Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Martin Roach
Hunting Housewives (2024)
ဇနီးသည်တွေကို မကျေနပ်နေတဲ့ ခင်ပွန်းသည်ကြီးတွေအတွက် ပညာပေးလည်းဖြစ်ပြီး တမူထူးခြားတဲ့ Survivalအမျိုးအစားရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ချမ်းသာပြီး ဩဇာကြီးတဲ့ အသိုင်းအဝိုင်းဆီက ဇနီးသည်လေးယောက် ခရီးတစ်ခုထွက်ရင်း မတော်တဆမှုကြီးတစ်ခုနဲ့ ကြုံရပါတယ်။ လူသူကင်းမဲ့တဲ့ တောကြီးထဲမှာ သားရဲတိရစ္ဆာန်တွေကလည်းရှိနေတဲ့အပြင် ကယ်သူမဲ့နေတဲ့ သူတို့တွေ ရှင်သန်ဖို့ ဘယ်လိုတွေကြိုးစားကြရမှာလဲ။ သူတို့အိမ်ထောင်ရေးအခြေအနေတွေကို တစ်ယောက်နဲ့တစ်ယောက်ရင်ဖွင့်ကြရင်း သူတို့လက်ရှိအခြေအနေကို သဘောပေါက်သွားတဲ့နောက်မှာ။ခင်ပွန်းဖြစ်သူတွေကလည်း သူတို့ဇနီးသည်တွေ မတော်တဆမှုကြုံတာကိုသိသိကြီးနဲ့ တီဗီဖန်သားပြင်ကနေ တိုက်ရိုက်ကြည့်နေခဲ့ပါတယ်။ ဘယ်လိုအကြောင်းတရားတွေကြောင့် ဒီလိုအကြောင်းအရာတွေကိုရင်ဆိုင်နေကြရတာလဲဆိုတာကိုတော့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.6 GB)/(835 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Hunting Housewives (2024)
5.5
Humane (2024)
Humane ဟာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်မှာအသစ်ထွက်ရှိထားတဲ့ Horror, Thriller ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Caitlin Cronenberg ကရိုက်ကူးပေးထားပြီး Jay Baruchel ၊ Emily Hampshire နဲ့Sebastian Chacon တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။သည်းထိတ်ရင်ဖိုဇာတ်လမ်းကိုမှ မိသားစု Drama အမျိုးအစားပါပေါင်းစပ်ပါဝင်နေပြီး ဇာတ်ကောင်တွေဟာ ကိုယ်တိုင်အသက်ရှင်ခွင့်ရဖို့အတွက် တစ်ကိုယ်ကောင်းဆန်ပြီးသတ်ဖြတ်ကြပုံတွေကိုရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ကမ္ဘာကြီးက ဂေဟဗေဒဆိုင်ရာပျက်ကပ်နဲ့ကြုံတွေ့လာရတာကြောင့်ကမ္ဘာခေါင်းဆောင်တွေဟာ ကမ္ဘာမြေရဲ့လူဦးရေကိုလျှော့ချဖို့သဘောတူညီချက်တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ဒီသဘောတူညီချက်အရ နိုင်ငံတိုင်းဟာ သတ်မှတ်ထားတဲ့အချိန်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့လူဦးရေလျှော့ချမှုကိုပြည့်မီအောင်လုပ်ဆောင်ကြရမှာပါ။ ဒီအတွက်နိုင်ငံသားတွေက မိမိတို့ဆန္ဒအလျောက်ဇီဝိန်ခြွေခံဖို့ လာရောက်စာရင်းပေးကြရမှာဖြစ်ပြီး စာရင်းပေးသူတိုင်းကိုလည်းဆုငွေပြန်လည်ပေးအပ်မှာဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားပြီးချမ်းသာကြွယ်ဝတဲ့ယော့ခ်မိသားစုဝင်တွေဟာ စာရင်းပေးတာကသူတို့နဲ့မသက်ဆိုင်တဲ့အရာတစ်ခုလိုခံယူထားခဲ့ပေမယ့်အငြိမ်းစားသတင်းတင်ဆက်သူဖြစ်တဲ့ ဖခင်ကြီးမစ္စတာယော့ခ်ကရုတ်တရက်စာရင်းပေးခဲ့ပါတယ်။ သားသမီးတွေကိုကြိုတင်မပြောဘဲဇီဝိန်ခြွေမယ့်ဝန်ထမ်းတွေရောက်လာမယ့်အချိန်မှာမှသားသမီးတွေကိုနောက်ဆုံးညစာအတူစားဖို့ဖိတ်ရင်းပြောပြခဲ့ပြီးတဲ့နောက်မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတော့တယ်။ File size…1.15GB / 507MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Humane (2024)
7.5
Shazam! (2019)
DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie
Shazam! (2019)
2019
4K HEVC
6.7
Code 8 (2019)
ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့်Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေးဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါအစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲအစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာအားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာသူဘာဆက်လုပ်မလဲ?ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။အဆုံးထိစိတ်ဝင်တစားကြည့်ရှုရမယ့် ဒီကားလေးနာမည်ကတော့ Code 8 (2019) ပါ။ File size… 1.8 GB / 698 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h ...
