Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masaharu Fukuyama
6
Galileo : Kindan no Majutsu (2022)
Galileo Kindan No Majutsu 2022 (IMDb 6.0/10)Japanese Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက Silent Parade (2022) ဆိုတဲ့ ဇာတ်ကားမတိုင်ခင် လေးနှစ်အလိုကို အခြေတည်ပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ဂျပန်တွေရဲ့ထုံးစံအတိုင်း သူတို့နိုင်ငံရဲ့ သိပ္ပံနဲ့နည်းပညာပိုင်းကို အသားပေးဖော်ပြပြီးတော့ မှုခင်းတားဆီးရေးစုံထောက် Character နဲ့ပေါင်းစပ်ထားတဲ့ ဇာတ်ကားအမျိုးအစားလေးပါပဲဇာတ်အိမ်လေးကတော့ တိုတေ တက္ကသိုလ်က သုတေသန သိပ္ပပညာရှင် ယူကာဝါ ဆန်ဆဲ ဟာ သူ့ဆီကို သတင်းထောက်တစ်ယောက်ကယူလာတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင်ကနေစပြီး နောက်ဆက်တွဲမှုခင်းတွေကိုဖော်ထုတ်ပါတယ်...... ရဲစုံထောက်ဖြစ်တဲ့ ကူဆန်နာဂီ တို့ရဲ့ဌာနကလည်း အမှုက နည်းပညာပိုင်းဖြစ်နေတော့ ယူကာဝါ ဆန်ဆဲ ရဲ့အကူအညီကုလည်းယူရင်း ယူကာဝါ ရဲ့မှုခင်းအပေါ် သူ့ရဲ့ စုံထောက်ဉာဏ်ကွန့်မြူးတာတွေကိုပါ ပေါင်းစပ်ပြီးတော့ ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Mystery, Crime Quality…. 1080p | 720p File size… 1.6GB | 772MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie
Galileo : Kindan no Majutsu (2022)
2022
7.4
Suspect X (2008)
Suspect X (2008)~ IMDb – 7.4/10, MyDramaList – 8/10 ~"ပုစ္ဆာတစ်ပုဒ်ကိုဖန်တီးရတာနဲ့ ဖြေရှင်းရတာမှာ ဘယ်ဟာကပိုခက်မလဲ"ဟာနာအိုကာ ယာဆုကို (Hanaoka Yasuko) ဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားတဲ့ တစ်ကိုယ်တော်မိခင်လည်းဖြစ်သလို တစ်ခုလပ်အမျိုးသမီးတစ်ယောက်လည်းဖြစ်ပြီး သူ့သမီး မီဆာတို (Misato) နဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူတို့သားအမိရဲ့တိုက်ခန်းဆီ ယာဆုကိုရဲ့ခင်ပွန်းဟောင်း တိုဂါရှိ (Togashi) ပေါက်ချလာပြီး သူ့ထုံးစံအတိုင်း မိန်းမနဲ့သမီးကို ခြိမ်းခြောက်ငွေညှစ်ရာမှ လက်တွေပါကုန်ရင်း နောက်ဆုံးမှာ ယာဆုကိုတို့သားအမိဟာ တိုဂါရှိကို မတော်တဆသတ်မိသွားတော့တယ်။ ယာဆုကိုတို့ရဲ့ဘေးတိုက်ခန်း အိမ်နီးချင်းဖြစ်တဲ့ အီရှီဂါးမိ တဲ့ဆုယ (Ishigami Tetsuya) ဟာ သူ့ဘေးခန်းကဝရုန်းသုန်းကားဆူညံသံတွေကိုကြားလို့ လာမေးရင်း အကြောင်းရင်းကိုသိသွားကာ ချက်ချင်းဆိုသလို ကူညီပေးပါတော့တယ်။ကြည့်လိုက်ရင် စိတ်ဓာတ်ကျနေသလိုလိုနဲ့ ကုပ်ချောင်းကုပ်ချောင်းနေတတ်တဲ့ အီရှီဂါးမိတဲ့ဆုယဟာ တကယ်တော့ အလွန်ထူးချွန်ထက်မြက်ပြီး ပါရမီရှင်လို့တောင် ခေါ်ထိုက်တဲ့ သင်္ချာဆရာတစ်ယောက်ဖြစ်တယ်။ သူ့တစ်နေ့တာရဲ့အပျော်ရွှင်ဆုံးအချိန်က ...
