Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marton Csokas
5.5
Shadow Land (2024)
လုပ်ကြံသတ်ဖြတ်မယ့် ရန်သူရဲ့အကြံအစည်ကြောင့်အိပ်မက်ဆိုးတွေနဲ့ နေ့စဉ်ခြောက်လှန့်ခံနေရတဲ့အမေရိကန်သမ္မတဟောင်း Wainwright ......နိုင်ငံတကာအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့သူ့ရဲ့သမ္မတရာထူးကို အသရေဖျက်ဖို့ ပူးပေါင်းကြံစည်မှုကို ရှာဖွေတွေ့ရှိခဲ့တဲ့အခါမှာတော့......သူယုံကြည်စိတ်ချရတဲ့ အကြံပေးပုဂ္ဂိုလ်နှင့်အတူအမှန်တရားကို ဖော်ထုတ်မယ့် မစ်ရှင်တစ်ခု စတင်ပြီးအန္တရာယ်ရှိတဲ့လမ်းကြောင်းကို လျှောက်လှမ်းပြီးတိုက်ပွဲဝင်နေခဲ့ပါတယ်။အက်စ်တိုးဗီးယားစစ်ဆင်ရေးမှာ နျူကလိယလက်နက်တွေကို ရှာဖွေတွေ့ရှိခဲ့မှာလား၊ လုပ်ကြံဖန်တီးခဲ့ထားတဲ့ ထောက်လှမ်းရေးအစီရင်ခံစာတွေကသူ့ဘဝနဲ့ အမေရိကန်စစ်သားတွေအတွက် ဘယ်လောက်ထိအပြောင်းအလဲဖြစ်စေခဲ့သလဲ၊ စိတ်ဖောက်ပြန်နေပြီလို့စွပ်စွဲခံရတဲ့သမ္မတကြီးက သူ့ရဲ့ရန်သူတွေကို ဘယ်လိုကျော်လွှားသွားမလဲဆိုတာ ဇာတ်လမ်းအချိတ်အဆက်မိမိနဲ့ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 583MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie
Shadow Land (2024)
Sleeping Dogs (2024)
ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie
Sleeping Dogs (2024)
7.6
Star Wars: Episode III – Revenge of the Sith (2005)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode III – Revenge of the Sith (2005)
4K HEVC
6.5
Star Wars: Episode II – Attack of the Clones (2002)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode II – Attack of the Clones (2002)
4K HEVC
7.0
Loving (2016)
Rating 7/10 လူမျိုးခြားစုံတွဲဖြစ်တဲ့ ရစ်ချက်နဲ့ မေးဒရစ် ဟာ ချစ်ကျွမ်းဝင်ခဲ့ကြပြီး၁၉၅၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြတယ်သူတို့ကြီးပြင်းခဲ့ကြတဲ့ ဗာဂျီးနီးယားက မြို့လေးမှာအခြေချဖို့ လုပ်နေတဲ့အချိန်မှာဘဲ အဖမ်းခံခဲ့ရပြီးလူမျိုးခြားလက်မထပ်ရဥပဒေကြောင့် ပြည်နယ်ဒဏ်ပေးခြင်းခံလိုက်ရပါတယ်ဝါရှင်တန်မှာ အခြေချပြီးတဲ့နောက်မှာ တစ်နေ့ ကလေးတွေကြောင့်ဘဲဗာဂျီးနီးယားကို ပြန်အခြေချဖို့ ဖြစ်လာခဲ့ပါတော့တယ်တကယ့်အဖြစ်အပျက်ကို အခြေခံထားတာမို့ရစ်ချက်နဲ့ မေးဒရစ် ဟာ ဗာဂျီးနီးယားကိုဘဲ ပြန်အခြေချနိုင်မလားလူမျိူးရေးခွဲခြားတဲ့ဥပဒေတွေကိုတွန်းလှန်သွားနိုင်မလားဆိုတာ ကြည့်ရမှာဘဲဖြစ်ပါတယ် File size… 1.7 GB / 709 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ..... Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Su
movie
Loving (2016)
2016