movie
Code 8 (2019)
2019
6.5
Kick-Ass 2 (2013)
Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie
Kick-Ass 2 (2013)
2013
4K HEVCHDR
The Jane Mysteries: Inheritance Lost (2023)
ဂျိန်းဒါဆေးလ်ဗားဟာ ဥရောပတစ်ခွင်မှာ နယ်လှည့်ဖျော်ဖြေနေတဲ့ ပြဇာတ်အဆိုတော်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစ်သူ ဟာရိုးဆီကနေ အကျိုးအမြတ်မယူတဲ့စုံထောက်အေဂျင်စီတစ်ခုကို အမွေရရှိခဲ့ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူက ဒီအေဂျင်စီကို သူမကိုဆက်လက်ဦးစီးစေချင်ပြီး လူတွေကို ကူညီစေချင်ပေမယ့် သူမဟာ သူမရဲ့ ပြဇာတ်အဆိုတော်ဘဝကို ခုံမင်တဲ့အတွက် လက်ခံဦးစီးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုနဲ့ ဦးလေးအိမ်ကို ခဏတာပြန်လာတဲ့အချိန်မှာ လီယာဆိုတဲ့ ငယ်စဉ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို သိချင်တဲ့အတွက် လာပြီးတော့ အကူအညီတောင်းပါတော့မယ်။ သူမအနေနဲ့ ငြင်းချင်ပေမယ့် ဂျိန်းကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီယာ့ကို ကိုယ်ချင်းစာပြီး ဥရောပကို မပြန်ခင် ဒီအမှုတစ်ခုကို လက်ခံဖြေရှင်းပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေက သတ်သေမှုလို့ ခေါင်းစဉ်တပ်ပြီး လွယ်လွယ်ပိတ်သိမ်းလိုက်တဲ့အမှုကို သူစပြီးစုံစမ်းပါတော့တယ်။ ဒီတော့ လီယာ့ရဲ့အမေက တစ်ကယ်ပဲသတ်သေခဲ့တာလား၊ လီယာရဲ့အမေရရမယ့် အမွေဒေါ်လာနှစ်သိန်းခွဲကလည်း ...