movie
Suspect X (2008)
2008
7.6
Rurouni Kenshin: The Legend Ends (2014)
Rurouni Kenshin: The Legend Ends (2014)_____IMDb - 7.6/10 2014 ခုနှစ်ထဲမှာပဲ ဒုတိယကား Kyoto Inferno နဲ့ ဆက်တိုက် ထွက်ရှိခဲ့တဲ့ တတိယာကားဖြစ်တဲ့ The Legend End ကိုဆက်လက် တင်ဆက်ပေးလိုက်ပါတယ် ဗျ Kenshin ဆိုတာတော့ ထွေထွေထူးထူးမိတ်ဆက်ဖို့လိုမယ်မထင်ပါဘူး။ ခရီးသွားဆာမူရိုင်းဆိုတဲ့ Animeရုပ်သံဇာတ်လမ်းနဲ့ စတင်ရင်းနှီးပြီးသားဖြစ်မယ့် ဒီဇာတ်လမ်းတွဲဟာ Watsuki Nobuhiro ရဲ့ ကမ္ဘာကျော် မန်ဂရုပ်ပြ လက်ရာတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ ဒါရိုက်တာOutomo Keishi ရိုက်ကူးပြီး၊ မင်းသား Satoh Takeru က Himura Kenshin အဖြစ် ပါဝင်သရုပ်ဆောင်တဲ့ Live-action ဇာတ်ကားကို ရုံတင်ခဲ့ပြီး၊ အဆင့်မြင့်တဲ့ထုတ်လုပ်ရေးကွာလတီ၊ မြန်ဆန်လှပတဲ့ အက်ရှင်ရိုက်ချက်တွေကြောင့် ပရိသတ်အားပေးမှုအထူးရခဲ့ကာ အက်ရှင်-မန်ဂ ကနေ ရုပ်ရှင်ပြောင်းရိုက်တဲ့ ဇာတ်ကားတွေအကြား စံပြ ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မန်ဂဇာတ်လမ်းရဲ့ Kyoto Arc ကို Kyoto Inferno နဲ့ The ...
movie
Rurouni Kenshin: The Legend Ends (2014)
2014
7.0
Last Letter (2020)
movie
Last Letter (2020)
2020
7.8
Like Father, Like Son(2013) IMDb.....7.8,,,,Rotten.....87% ဒီဇာတ်ကားရဲ့အစ(၁၀)မိနစ်လောက်မှာ ခင်ဗျားတို့ဟာ မိသားစုတစ်စုရဲ့ နိစ္စဓူ၀ လုပ်ငန်းစဉ်လေးတွေကိုတွေ့လိမ့်မယ်...အဖေရယ် အမေရယ် သားလေးတစ်ယောက်ရယ်.....အိမ်ထောင်ဦးစီးရဲ့ အလုပ်အကိုင်နဲ့ မိသားစုအပေါ်ဦးဆောင်ပုံ၊ သားသမီးနဲ့ မိန်းမအပေါ် ဘယ်လိုသဘောထားပုံကိုတွေ့ရမယ့်အပြင်ဇနီးသည်ဖြစ်သူရဲ့ ပါရမီဖြည့်ဟန်နဲ့ အသက်(၆)နှစ်အရွယ် သူတို့ထုဆစ်နေတဲ့သားလေးရဲ့ လောကကြီးပေါ် လျော်လှမ်းဖို့ကြိုးစားပုံတွေကိုပထမ(၁၀)မိနစ်လောက်မှာ သိသွားလိမ့်မယ်...တစ်နေ့ ဒီသားလေးမွေးတဲ့ ဆေးရုံကနေ လာခဲ့ဖို့ပြောလို့သွားတဲ့အခါမှာ ဆေးရုံက တာဝန်ရှိသူတွေကပြောတယ်....လွန်ခဲ့တဲ့(၆)နှစ်က ကျွန်တော်တို့ဆေးရုံမှာ ခင်ဗျားတို့ ကလေးလွဲသွားတယ်တဲ့......မိဘ(၂)ဦးအတွက် တကယ့်ကို အံအားသင့်စရာဖြစ်ရပ်ပါပဲ....အဲ့ဒီအချိန်မှာ သူတို့ DNA ပြန်စစ်တော့ တကယ်လည်း လွဲမှားနေတယ်....