Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mary Beth Hurt
5.2
Dominion: Prequel to The Exorcist (2005)
Exorcist : The beginning ရဲ့ prequel ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ The Beginning မှာတော့ မိစ္ဆာကို ကောင်းမှုကုသိုလ်က အနိုင်ယူအောင်ပွဲခံတာကို ရိုက်ကူးပုံဖော်ထားပြီး ဒီ prequelမှာတော့ မိစ္ဆာရဲ့ လှုံ့ဆော်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခ၊ ဆင်းရဲခြင်းအကြောင်းကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ Dune, Andor, Chernobyl, Good Will Hunting, Pirates of the Caribbean 1နဲ့ 2, Thor, အစရှိသဖြင့် ပြောလို့တောင် မကုန်နိုင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာရဲ့ သရုပ်ဆောင် မင်းသားကြီး Stellan Skarsgårdနဲ့ Rush Hour , Bat woman, Mad man , Damnation အစရှိတဲ့ ရုပ်ရှင်ကားကောင်းတွေပါ သရုပ်ဆောင်ဖူးတဲ့ မင်းသားGabriel Mannတို့က ဒီရုပ်ရှင်ကို ဦးဆောင်ပုံဖော်ထားတဲ့ Warner Bros. Picturesရဲ့လက်ရာစစ်စစ်ဖြစ်ပါတယ်။ ဖာသာ မယ်ရင်းက ဒုတိယကမ္ဘာစစ်မှာ နာဇီတွေရဲ့ရက်စက်မှုကြောင့် ဘုရားပေါ် သက်ဝင်ယုံကြည်မှုကို ...
movie
Dominion: Prequel to The Exorcist (2005)
2005
6.7
Autumn in New York(2000)
Autumn in New York(2000)*************************နယူးယော့ခ်ရဲ့ ဆောင်းဦးရာသီကို မြင်ယောင်ကြည့်ဖူးပါသလား။ အားလုံးသိတဲ့အတိုင်းဆောင်းဦးဆိုရင် နေရောင်မရဘဲ အအေးဒဏ်ကိုကြံကြံခံနေရတဲ့ အစိမ်းရောင်သစ်ရွက်တို့ဟာအစာမချက်လုပ်နိုင်ဘဲ အဝါရောင်အဖြစ်ပြောင်းလဲလို့နေပါပြီ။တစ်နည်းအားဖြင့်တော့ သူတို့တွေ လောကကြီးကို နှုတ်ဆက်ခွဲခွာလုဆဲအချိန်ပါ။သစ်ရွက်တို့ရဲ့ ဘဝနေဝင်ချိန်ဟာ မြို့တော်ကြီးကိုအလှဆင်ရင်း တခမ်းတနားနဲ့ပေါ့။ ဒီဆောင်းဦးမှာစတင်ခဲ့တဲ့အချစ်ဇာတ်လမ်းဟာလည်း သစ်ရွက်တွေလိုပဲ အဆုံးသတ်မှာလား။ပလေးဘွိုင်းBillဟာ ဘဝတစ်လျှောက်လုံး မိန်းကလေးတွေကို ပလေးလာခဲ့ပြီးအသက်၄၈နှစ်အရွယ်နဲ့ လူပျိုကြီးဖြစ်နေဆဲပါ။ တစ်နေ့မှာ သူဖွင့်ထားတဲ့စာသောက်ဆိုင်ကိုသူ့ရည်းစားဟောင်းရဲ့သမီးဖြစ်သူက မွေးနေပွဲလာကျင်းပပါတယ်။တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံပြီး ဦးနဲ့သမီးဇာတ်လမ်းစတင်ခဲ့ပါတယ်။ဒါပေမဲ့ ဗီဇဆိုတာ ဖျောက်ရခက်သားမဟုတ်လားဗျ။ သူတို့နှစ်ယောက်ကြားကအချစ်ဇာတ်လမ်းကို နယူးယော့ခ်ရဲ့ ဆောင်းဦးရွက်ကြွေတွေကြားက ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File Size : (1.9GB) and (808MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:43:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Autumn in New York(2000)
6.7
The Exorcism of Emily Rose(2005)
The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH ...