movie
The Jane Mysteries: Inheritance Lost (2023)
5.6
Highwaymen (2004)
မော်လီဟာ သူငယ်ချင်းဖြစ်သူ အဲလတ်စ်နဲ့ကားမောင်းပြီး အိမ်ပြန်နေချိန်မှာ ကားတစ်စီးက သူတို့ကိုအချက်ပြပြီးကျော်သွားလိုက်တယ်။ ခဏအကြာ လှိုဏ်ခေါင်းထဲ အဝင်မှာ ကားမတော်တဆဖြစ်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ ဒဏ်ရာရသူတွေကူညီဖို့အတွက် သူငယ်ချင်းနှစ်ယောက် အပြင်ထွက်လိုက်ကြတယ်။ မော်လီကို ဒဏ်ရာရသူတွေကိုကြည့်ခိုင်းထားပြီး အဲလတ်စ်ကတော့ လမ်းပေါ်တက်ပြီး အကူအညီတောင်းတဲ့အခါကားတစ်စီးက အဲလတ်စ်ကို တမင်ဝင်တိုက်ပြီးသတ်လိုက်တယ်။ ဖြစ်ရပ်အစအဆုံးကို မြင်သွားတဲ့ မော်လီကိုထပ်တိုက်မယ်အလုပ်မှာ လူတစ်ယောက်ရောက်လာတဲ့ အတွက် ထွက်ပြေးသွားတယ်။ နောက်တော့ရဲတွေရောက်လာပြီးမော်လီကိုကယ်ဆယ်ပေးလိုက်ကြတယ်။စိတ်ဒဏ်ရာရသွားတဲ့မော်လီဟာ ကားတိုက်ခံရပြီးကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့သူတွေကိုစိတ်သက်သာရာရအောင် ကုစားပေးတဲ့သင်တန်းကိုတက်နေချိန်မှာခရေးဆိုတဲ့လူတစ်ယောက်ကမော်လီနဲ့စကားလာပြောတယ်။ကားတိုက်ပြီးထွက်ပြေးတဲ့သူကို သူသိကြောင်း ၊နောက်တစ်ခါထပ်လာလိမ့်ဖြစ်ကြောင်း ၊တရားခံကိုရဲတွေမဖမ်းပေးနိုင်ပေမယ့် သူကူညီနိုင်ကြောင်းပြောပြတဲ့အခါ မော်လီလည်းခရေးနဲ့ အတူလက်တွဲပြီး အလုပ်လုပ်ဖို့လက်ခံလိုက်တယ်။ ဒီလိုနဲ့မော်လီနဲ့ ခရေးတို့ တရားခံကိုဘယ်လိုအခက်အခဲတွေနဲ့ဖမ်းမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.57GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Highwaymen (2004)
6.0
Dream House (2011)
ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ ...
movie
Dream House (2011)
5.7
The Man From Toronto (2022)
ဟာသသရုပ်ဆောင် ကယ်ဗင်ဟာ့ နဲ့ ဝူဒီ ဟာရယ်ဆန်တို့ ပါဝင်ထားတဲ့ နက်ဖလစ် ဟာသ အက်ရှင် ကားအသစ်ထွက်လာပါပြီ။ Hitman Bodyguard နဲ့အတော်ဆင်ပါတယ်။ ရယ်ရတယ်၊ အတိုက်အခိုက်တွေပါတယ်။ rating လည်း ကောင်းကောင်းရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက်ဒီဆိုတဲ့လူဟာ ဘာလုပ်လုပ်တလွဲတွေချည်းပဲမို့ အလုပ်မှာမအောင်မြင်တဲ့လူတစ်ယောက်ပါ။ သူ့မိတ်ဆွေတွေကတောင် တစ်ယောက်ယောက်တလွဲလုပ်ရင် တက်ဒီမလုပ်နဲ့ဆိုပြီး ပြောင်ကြတဲ့အထိပါပဲ။ သူ့မိန်းမရဲ့ မွေးနေ့အတွက် တဲအိမ်တစ်ခုကိုသွားနေရာချရင်း လွဲနေကျ တက်ဒီတစ်ယောက် တဲမှားပြီးရောက်သွားပါတယ်။သူရောက်သွားတဲ့ တဲက လူတွေကတော့ တိုရန်တိုကလူ ဆိုတဲ့ နာမည်ကြီး ကြေးစားလူသတ်သမား၊ နှိပ်စစ်စစ်ဆေးရေးသမားကို မျှော်နေကြတာပါ။ သူတို့ကလည်း တိုရန်တိုကလူကိုမမြင်ဖူးဘဲ တက်ဒီ့ကို အရှုပ်ထုပ်ကြီးထဲ ဆွဲထည့်မိသွားတဲ့အခါ... File size…(1.98GB/(1.07GB)/(772MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Action / Comdey / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
The Man From Toronto (2022)
The Lookout(2007)