ဆေးရုံက လူကြီးတွေက လွဲခဲ့တဲ့ (၂)ဘက်မိဘတွေကိုတွေ့ဆုံပေးတယ်...ဒီနေရာမှာ ကြည့်ရှူနေတဲ့ ခင်ဗျားတို့သာဆိုရင်ရော ဘယ်လိုလုပ်မလဲ....ကိုယ့်သားလေးအရင်းဆိုပြီး(၆)နှစ်လုံးပြုစုပျိုးထောင်လာခဲ့တာ...ဟော ခုတော့ သားအရင်းမဟုတ်တော့ဘူးတဲ့.....ကလေးချင်းပြန် လဲမှာလား.....ဒီလိုကျပြန်တော့လည်း (၂)ဘက်မိဘတွေကမလုပ်ရက်ပြန်....မလဲရင်လည်း ကိုယ့်သားအရင်းမဟုတ်တဲ့အပြင် ကျောင်းမွေးစာရင်းမှာ မိဘရဲ့ DNAက မကိုက်လို့ကျောင်းအပ်ဖို့ကလည်းအခက်အခဲဖြစ်.....Capernaum(2018) ဇာတ်ကားထဲမှာတော့ ခင်ဗျားတို့အားလုံးဟာဇိမ်းရဲ့အဖြစ်တစ်ခုကို လိုက်လံခံစားရတာ...ပြောချင်တာက ဇိမ်းပါဝင်တဲ့Capernaum(2018)လိုကားမျိုးကိုကြိုက်တယ်ဆိုဒီကားကိုလည်းကြည့်ကြပါလို့ပြောချင်တယ်...ဒီကားမှာတော့ မိဘ (၄)ယောက်နဲ့ သားလေး(၂)ယောက်နောက်ကိုပါ လိုက်ပြီးတွေးရတယ်.....ငါဆိုရင်ရော ဘယ်လိုလုပ်မလဲ....အကောင်းဆုံးဖြစ်အောင် ...
movie
Like Father, Like Son (2013)
2013
7.2
Mirai(2018)
Mirai(2018)IMDb.....7.2,,,Rotten....92%"ကွန်" ဆိုတဲ့ ၄ နှစ်သားအရွယ်ကလေးလေးတစ်ယောက်၊ မိဘမေတ္တာတွေကို ပုံပြီးရနေတဲ့အချိိန်မျိုးမှာမှ သူ့ဘဝထဲကို "မိရိုင်" ဆိုတဲ့ညီမလေးတစ်ယောက် ဝင်ရောက်လာတဲ့အခါ အဖေနဲ့အမေဆီကရနေကြ အာရုံစိုက်မှု အလိုလိုက်မှု စတဲ့ဂရုစိုက်ခံရမှုအားလုံးကလည်း ညီမလေးဖြစ်သူ "မိရိုင်"ဆီအလိုလိုရောက်ရှိသွားပါတယ်... ၄နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ မနာလိုမှု ဝမ်းနည်းကြေကွဲရမှုတွေက ညီမလေး "မိရိုင်" ဆီ ဒေါသအဖြစ်ရောက်သွားပါတော့တယ်။ဒီလိုမျိုး တစ်ယောက်တည်းအထီးကျန်နေတဲ့ "ကွန်" ဆီကို ညီမဖြစ်သူ "မိရိုင်" ကအနာဂတ်ကနေ လူငယ်အသွင်ရောက်ရှိလာတဲ့အခါ "ကွန်"တစ်ယောက်ဘယ်လိုထူးဆန်းမှုတွေရဲ့ကြုံလာရမလဲ "မိရိုင်" ကရော ဘာလို့အနာဂတ်ကနေ ရောက်လာရတာလဲ တစ်အိမ်လုံးရဲ့ဖူးဖူးမှုတ်ခံထားရတဲ့အချိန် ရုတ်တရက် လျစ်လျူရှုခြင်းခံလိုက်ရတဲ့ကလေးတစ်ယောက်ကရော အနာဂတ်မှာ ဘယ်လိုတွေဖြစ်လာမလဲ စတဲ့မေးခွန်းပေါင်းများစွာနဲ့ ဒါရိုက်တာ"Mamoru Hosoda" ရဲ့ ဇတ်ကားအသစ်ဖြစ်တဲ့ "Mirai" ဆိုတဲ့ ရုပ်ရှင်က အခုဆိုရင် Best Animation Film nomineeအဖြစ် ၉၁ ကြိမ်မြောက် Oscar ဆန်ကာတင်စာရင်းမှာလည်း ပါနေပါသေးတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumiပဲဖြစ်ပါတယ်...File ...
