Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Maryam Supraba
5.8
Borderless Fog (2024)
"Borderless Fog" ရုပ်ရှင်ဟာ ဒါရိုက်တာ Edwinရိုက်ကူးထားတဲ့ 2024 ခုနှစ်ထွက် ရာဇဝတ်မှုသည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ဆိုးရွားလှတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အင်ဒိုနီးရှား-မလေးရှားနယ်စပ်ကို စေလွှတ်ထားတဲ့ဂျကာတာက စုံထောက် Sanja Arunika ကို ပုံဖော်ထားပါတယ်။ဒီဒေသဟာ သရဲခြောက်တယ်လို့ ယူဆရတဲ့ Ambong ရဲ့ဒဏ္ဍာရီတွေအပါအဝင် ဒေသဆိုင်ရာ ဒဏ္ဍာရီတွေထဲမှာစီးဝင်နေတာပါ။စုံထောက် Sanja ဟာ စိတ္တဇကွင်းဆက်လူသတ်မှုကိုနက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးလာတာနဲ့အမျှ အကျင့်ပျက်ခြစားမှု၊လူမှောင်ခိုကူးမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။သူမရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ သူမရဲ့အတိတ်နဲ့ သူမကိုခြောက်လှန့်နေတဲ့ အတွင်းစိတ်နတ်ဆိုးတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ လျှို့ဝှက်ဆန်းကြယ်မှု၊ သည်းထိတ်ရင်ဖိုစရာနဲ့ယဉ်ကျေးမှုဆိုင်ရာ ရိုးရာပုံပြင်တွေကို ပေါင်းစပ်တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတွေကို ထိုင်ရာက မထစတမ်းဆွဲဆောင်နိုင်တဲ့ ဇာတ်လမ်းတခုဖြစ်ပါတယ်။ File size…1.77GB / 966MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard ...
movie
Borderless Fog (2024)
6.2
Dancing Village: The Curse Begins (2024)
ကချေသည်ရွာ - ကျိန်စာများ၏ နိဒါန်း (၂၀၂၄)2022 ခုနှစ်က ကချေသည်သရဲကားဆိုပြီး အတော်လေးနာမည်ကြီးခဲ့တဲ့ စံချိန်တင် အင်ဒိုသရဲကား KKN, Curse of dancing village လေးကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းကတော့ ရွာမှာ ပရဟိတလာလုပ်တဲ့ ကျောင်းသားတစ်သိုက်နဲ့ ထူးဆန်းတဲ့ရွာလေးအကြောင်းကို အဓိကရိုက်ကူးပြခဲ့တာဖြစ်ပြီး အခု 2024 Dancing Village, The Curse Beginsမှာတော့ ဒီကျောင်းသားတွေ သွားခဲ့တဲ့ရွာလေးရဲ့အကြောင်းကို နောက်ကြောင်းပြန်ရှင်းမယ့် prequelလေးပါ။ ဒီကားလေးကို မသိကြသေးသူတွေရော သဘောကျလို့ အဆက်ကိုမျှော်နေသူတွေရောအတွက် ဒီဇာတ်လမ်းလေးကို ခုပဲတင်ဆက်ပေးလိုက်ပါပြီ။မစ်လာရဲ့အမေက အကောင်းကြီးကနေ ရုတ်တရက်ဆိုသလို အိပ်ရာထဲလဲသွားပြီး ဆေးခန်းပြတော့လည်း ဆရာဝန်တွေလည်း အဖြေမရှာနိုင်တာဖြစ်လို့ နတ်ဆရာတစ်ယောက်နဲ့ခေါ်ပြတော့တာပေါ့။ ဒီနတ်ဆရာက မစ်လာ့အမေဆီမှာ ဂျာဗားကျွန်းအရှေ့စွန်းက ပစ္စည်းတစ်ခုရှိနေကြောင်း ဒီပစ္စည်းက ဒီကျွန်းပေါ်ကပိုင်ရှင်ဆီပြန်အပ်မှပဲ အမေဖြစ်သူက ပြန်လည်ကောင်းမွန်လာမယ်ဆိုပြီး ပြောသွားတော့ မစ်လာလည်း အစ်ကိုဝမ်းကွဲနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ လမ်းပြရှာပြီး ကချေသည်ရွာကို ခရီးထွက်လာပါတော့တယ်။ဒါပေမဲ့ သူတို့မသိလိုက်တာက ဒီကချေသည်ရွာလေးဟာ ကျိန်စာသင့်နေတဲ့ရွာလေးဖြစ်ပြီးတော့ မစ်လာပြန်လာပေးဖို့ ယူလာခဲ့တဲ့လက်ကောက်က ကျွန်းပေါ်ကနတ်ဆိုး ဘာဒရာဝူဟီရဲ့လက်ကောက်ဖြစ်နေချိန်မှာတော့.....KKN မှာ အကျယ်တဝင့် ...