movie
The Exorcism of Emily Rose(2005)
7.0
Bringing Out the Dead(1999)
Bringing Out the Dead(1999)***************************IMDb...7.0,,,Rotten Tomatoes 73% Psychology ဆိုတာလူတိုင်းနဲ့ဆက်စပ်နေပါတယ် လူတယောက်ရဲ့ ဝန်းကျင်အသိုင်းဝိုင်းနေထိုင်မှု အလုပ် သူ့ရဲ့ background စတာတွေအပေါ်မှာ လိုက်ပြီးinfluence ဖြစ်တတ်ပါတယ်...ဖရန့်ပီရာစ့်ဆိုတဲ့ ဆေးဖက်အကူလုပ်သားတယောက်မှာအလုပ်ကပေးတဲ့ post traumatic disorder တွေ ခံစားနေရပါတယ်....ဆေးဖက်အကူဆိုတဲ့အတိုင်းပဲ သေသူတွေနဲ့ ခဏခဏထိတွေ့နေရတဲ့ အတွက်ဖရန့်တယောက်အိပ်မပျော်တာတွေ ကြောက်တာတွေထင်ယောင်ထင်မှားဖြစ်တာတွေ ဝိညာဥ်တွေကို မြင်တစ်ချက် မမြင်တစ်ချက်ဖြစ်တာနဲ့တစ်ချိန်လုံး အကြပ်ရိုက်နေပါတယ်...ဒီကားဟာ American psycho နဲ့ ခပ်ဆင်ဆင်ကားလို့တောင်ပြောရမယ် ...ရုပ်ရှင်ထဲက cast တွေဘာလုပ်လို့လုပ်နေမှန်း တစ်ခါတစ်ခါသူတို့ပြောတဲ့ပြောစကားတွေကဘာတွေပြောနေမှန်းကြည့်ရင်းနဲ့တင် ရူးကြောင်ကြောင်နိုင်ပါတယ်....ဒါပေမယ့် American psycho လိုတော့ ပြန်မဖြည်ချပဲ ဒီတိုင်းလေး လူကိုတောက်လျှောက်မွန်းကြပ်အောင် လုပ်ပြသွားတယ်..တစ်ချို့နေရာတွေမှာလည်း အဓိပ္ပါယ်၂ခွ ထွက်တဲ့ scene တွေ color tone တွေကိုလည်းကစားထားတာတွေ့တယ်..အဲ့တော့ ပြောရရင် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲ ...ကိုယ့်စိတ်ထဲက deep down တစ်နေရာက ခံစားမှုကိုအခြေပြုပြီး ရတဲ့ ...