The Lookout(2007)အညွှန်း***********************IMDb....7.0Rotten tomatoes....87%Chrisဟာ ယာဉ်တိုက်မှုတစ်ခုကြောင့် ဆယ်ရက်လောက် ကိုမာဝင်ခဲ့ပြီး အတိတ်မေ့ရောဂါရခဲ့ပါတယ်....ဒီယာဉ်တိုက်မှုရဲ့အဓိက တရားခံဟာ သူကိုယ်တိုင်ဖြစ်ပြီး ကားပေါ်ပါတဲ့သူငယ်ချင်းတွေဆုံးပါးခဲ့တဲ့အတွက်ယူကြုံးမရဖြစ်ပြီး သူ့အမှားဆိုတဲ့ စိတ်ကြီးနဲ့ပဲ အပြစ်တင်ရင်းနေလာခဲ့တယ်....သူရဲ့တစ်နေ့တာလုပ်ငန်းစဉ်ကိုတောင် မမှတ်မိနိုင်တဲ့ Chrisအတွက် ဘဝမှာ အဆင်မပြေမှုတွေ များခဲ့တယ်...ဘဏ်တစ်ခုမှာသန့်ရှင်းရေးလုပ်ရင်းတစ်နေ့တာကို ခက်ခဲလေလွင့်စွာဖြတ်သန်းနေရတယ်...တစ်နေ့တော့ အကြီးစားဘဏ်ဖောက်မှုကျူးလွန်တဲ့သူတွေဟာအမာခံတစ်ယောက်ရအောင် သူ့ကိုချဉ်းကပ်လာပြီးဘဏ်ဖောက်ဖို့ စည်းရုံးသိမ်းသွင်းလာတဲ့အခါမှာတော့....ဘဏ်ဓားပြကားတွေကြိုက်တဲ့သူတွေအဖို့ လက်မလွှတ်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Khine Khine Wai ပဲဖြစ်ပါတယ်... File Size :(926 MB) and (352MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae
movie
The Lookout(2007)
8.1
Spotlight ( 2015 )
movie
Spotlight ( 2015 )
2015
5.7
Cube Zero ( 2004 )
Cube 3 ကားလုံးကိုဒီမှာဒေါင်းနိုင်ပါတယ်Zawgyi******Cube ကားတွေရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်သဲထိတ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ၂၀၀၄ ထဲမှာထွက်ရှိထားတဲ့Cube Zeroဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ထူးထူးဆန်းဆန်းနဲ့ အသည်းထိတ်စရာတွေကြိုက်နှစ်သက်သူတွေအတွက်ပါအစိုးရကလူတွေကိုစမ်းသပ်စစ်ဆေးတဲ့ အော်ပရေးရှင်းတစ်ခုမှာလူတွေကို မှတ်ဥာဏ်တွေဖျက်ပြီး ကုဗပုံအခန်းတွေထဲ ထည့်ထားပါတယ်ဒီလူတွေက အဲ့ဒီအခန်းထဲတွေထဲကနေ လွတ်အောင်အပြင်ထိထွက်ပြေးရမှာပါ လူတွေဟာ ကိုယ်ဘယ်သူဆိုတာမှန်းတောင်မသိပါဘူးမှားယွင်းတဲ့အခန်းတွေထဲ ဝင်မိရင်လည်း ထောင်ချောက်တွေဆင်ထားတဲ့အတွက်မှားယွင်းမှုအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်…အခန်းမှားပြီးဝင်မိတာနဲ့ အမျိုးမျိုးသော ထောင်ချောက်တွေထဲမှာအမျိုးမျိုးသောသေခြင်းနဲ့ သေဆုံးရမှာဖြစ်ပါတယ် …ဓာတ်ခွဲခန်းထဲကကြွက်တွေလို စမ်းသပ်ခံလူတွေဟာ ဒီကုဗတုံးကြီးတွေထဲကလွတ်မြောက်နိုင်ပါ့မလား ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြပါဦး Translated & Review By Zwe Khant ThwinEncoded By LK Unicode*******Cube ကားတွေရဲ့နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်သဲထိတ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်ကြတဲ့ပရိသတ်တွေအတွက် ၂၀၀၄ ထဲမှာထွက်ရှိထားတဲ့Cube Zeroဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ထူးထူးဆန်းဆန်းနဲ့ အသည်းထိတ်စရာတွေကြိုက်နှစ်သက်သူတွေအတွက်ပါအစိုးရကလူတွေကိုစမ်းသပ်စစ်ဆေးတဲ့ အော်ပရေးရှင်းတစ်ခုမှာလူတွေကို မှတ်ဉာဏ်တွေဖျက်ပြီး ကုဗပုံအခန်းတွေထဲ ထည့်ထားပါတယ်ဒီလူတွေက အဲ့ဒီအခန်းထဲတွေထဲကနေ လွတ်အောင်အပြင်ထိထွက်ပြေးရမှာပါ လူတွေဟာ ကိုယ်ဘယ်သူဆိုတာမှန်းတောင်မသိပါဘူးမှားယွင်းတဲ့အခန်းတွေထဲ ဝင်မိရင်လည်း ထောင်ချောက်တွေဆင်ထားတဲ့အတွက်မှားယွင်းမှုအတွက် ပေးဆပ်ရတဲ့တန်ဖိုးကတော့ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်…အခန်းမှားပြီးဝင်မိတာနဲ့ အမျိုးမျိုးသော ထောင်ချောက်တွေထဲမှာအမျိုးမျိုးသောသေခြင်းနဲ့ ...
movie