5.8
Noah (2014)
Noah (2014)နောက်ထပ် သမ္မာကျမ်းဝင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ "Noah" နောဧအကြောင်း ရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် နာမည်ကြီးသရုပ်ဆောင် Russell Crowe က နောဧအဖြစ်သရုပ်ဆောင်ထားပြီး ဝါရင့်သဘာရင့် ဂန္ထဝင်သရုပ်ဆောင်ကြီး Anthony Hopkins နဲ့ Jennifer Connelly, Emma Watson, Logan Lerman တို့က အသီးသီးဇာတ်ပို့နေရာကနေပါဝင်ထားကြပါတယ်။~ ဖန်ဆင်းခြင်း အကျဉ်း ~သမ္မာကျမ်းစာရဲ့ Timeline အရဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်ခန့်လောက်က ထာဝရဘုရားကဗလာနတ္တိကနေ ဖန်ဆင်းခြင်းကိုအစပြုခဲ့ပါတယ်။ ဖန်ဆင်းခြင်းကို ရက်ပေါင်းခုနစ်ရက်အနေနဲ့ ပိုင်းခြားထားခဲ့ပါတယ်။ ပထမနေ့ရက်မှာ ကောင်းကင်နဲ့မြေကြီး၊ နေ့နဲ့ညလို့ သမုတ်ခြင်းကိုခံရတဲ့ အလင်းနဲ့အမှောင်ကို ဖြစ်စေခဲ့ပါတယ်။ ဒုတိယနေ့မှာ ဘုရားသခင်ဟာ မိုဃ်းကောင်းကင်နဲ့ ကုန်း(မြေ)အသီးသီးမှာရေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ တတိယနေ့မှာ မြေကြီးပေါ်ကရေကို စုဝေးစေပြီး ပင်လယ်၊ ကုန်းကိုစုဝေးစေပြီး မြေလို့အမည်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ မြေပေါ်ကပေါက်တဲ့အပင်၊ အလင်းအိမ်ကြီးနှစ်လုံးဖြစ်တဲ့ နေနဲ့လ၊ သားရဲတိရစ္ဆာန်တို့ကို ...
movie
Noah (2014)
4K HEVC
5.5
Freelance (2023)
Freelance (2023)ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။~ ဇာတ်လမ်းအကျဉ်း ~မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 5.5GB, 2.45GB, 1.25GB Quality - 4K HEVC, ...
movie
Freelance (2023)
2023
4K HEVC
7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version
Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie
Kingdom of Heaven (2005) Director’s Cut Roadshow Version
2005
4K HEVC
7.7
The Bourne Supremacy (2004)
The Bourne Supremacy (2004)IMDb Rating (7.7) / Rotten Tomatoes (82%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie
The Bourne Supremacy (2004)
4K HEVC
7.2
The Equalizer (2014)
The Equalizer (2014)IMDb Rating (7.2) / Rotten Tomatoes (61%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2014 ဇာတ်ကားမှာတော့ ပြည့်တန်ဆာမလေးအဖြစ် မင်းသမီး Chloë Grace Moretz လဲ ပါဝင်ထားပါတယ်။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.to/?s=the+equalizer ကြည့်ပါ။ File size…(5.1 ...
movie
The Equalizer (2014)
2014
4K HEVC
Kangaroo Jack (2003)