movie
Bringing Out the Dead(1999)
6.8
The Family Man (2000)
The Family Man (2000) ================== 2000 ခုနှစ်ဖွားတွေနဲ့သက်တူရွယ်တူဖြစ်တဲ့ “The Family Man” ဆိုတဲ့ကားလေးက မင်းသားကြီး Nicolas Cageရယ် တစ်ခေတ်တစ်ခါကအလှပဂေးလေး Téa Leoni နဲ့ Don Cheadle တို့ပါဝင်သရုပ်ဆောင်ထားတဲ့ IMDb 6.8 ရ စိတ်ကူးယဉ်အချစ်ဟာသဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။လူတွေအသုံးများတဲ့ စကားလုံးတွေထဲမှာ “အကယ်၍များ ..” ဆိုတဲ့စကားလည်း အပါအဝင်ပဲမလား။ နောင်တရလို့ပြောမိတာပဲဖြစ်ဖြစ် အတိတ်မှာကိုယ်မလုပ်ဖြစ်ခဲ့တဲ့တစ်စုံတစ်ရာကို “အကယ်၍များ ငါသာလုပ်ဖြစ်ခဲ့ရင် ..” ဆိုပြီး စူးစမ်းလိုစိတ်နဲ့ပြောတာမျိုးပဲဖြစ်ဖြစ် ပြောဖူးခဲ့ကြတယ်မလား ..?ကောလိပ်တည်းကချစ်ခဲ့ကြတဲ့ ဂျက်ခ် နဲ့ ကိတ်တို့ချစ်သူနှစ်ဦး .. တစ်နေ့မှာဂျက်ခ်တစ်ယောက် လန်ဒန်ကို သွားဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။ ကိတ်ကမသွားဖို့အမျိုးမျိုးတားခဲ့ပေမယ့် ဘဝတိုးတက်ရေးအတွက်စိတ်အားထက်သန်လွန်းနေတဲ့ဂျက်ခ်ကို မတားနိုင်ခဲ့ရာကနေ သူတို့နှစ်ဦး ဝေးကွာသွားခဲ့ကြပါတယ်။ဒီလိုနဲ့ နှစ်ပေါင်း ၃၀ကြာအပြီးမှာတော့ ဂျက်ခ်တစ်ယောက် Wall Street အလုပ်အမှုဆောင်ကုမ္ပဏီရဲ့ ဥက္ကဌကြီးဖြစ်လာပြီပဲဖြစ်ပါတယ်။ ခရစ္စမတ်အကြိုနေ့လိုရက်မျိုးမှာတောင်အနားမယူနိုင်ဘဲ အလုပ်လောဘကြီးလွန်းလှတဲ့ ဂျက်ခ်တစ်ယောက် ကက်ရှ်လို့ခေါ်တဲ့အမျိုးသားတစ်ဦးနဲ့ အပေးအယူလုပ်မိရာကနေ လွန်ခဲ့တဲ့နှစ် ၃၀ “အကယ်၍များ အဲဒီနေ့က သူသာကိတ်ကိုထားခဲ့ပြီး လန်ဒန်ကိုမထွက်သွားခဲ့ရင် ..” ...
movie
The Family Man (2000)
2000
7.2
Red Dragon (2002)
Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie
Red Dragon (2002)
2002
6.3
Young Adult(2011)
ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ Imdb..6.3 ရ"Young Adult"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်... Mavis Gary ဆိုတဲ့ အမျိုးသမီးဟာ ဘဝကိုမကျေနပ်မှုတွေ စိတ်မချမ်းမြေ့မှုတွေ ကိုယ့်ကိုကိုယ်အားမရမှုတွေနဲ့ ဖြတ်သန်းခဲ့ပါတယ်.... သူဟာ Young Adult ဆိုတဲ့ စီးရီးကိုလဲ ရေးသားနေသူပါ...ဒီစီးရီးကလဲ အောင်မြင်မှုမရခဲ့ပါဘူး... သူ့ရဲ့ အချစ်ရေးကလဲ ကံမကောင်းလှပါဘူး.... သူ့ရဲ့ Young adult စီးရီးက Kendall Strickland လို့ခေါ်တဲ့ ဆယ်ကျော်သက်ကောင်မလေးအကြောင်းကို ရေးထားတာပါ...Kendall က အထက်တန်းကျောင်းမှာ ကောင်လေးတိုင်း ကြွေရတဲ့ ကောင်မလေးတိုင်းမနာလိုဖြစ်အားကျရတဲ့ မိန်းမချောလေးပါ... ခုခေတ်စကားအရဆိုရင် Queen ဆိုပါတော့... Mavis က ဘာလို့ Kendall အကြောင်းကို ရေးလဲ..အကြောင်းကတော့ သူ့ငယ်ဘဝကလဲတစ်ချိန်တစ်ခါက Kendall လို ရွှေထီးဆောင်းခဲ့တာပါ.... ပြောရရင် သူ့ဘဝဇာတ်ကြောင်းကို အခြေခံထားတာပေါ့.... သူ့ရဲ့ လှပခဲ့တဲ့ ...
movie
Young Adult(2011)
2011