Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Martin Pfefferkorn
6.0
I Sell the Dead (2008)
I Sell the Dead (2008)=================ဒီဇာတ်ကားဟာ သူ့နာမည်အတိုင်း အလောင်းတွေခိုးတူးပြီးရောင်းတဲ့ ဆရာတပည့်နှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ (2008)ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6/10, Rotten Tomatoes 71% ရထားတာဖြစ်လို့ Rating နည်းတတ်တဲ့ ဟော်ရာရုပ်ရှင်တွေထဲ အခြေအနေကောင်းတဲ့ကားလို့ ပြောလို့ရပါတယ်။ ဟော်ရာကားတွေရိုက်လေ့ရှိတဲ့ မင်းသားကြီး Larry Fessendenက ဆရာနေရာ၊ The Lord of the Rings ထဲမှာ Merry Brandybuck အဖြစ် သရုပ်ဆောင်ခဲ့တဲ့မင်းသား Dominic Monaghanက တပည့်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Sons of Anarchyတို့ Hellboy တို့ထဲက မင်းသားကြီး Ronald N. Perlman ကလည်း ဘုန်းတော်ကြီးနေရာကနေ ပါဝင်ထားပါသေးတယ်။ကားက ဗစ်တိုးရီယားခေတ် (1820-1910)ကို အခြေတည်ထားတာဖြစ်ပါတယ်။ အဲ့ခေတ်တုန်းက ခေါင်းဖြတ်သတ်တဲ့သေဒဏ်စနစ်ရှိသေးတော့ ဒီကားရဲ့စစလာချင်းအခန်းမှာ ...
movie
I Sell the Dead (2008)
6.1
Addicted to Love (1997)
Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam ...
movie
Addicted to Love (1997)
6.3
Death to Smoochy (2002)
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ...
movie
Death to Smoochy (2002)
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)
6.2
Drunk Bus (2020)
Drunk Bus (2020)==============IMDb Rating - 6.2/102020 ကထွက်ရှိခဲ့တဲ့ drama, comedy ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။မိုက်ကယ်ဆိုတဲ့ကောင်လေးက ကျောင်းပြီးလို့ ဘွဲ့ရသွားပေမယ့် လမ်းပျောက်နေတဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံပညာကို အလွန်ဝါသနာ ပါခဲ့ပေမယ့် သူနဲ့ငါးနှစ်တွဲခဲ့တဲ့ချစ်သူအေမီ သူ့ကိုထားသွားပြီးနောက် မှာတော့ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်တော့ပဲ ဘဝကို ပျင်းရိ ငြီးငွေ့စွာ တက္ကသိုလ်ကြိုပို့ကားမောင်းရင်း ရှင်သန်နေသူတစ်ဦးပေါ့။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့သူကို အနိုင်ကျင့် စော်ကားသူတွေလည်း ရှိပြန်လေရဲ့…ဒီလိုနဲ့ သူ တစ်နေ့ ကျောင်းသားတစ်ယောက်ရဲ့ထိုးကြိတ်တာကို ခံလိုက် ရပြီးနောက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် ဘော်ဒီဂတ်သဘောမျိုး လူတစ်ယောက်ခန့်ပေးခဲ့ပါတယ်။ ထူးခြားတာက အဲဒီလူကြီးဟာ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ပြည့်နေပြီး နာမည်ကလည်း နာနတ်သီးဆိုပဲ… သူနဲ့ နာနတ်သီး ခင်မင်သွားကြပြီး နာနတ်သီးက သူ ဘဝမှာ မလုပ်ရဲ မလုပ်ဝံ့ ခဲ့တာတွေကို တွန်းအားပေးလာခဲ့ချိန်မှာတော့… Fun fact အနေနဲ့ပြောရရင် နာနတ်သီးရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပါပဲတဲ့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်)File Size - (1.14 GB) / ...
movie
Drunk Bus (2020)
2020
7.3
Spider-Man (2002)
ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ...
movie
Spider-Man (2002)
5.9
World Trade Center (2006)
World Trade Center (2006)IMDb - 5.9/10_____Rotten - 67% World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်.. လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်. အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ ...
movie
World Trade Center (2006)
2006