movie
Mirai(2018)
2018
5.3
ManHunt (2017)
ဒီတစ်ခါတော့အတော်ကြမ်းပြီးအတော်မိုက်တဲ့တရုတ် ကိုရီးယား ဂျပန် ၃နိုင်ငံဖက်စပ်ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်တရုတ်မင်းသားကိုတော့ operation mekong ထဲမှာပရိတ်သတ်တွေမြင်တွေ့ပြီး ဖြစ်မှာပါကြမ်းကြမ်းရမ်းရမ်းနဲ့သဘာဝကျကျသရုပ် ဆောင်တတ်တာသူရဲ့အားသာချက်တစ်ခုပါပဲဇတ်လမ်းကတော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာဇတ်အိမ်တည်ထားပါတယ်တရုတ်လူမျိူးဒူချူးဟာနိုင်ငံခြားကနေရှေ့နေဘွဲ့ရခဲ့ပြီးဂျပန်နိုင်ငံဆေးဝါးကုမ္ပဏီတစ်ခုမှာအလုပ်လုပ် ကိုင်နေတဲ့အပြည်ပြည်ဆိုင်ရာရှေ့နေတစ်ဦးပါတစ်နေ့ တော့မမျော်လင့်ပဲရှေ့နေဒူချူးတစ်ယောက်မိန်းကလေးတစ်ယောက်ကိုသူကိုယ်တိုင်မသတ်ပဲချောက်ချခံလိုက်ရတဲ့အခါရဲတွေလက်ထဲကနေသူကိုယ်တိုင်မကျူး လွန်ခဲ့တဲ့အပြစ်အတွက်ထွက်ပြေးသောအခါဘာတွေ ဆက်ဖြစ်မလဲရှေ့နေဒူချူးကိုဘယ်သူကချောက်ချခဲ့တာလဲရှေ့နေဒူချူးကိုလက်ရဖမ်းဆီးဖို့ကြိုးစားနေတဲ့ဂျပန်စုံထောက်သူကကောဒူချူးကိုဖမ်းမိမှာလားတစ်ဖန်ရှေ့နေဒူချူးကိုသေစေချင်နေတဲ့လူတစ်စုသူတို့ကကောဒူချူးကိုဘာလို့သေစေချင်နေရတာလဲစသဖြင့်ဇတ်ကားတစ်ကားလုံးအက်ရှင်စွန့်စားခန်းတွေနဲ့ပရိတ်သတ်တွေကိုဆွဲဆောင်သွားမှာပါဒီကားကိုကျွန်တော်အမြင်အရဆိုရင်rating ကိုဒီထက်အများကြီးပေးသင့်တဲ့ဇတ်ကားပါကျွန်တော်ကိုယ်တိုင်ကြိုက်နှစ်သက်မိပြီးပရိတ်သတ်တွေလည်းအလွန်နှစ်သက်မယ်လို့အာမခံလိုက်ရပါတယ်ဒါနဲ့စကားမစပ်ကိုးရီးယားမင်းသမီးတွေဂျပန်မင်းသမီးတွေရယ်တရုတ်မင်းသမီးအလန်းလေးတွေပါပါဝင်ပါတယ်လို့ပြောကြားရင်းဒေါင်းလော့သာရဲရဲကြီးဆွဲလိုက်ကြပါ Qty - 720p BlurayDuration - 1hr 48minGern- Action / ThrillTranslator - John HtweEncoder - Kyaw Ye Aung
movie
ManHunt (2017)
2017