Cube Zero ( 2004 )
2004
7.6
The Christmas Chronicles (2018)
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီးRating 7.6 ရရှိထားကာကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု...ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ်ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်..သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်...ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်...ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကိုကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ..တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်...ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်...တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်...ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ...သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်...သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်...ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး...စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ...စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ ...
movie
The Christmas Chronicles (2018)
2018
6.4
Every Day (2018)
Every Day (2018) IMDb - 6.4/10_____Rotten - 63% မိုးလင်းတိုင်း ဘဝအသစ်တစ်ခုမှာ လူအသစ်တစ်ယောက်လိုနေ့တိုင်းနိုးထလာရတဲ့ .... နေ့တိုင်းနေ့တိုင်းဘဝအသစ်တစ်ခုမှာရှင်သန်ရင်း သူ့ကိုယ်တိုင်ဖြစ်တည်မှုကိုတောင် မေ့လျော့လုဆဲဆဲအချိန်မှာပဲ သူဝင်ရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဂျပ်စတင် ရဲ့ချစ်သူ ရီအန်နွန်နဲ့ တွေ့ဆုံလာခဲ့ရတဲ့အခါ... နေ့တိုင်းခန္ဓာကိုယ်ပြောင်းလဲနေပေမယ့် မပြောင်းလဲတဲ့ သူ့အချစ်စိတ်ကို ရီအန်နွန် သိအောင်ဘယ်လိုထုတ်ပြမလဲ? ရီအန်နွန်ကရောဘယ်လိုတံုံ့ပြန်မှာလဲ? ဘာတွေဆက်ဖြစ်မှာလဲ? ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ကားလေးတစ်ကားပါ။ အားမလို အားမရမှုတွေ၊ကြည်နူးမှုတွေ စိတ်ခံစားချက်မျိုးစုံကိုခံစားရင်း အဆုံးထိဆွဲခေါ်ပေးသွားနိုင်တဲ့ကားလေးတစ်ကားဆိုလဲ မမှားပါဘူး။ ရိုးရိုးဇာတ်အိမ်တွေထဲကဖောက်ထွက်ထားတဲ့ ဒီကားသစ်လေးကတော့ Everyday (2018)ပါ။ Dramanကားကောင်းလေးတွေကြိုက်တဲ့CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မအေးမွန်ကျော် ပါ) File Size : (800 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Aye Mon ...
movie
Every Day (2018)
2018
7.8
The Shape of Water (2017)
Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး...ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေနာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ...ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်...ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ...ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး ...
movie
The Shape of Water (2017)
2017