Kangaroo Jack (2003) Genre – Action, Adventure, Comedyငယ်ငယ်တုန်းက အကျီအနီရောင်လေးနဲ့ သားပိုက်ကောင်ပါတဲ့ဟာသကားလေး မှတ်မိကြမယ်ထင်ပါတယ်။တော်တော်လေးလည်း ဘဝအမောပြေရတဲ့ ဟာသကားလေးပါ။သားပိုက်ကောင်ဆိုပေမဲ့လည်း သူက အဓိက မဟုတ်ပဲသူနဲ့ ပတ်သက်ပြီး တလွဲတွေဖြစ်ကြတဲ့ ဟာသကားမျိုးပေါ့။ဇာတ်လမ်းလေးကတော့ နယူးယောက်မှာ ချာလီနဲ့လူဝစ်စ်ဆိုပြီး သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ကလေးဘဝ ချာလီရေနစ်တုန်းက လူဝစ်စ်က ကယ်ပေးပြီးဘော်ဒါတွေ ဖြစ်ခဲ့ကြတာပေါ့။ဒါပေမဲ့လည်း အဲဒါကိုအကြောင်းပြုပြီး ကြီးတဲ့ထိချာလီ့ကို နှိပ်စက်လို့ကောင်းနေဆဲပဲ။ချာလီကကျ သူ့အမေက အဖေဆုံးပြီးနောက် လူမိုက်ဂိုဏ်းခေါင်းဆောင်ကိုလက်ထပ်ထားလို့ ပထွေးတော်ထားရတယ်။ဒီမှာတင် တစ်ရက်ကျ ထုံးစံအတိုင်း လူဝစ်စ်ကချာလီကို ဒုက္ခလာပေးတဲ့အချိန် ပထွေးဖြစ်သူရဲ့ လုပ်ငန်းကိုအကြောင်းရင်းမသိပဲ တုတ်နဲ့ထိုးသလိုဖြစ်ပြီး ပြဿနာတက်ပါတော့တယ်။ဒီတော့ ပထွေးဖြစ်သူက မင်းတို့တွေ အပြစ်ကျေချင်တယ်ဆိုရင်ဒီအထုပ်လေးကို သြစတြေးလျနိုင်ငံကတစ်နေရာသွားပို့ဆိုပြီး ခိုင်းလိုက်ရော။တကယ်တော့ အဲဒါ ဒေါ်လာ ၅ သောင်းဖြစ်ပါတယ်။ဒီလိုနဲ့ နှစ်ယောက်သား ပရမ်းပတာ သွားပို့နေတုန်းလမ်းမှာ သားပိုက်ကောင်တစ်ကောင်ကို ဝင်တိုက်မိပါတယ်။အဲဒါကို ချက်ချင်းလမ်းဘေးမဖယ်ပဲ ပိုက်ဆံအိတ်ပါတဲ့ဂျတ်ကတ်ကို သားပိုက်ကောင်ဝတ်ပေးပြီး ဓာတ်ပုံရိုက်ဖင်ယားနေတဲ့အချိန် ဟိုက မသေပဲ ...
movie
Kangaroo Jack (2003)
6.0
Dream House (2011)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie
Dream House (2011)
6.6
Chevalier (2022)
Chevalier (2022) ============= IMDb Rating - 6.6/10ဒီဇာတ်လမ်းက တေးရေးဆရာ Chevalier de Saint-Georges ဖြစ်တဲ့ Joseph Bologne အကြောင်းကို အခြေခံပြီး ရိုက်ကူးထား တာပါ။ပြင်သစ် သစ်တောပိုင်ရှင် သခင် Bologneနဲ့ သူ့ရဲ့ အာဖရိကန် ကျွန်တို့ကနေ မွေးဖွားခဲ့တဲ့ Joseph က ကပြားလူမဲကလေးပါ။ အဲဒီခေတ်က လူမဲတွေကို ကျွန်အဖြစ်နဲ့ သတ်မှတ်ထားကြတာမို့ Joseph ကိုလည်း သူ့ရဲ့အသားအရေနဲ့ ပတ်သက်ပြီး ကလေး တွေက အနိုင်ကျင့်ကြတယ်။ ဒါပေမဲ့ တယောထိုးရာမှာ တစ်ဖက် ကမ်းခတ်အောင်ကျွမ်းပြီး ဓားထိုး၊ ဘာသာစကား စတဲ့ ကျန်တဲ့ ပညာရပ်တွေလည်း အရမ်းကျွမ်းကျင်တာမို့ Joseph က မကြာ ခင်မှာပဲ ပြင်သစ်အထက်တန်းလွှာ တစ်ဦးအဖြစ် ကျော်ကြား လာခဲ့ပါတယ်။Josephက ပြင်သစ်ဘုရင်မ Marie Antoinette နဲ့လည်း သူငယ်ချင်း ဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အထက်တန်းလွှာ ခင်ပွန်းသည်ဇနီး Marie Josephine နဲ့ ဖောက်ပြန်တာ၊ ပဲရစ်သံစုံတီးဝိုင်း ခေါင်းဆောင်နေရာကို ပြိုင်ကြတာနဲ့ ဘုရင်မနဲ့လည်း အခင်အမင်ပြတ်သွားတယ်။ နောက်ပိုင်း မှာ ...