movie
Dancing Village: The Curse Begins (2024)
2024
4K HEVC
6.6
Sewu Dino / A Thousand Days (2023)
Sewu Dino (2023)IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖို့အတွက် ပိုက်ဆံလိုနေလို့ Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှ လူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။ သူတို့ရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။ Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတဲ့အခါမှာ Sri တို့တွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
movie
Sewu Dino / A Thousand Days (2023)
2023
6.7
Dongeng Mistis (2018)
Dongeng Mistis (2018) .............................................ကလေးဘဝတုန်းက မီးမလာတဲ့ညတွေဆိုရင် လမ်းထဲကကလေးတစ်သိုက် ပုံပြင်ဇာတ်လမ်းတွေ ပြောပြတဲ့ လူကြီးတွေဆီသွားပြီး သရဲအကြောင်းပြောပြပါလို့ ပူဆာခဲ့ဖူးလား။အိမ်ကမသိအောင် စာအုပ်အငှားဆိုင်တွေကနေ ခိုးဖတ်ရတဲ့ သရဲဝတ္ထုတွေ၊ ရိုးရာတစ္ဆေသရဲပုံပြင်တွေနဲ့တင်အားမရဘဲ သူများကိုယ်တွေ့သရဲခြောက်ခံရတာမျိုးဆို တရွရွနားထောင်ချင်သေးတာမလား။အပြောများကြတဲ့ နာမည်ကြီးယုံတမ်းသရဲတွေဆို မှတ်မိသလောက်တော့ ကျောပေါက်ကြီးတို့၊ ခြေကလိန်မတို့၊ ကိုယ့်ကိုဝိုင်းပြီး ၇ ပတ်ပတ်ခံရရင် သေတယ်ဆိုတဲ့ မှင်စာတွေရော မီးစားစုန်းဘာညာအစုံပါပဲ။ဒါပေမယ့်လည်း ပြောပြတဲ့လူမတူရင် ဇာတ်လမ်းကလည်းကွာသွားတော့ ဘယ်နှစ်ခါနားထောင်ထောင် အရသာကိုရှိနေတော့တာပဲ။ပြောတဲ့သူက မှင်ကောင်းကောင်းနဲ့ ပြောနိုင်လေလေ နားထောင်ရတဲ့သူက ကျောထဲစိမ့် ကြက်သီးတွေထပြီး နောက်မှာပဲ တစ်ခုခုရောက်လာသလိုလို ခံစားရတဲ့အချိန်မှာ... သောက်ကျင့်ယုတ်တဲ့ ငနဲတစ်ကောင်ကများ "ဟေး" ခနဲထအော်လို့ကတော့ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဆိုပြီး ဖိနပ်တောင်မစီးဘဲ တန်းနေအောင်ပြေးကြတော့တာပဲ။အခုဒီကားဆိုရင်လည်း အင်ဒိုနီးရှား ရိုးရာသရဲပုံပြင်အတိုလေး ၆ ပုဒ်ကိုစုထားတာဖြစ်ပြီး သရဲကားဆိုတာထက် ငယ်ငယ်ကလူကြီးတွေပြောပြတဲ့ သရဲပုံပြင်တွေနားထောင်နေရသလို ခံစားချက်မျိုးရလို့ ညဘက်ရောက်မှ တစ်ယောက်တည်းနားကြပ်လေးတပ်ပြီး သရဲအခန်းလာတော့မယ်ဆိုရင် သတ္တိရှိရှိနဲ့လက်ကြားထဲကနေ ချောင်းကြည့်လိုက်ကြပါဦးလို့။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p | 480p File ...
movie
Dongeng Mistis (2018)
2018