Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marvin Karon
6.9
Charlie Bartlett (2007)
ချာလီဘာလက်ဆိုတဲ့သူက အရမ်းစိတ်ကူးယဉ်တတ်သူပါ။ ဆယ်ကျော်သက်ဖြစ်တဲ့အလျှောက် သူငယ်ချင်းအသိုင်းအဝိုင်းမှာအရမ်းနာမည်ကြီးချင်သပေါ့။အဲဒီလိုနဲ့သူဟာ တက်သမျှကျောင်းမှာ ပြဿနာတွေလိုက်ရှာပြီး ကျောင်းတစ်ကျောင်းပြီးတစ်ကျောင်းလိုက်ပြောင်းရတဲ့နောက်...ဒီဇာတ်ကားထဲမှာ အားလုံးရဲ့ အချစ်တော် Robert Downey Jr. ကလည်း ပါ၀င်ထားတာမို့ လက်မလွှတ်ဘဲကြည့်သင့်တဲ့ Comedy, Romance ဇာတ်ကားကောင်းတစ်ကားပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_( 2.2GB)/( 1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Charlie Bartlett (2007)
6.5
Blindness (2008)
IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာတော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာတော့.... File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Blindness (2008)