movie
Chevalier (2022)
2022
6.5
Sin City: A Dame to Kill For (2014)
Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.to/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie
Sin City: A Dame to Kill For (2014)
1080p HEVC
6.7
Timeline(2003)
Timeline(2003)*************အလယ်ခေတ်ကလူတစ်ယောက် တောအုပ်ထဲကနေပြေးထွက်လာပြီးကားလမ်းအလယ်မှာ သေဆုံးသွားတာနဲ့စတင်ထားပါတယ်။ပြီးတော့ အဲ့အလောင်းကို အိုင်တီစီက မတော်တဆမှုတစ်ခုအဖြစ်ဖန်တီးလိုက်ပါတယ်။ နောက်တော့ ပရောဖက်ဆာ ဂျွန်စတန် နဲ့ သူ့ရဲ့ ရှေးဟောင်းတူးဖော်မှုအဖွဲ့ရဲ့ အလယ်ခေတ် ပြင်သစ်နဲ့အင်္ဂလိပ်တို့ရဲ့တိုက်ပွဲနေရာမှာ တူးဖော်မှုတွေပြုလုပ်နေခဲ့ပါတယ်။တူးဖော်မှုတွေပြုလုပ်နေရင်း တစ်နေ့မှာတော့ပရော်ဖက်ဆာရဲ့ မျက်မှန်၊ လက်ရေးမှုနဲ့အကူအညီတောင်းထားတဲ့စာကို ကိတ် နဲ့ မရက် ကထူးဆန်းစွာရှာဖွေတွေ့ရှိသွားပါတယ်။ ပရော်ဖက်ဆာရဲ့ အဖွဲ့က ရှာတွေ့ထားတာတွေကို ကာဗွန်သက်တမ်းစစ်ကြည့်လိုက်တော့နှစ်ပေါင်း ၆၀၀ လောက်သက်တမ်းရှိနေပြီဆိုတာကို သိလိုက်ရတယ်။ အဲ့ဒီအခါမှာ ပရော်ဖက်ဆာရဲ့သား ခရစ် နဲ့ သူ့အဖွဲ့က သူ့အဖေကိုလိုက်ရှာဖို့အကြောင်းဖန်လာပါတော့တယ်။ အိုင်တီစီကို သွားပြီး သူ့အဖေကိုဘာလုပ်လိုက်လဲဆိုတာကို အဖြေရှာပါတော့တယ်။ ဇာတ်ကားရဲ့ နာမည် Timeline ဆိုတဲ့အတိုင်းဒီနေ့ခေတ်နဲ့ အလယ်ခေတ် ကို အသွားအပြန်လုပ်ရင်း ခရစ်တစ်ယောက်သူ့အဖေကိုရော ပြန်ရှာပြီး ကယ်တင်နိုင်ပါမလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါခင်ဗျာ ဒီဇာတ်လမ်းထဲမှာတော့ ပရော်ဖက်ဆာရဲ့သား ခရစ် အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ကျွန်တော်တို့ရဲ့ အချစ်တော် fast and furious မင်းသား Paul Walker ...
movie
Timeline(2003)
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
5.9
xXx (2002)
XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ....2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်...ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ...။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC ...
movie
xXx (2002)
1080p HEVC
5.4
Æon Flux(2005)
AEon Flux (2005) ==============၂၀၁၁ ခုနှစ်မှာ ဗိုင်းရပ်စ်တစ်ခုက ကမ္ဘာ့လူဦးရေရဲ့ ၉၉ရာခိုင်နှုန်းကိုသေဆုံးစေခဲ့ပါတယ်။ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ထရေဗာဂွတ်ချိုင်းလ် က ကုသနည်းကို တီထွင်ခဲ့ပါတယ်။ငါးသန်းသော အသက်ရှင်ကျန်ရစ်သူတွေက ကမ္ဘာမှာ တစ်ခုတည်းကျန်တဲ့မြို့ ဘရက်ဂ်နာမှာ နေထိုင်ကြပါတယ်။ဂွတ်ချိုင်းလ်ဟာ နှစ် ၄၀၀ လောက်အထိ အုပ်ချုပ်ခဲ့ပြီးနှစ်တွေကြာလာတာနဲ့အမျှ နိုင်ငံဟာ တဖြေးဖြေးနဲ့ ပြိုလဲလာပါတယ်။ဂွတ်ချိုင်းလ်အစိုးရဟာ လူပျောက်မှုတွေကို လစ်လျူရှူရုံတင်မကသူတို့ကို အာခံသူတွေကိုပါ သုတ်သင်ကြပါတယ်။ပြည်သူတွေဟာ သူတို့မတွေ့ကြုံဖူးတဲ့ ပုံရိပ်တွေ ခြောက်လှန့်တာလည်း ခံစားနေရပါတယ်။ဒီတော့ ဂွတ်ချိုင်းလ်အစိုးရကို ဆန့်ကျင်ဖို့ မော်နီကန်ဆိုတဲ့လက်နက်ကိုင်ဆန့်ကျင်သူအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File size…1.43GB / 594MB Quality…BluRay 1080p5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
