်တွေကို ပေးနိုင်ဖို့ အလုပ်ကိုနေ့ရောညရော လုပ်နေခဲ့ပါတယ်. Sakiက ပိုပြီးဖြူစင်တာကို သိလာလေလေ Nagataဟာ ပိုပြီး အပြစ်ရှိခံစားစိတ်ဖြစ်လာလေလေပါပဲ. သူတို့နှစ်ဦးရဲ့ဇာတ်သိမ်းက ဘယ်လိုများဖြစ်မလဲ? Sakiနဲ့Nagataပေါင်းဖက်နိုင်ရဲ့လားဆိုတာကို ဇာတ်သိမ်းပိုင်းထိ ဆွဲဆောင်နိုင်ပြီး ရင်ထဲမှာ ခံစားချက်တစ်ခု ထည့်ပေးနိုင်တဲ့ ဂျပန်ဒရာမာ ဇာတ်လမ်းလေးဖို့ ကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ. File Size - ...
movie
Theatre: A Love Story (2020)
2020
5.8
[18+] Aroused by Gymnopedies (2016)
(Dark Side Production မှ တင်ဆက်သည်။)အချစ်အကြောင်း ဒသနတွေအပြည့်နဲ့ ပိုက်ဆံမရှိတဲ့ဒါရိုက်တာကြီး..."ဖူရူကာ" .........................................................ဒါရိုက်တာကြီးဟာ အချစ်ရဲ့အဓိပ္ပာယ်... အချစ်ရဲ့အနှစ်သာရ.... အချစ်ရဲ့ သဘာဝအစစ်အမှန် .....တွေကို ထူးခြားတဲ့အတွေးအမြင်တွေနဲ့ အဓိပ္ပာယ်ဖွင့်ဆိုတတ်သူပါ...... အဲ့ဒါကြောင့်ပဲလားတော့မသိ..... အချစ်ငတ်သူတွေ သူ့နားမှာ ဝိုင်းဝိုင်းလည်နေတယ် .....ဒါရိုက်တာကြီးရဲ့ အချစ်ကို ငတ်မွတ်နေတဲ့မိန်းကလေးတွေကတော့ .....၁)အိမ်ဘေးကကောင်မလေး......၊ ၂)တက်သစ်စ ရုပ်ရှင်မင်းသမီးလေး အန်ရီ ၊..... ၃)ချမ်းသာတဲ့ တပည့်ကျောင်းသူမလေး.ယူကာ ၊..... ၄)လုပ်ဖော်ကိုင်ဖက် ငယ်သူငယ်ချင်း၊... ၅)ခင်ပွန်းဟောင်း ငွေလိုတဲ့အတွက် ခန္ဓာကိုယ်ကိုပါ စတေးရဲတဲ့ ဒါရိုက်တာကြီးရဲ့ ဇနီးဟောင်းလေး..... ရင်ကို ၆)ဆေးရုံတက်နေရတဲ့ ဒါရိုက်တာကြီးရဲ့ ဇနီးကို ပြုစုစောင့်ရှောက်ပေးနေတဲ့ သူနာပြုဆရာမလေး.....ကဲ ဒါရိုက်တာကြီးဟာ ဆင်းရဲပါတယ်.....ဆင်းရဲရတာကလည်း ပိုက်ဆံမမက်လို့ပါ "ဘတ်ဂျက်နည်းပေမယ့်လဲ စိတ်ဓာတ်မြှင့်မြတ်ရင် ရုပ်ရှင်ကောင်းတွေ ထွက်တယ်"ဆိုတဲ့ သူ့ရဲ့ဆောင်ပုဒ်ကြောင့်လဲ ဆင်းရဲနေတာ ဖြစ်မှာပါလူဆင်းရဲပေမယ့် အချစ်တော့ မဆင်းရဲပါဘူး.... အတ္တမပါပဲ ပေးဆပ်တဲ့ အချစ်ပဲဆိုပြီးတော့လည်း သူ့ကိုယ်သူ အဓိပ္ပာယ် ဖွင့်ဆိုလိုက်ပါသေးတယ်ကဲ ဒါရိုက်တာကြီးကို အားကျတယ်ဆိုရင်တော့.......အရင်ဆုံး ရုပ်ရှင်လေးကို ကြည့်လိုက်ပါဦး.....ဒါရိုက်တာကြီးရဲ့ အချစ်အပေါ် ခံယူချက်ကို ပြည့်ပြည့်စုံစုံသိရစေချင်လို့ပါ စာကြွင်း သို့ အရိပ်အမြွက်....... ဇာတ်ညွှန်းထဲက စာရင်းမှာ မိန်းကလေးသရုပ်ဆောင် ၆ယောက်ပါပါတယ်.....ပရိသတ်ကြီးလည်း အနည်းဆုံး ၆ခန်းကြည့်ရမှာပါ.....။ File size…(800 MB) and (310 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:23:00 Subtitle….Myanmar Subtitle (Hardsub) Encoder….RGBTranslated ...
movie
2016
5.7
Monsterz (2014)
2014 ကထွက်ရှိထားတဲ့ ဂျပန်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက Drama နဲ့ Sci fi ကားလေးဖြစ်ပြီး Death Note ဇာတ်ကားနဲ့နာမည်ကြီးလာပြီး မြန်မာပရိတ်သတ်တွေနဲ့ရင်းနှီးခဲ့တဲ့မင်းသား တက်ဆုယာ က ခေါင်းဆောင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး Japan မှာ ဒီကားက ၂၀၁၄ အတွက်ဝင်ငွေစံချိန်တွေချိုးထားပါသေးတယ်မန်း ဆိုတဲ့လူတစ်ယောက်ကသူ့ရဲ့မျက်လုံးနဲ့တခြားလူတွေကိုကြိုးကိုင်ခြယ်လှယ်နိုင်တဲ့စွမ်းအင်ကိုရရှိခဲ့တယ်။အဲ့ဒီစွမ်းအင်ကြောင့်ပဲသူ့အမေကိုအရှက်ရအောင်လုပ်တဲ့သူ့ရဲ့ရိုင်းဆိုင်းကြမ်းတမ်းတဲ့အဖေကိုသူကိုယ်တိုင်သတ်ပစ်ခဲ့တယ်။အခုတော့သူ့ဘဝကမြို့ကြီးရဲ့အမှောင်ထုဘက်ခြမ်းမှာနေထိုင်နေရတယ်။ အဲ့ဒီအချိန်မှာပဲ ရှုအိချိ တာနကာ လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပေါ်လာတယ်။သူကလည်းမိသားစုမရှိဘူး ဒါပေမယ့် သူငယ်ချင်းတွေနဲ့နေတယ်။သူကဆင်းရဲနေတာတောင်သူ့ဘဝကသာသာယာယာပါပဲ။ တစ်နေ့မှာ အဲ့လူနှစ်ယောက်ကဆုံခဲ့ကြတယ်။မန်း ကစိတ်ရှုပ်လာတယ် ဘာလို့လဲဆိုတော့ ရှုအိချိ တာနကာ ကိုသူ့ရဲ့ကြိုးကိုင်ခြယ်လှယ်လို့မရဘူးဖြစ်နေတယ်.... နောက်ပိုင်း မန်း နဲ့ ရှုအိချိ တာနကာ ဘယ်လိုတွေတိုက်ခိုက်ကြမလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့..... Qty - 720p HDTVDuration - 1hr 45minGern - Drama / Sci - FiSubtitle - MyanmarTranslator - KenEncoder - Kyaw Ye Aung
movie
Monsterz (2014)
2014