Æon Flux(2005)
6.5
Juniper (2021)
Juniper(2021) ============ Rotten Tomatoes 🍅 ~ 96% IMDb Rating ~ 6.5အရက်အိုးထဲ ခေါင်းစိုက်ထားတဲ့ အဘွားဖြစ်သူနဲ့ မြေးဖြစ်သူ ဆယ်ကျော်သက် အရွယ် လူရမ်းကားလေးတို့ရဲ့ Drama ဇာတ်လမ်းပါ။ဆမ်က ပြဿနာပေါင်းစုံရှာတတ်တဲ့ ဆယ်ကျော်သက် လူရမ်းကားလေးပါ။ ကျောင်းပိတ်ရက်တစ်ခုမှာတော့ ဆမ်တို့အိမ်ကို ခြေထောက်ကျိုးနေတဲ့ အဘွား ဖြစ်သူ ရုသ်ရောက်လာပါတယ်။ ခြေထောက်ကျိုးပြီး နေမကောင်းဖြစ်နေ ပေမဲ့ ရုသ်က အရက်ကို ရေလိုသောက်နိုင်တဲ့သူပါ။ဆမ့်အဖေ အင်္ဂလန်ကို ခရီးသွားစရာ ပေါ်လာတဲ့အခါမှာတော့ ဆမ်တစ်ယောက် ရုသ်ကို သူနာပြု ဆာရာနဲ့အတူပြုစုပေးဖို့ ဖြစ်လာပါတယ်။ ကြည့်မရခဲ့တဲ့ အဘွား ဖြစ်သူကြောင့် ဆမ်ရဲ့ ဘဝကြီး ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ လွမ်းမော ဖွယ်ရာ ကြည့်ရှူခံစားကြရမှာပါ။ အဘွားဖြစ်သူနေရာက မင်းသမီးကြီး Charlotte Rampling ရဲ့ သရုပ်ဆောင်ချက်တွေကြောင့် စ လယ် ဆုံး ဆွဲခေါ်သွားနိုင်တဲ့ ဇာတ် ကားတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Roman Nox ဖြစ်ပါတယ်)File Size..........(1.0 GB) / (420 ...
movie
Juniper (2021)
2021
5.4
Prizefighter: The Life of Jem Belcher (2022)
Prizefighter: The Life of Jem Belcher (2022)နာမည်ကျော် လက်ဝှေ့သမား ဂျမ်ဘယ်ချာ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းသစ် ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်ဘယ်ချာ အနေနဲ့ သရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Rusell Crowe ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .... ၁၉ ရာစု အင်္ဂလန်မှာ လက်ဝှေ့အားကစားဟာ ခေတ်စားလာခဲ့တယ် ဂျမ်ဘယ်ချာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မျိုးဆက်လိုက် လက်ဝှေ့မှာ ပါရမီ ပါတဲ့သူတွေပါ သူက ငယ်စဥ်ကတည်းက အဖိုးဖြစ်သူ လက်ဝှေ့ထိုးလာတာကို ကြည့်ပြီး အားကျခဲ့ရတယ် အဖိုးဖြစ်သူဆီက ပညာသင်ယူချင်ပေမယ့် မိခင်ဖြစ်သူက အရက်သမားအဖိုးနား မနေခိုင်းခဲ့ပါဘူး အသက်ကြီးလာတော့ ဂျမ်က ပန်းပဲဖိုတစ်ခုမှာ အလုပ်လုပ်တယ် အလုပ်ကနေအပြန် လမ်းဘေးပွဲလေးတစ်ခုမှာ ပိုက်ဆံလိုလို့ဆိုပြီး ဝင်ထိုးတယ် အဲချိန်မှာ တစ်ချိန်က နာမည်ကြီးလက်ဝှေ့သမား ဘေလ်ဆိုသူက ပွဲကိုကြည့်နေတယ် ဘေလ်ကလည်း ဂျမ်ရဲ့ထိုးပုံတွေကို ကြိုက်တော့ သူ့ကို နည်းပြပေးဖို့ လုပ်လာခဲ့တယ် အဲမှာ ဘေလ်က ဂျမ်ကို အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်အောင် ဘယ်လိုလုပ်ပေးမလဲ ဂျမ်ကလည်း ...
movie
Prizefighter: The Life of Jem Belcher (2022)
2022
1
2
Next