Channel Myanmar

Martin Kavan

The Brothers Grimm (2005) 5.9
The Brothers Grimm (2005)  "The Brothers Grimm" ရုပ်ရှင်ကတော့သည် 2005 ခုနှစ်မှာ ဒါရိုက်တာ Terry Gilliam ရိုက်ကူးထားတဲ့စိတ်ကူးယဉ် စွန့်စားခန်းဇာတ်ကားဖြစ်ပါတယ်။ဒီကားထဲမှာ ဟောလိဝုဒ်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့Matt Damon၊ Heath Ledger နဲ့ Lena Headey တို့ကအဓိငပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဂျိတ်နဲ့ဝီလ် ဂရင်းမ်ညီနောင်ဟာ တနယ်ကနေတနယ်ခရီးသွားလာပြီး မြို့သူမြို့သားတွေကို ထူးခြားဆန်းကြယ်တဲ့မိစ္ဆာသတ္တဝါတွေရဲ့ရန်က ကာကွယ်ပေးတဲ့နည်းနဲ့လိမ်ညာလုပ်ကြံဖန်တီးပြီး ပိုက်ဆံရှာကြတာဖြစ်ပါတယ်။ဒါပေမဲ့ ဂရင်းမ်တို့ညီနောင်ဟာ အမှန်တကယ် သရဲခြောက်တဲ့တောအုပ်ထဲကိုရောက်တဲ့အခါမှာတော့ တကယ့်မှော်ဆန်တဲ့ကျိန်စာနဲ့ ကြုံတွေ့ရတဲ့အခါမှာ သူတို့ရဲ့ဘဝက မထင်မှတ်ထားတဲ့အလှည့်အပြောင်းတခုဘယ်လိုဖြစ်လာမှာလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းတခုဖြစ်ပါတယ်။ File size…2.76GB / 1.53GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

The Brothers Grimm (2005)

Medieval (2022)
Medieval (2022) Mediveal (2022)ဥ​​ရောပအလယ်​ခေတ်ဇာတ်ကား​တွေကို ကြိုက်နှစ်သက်သူ​တွေအတွက် ဘိုဟီးမီးယန်း(ချက်နိုင်ငံ)မင်းဆက် သမိုင်းဇာတ်လမ်းတစ်ခုကို တင်ဆက်​ပေးလိုက်ပါတယ်။ ၁၄ရာစုတုန်းက ဘိုဟီးမီးယန်းနယ်​မြေရဲ့ အကြီးကျယ်ဆုံး စစ်သူရဲတစ်​ယောက်ဖြစ်တဲ့ ယန်ဇစ်ဇကာရဲ့ ကနဦးစွန့်စားခန်းတစ်ခုကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။၁၄ရာစုနှစ် ချားစ်ဘုရင်-၄ နတ်ရွာစံပြီး​နောက် ဘိုဟီးမီးယန်းနယ်​မြေတွင်း ဂိုဏ်းဂဏ​တွေကွဲပြီး ရောမရှိပုပ်ရဟန်းမင်းနဲ့ ပြင်သစ်ဘုရင်လက်​အောက်ရှိ ပုပ်ရဟန်းမင်းဆိုပြီး ဘာသာ​​ရေးအရပါ ၂ပိုင်းကွဲသွားပါတယ်။ ​ ချားစ်-၄ ​နတ်ရွာစံပြီး​နောက် သား​တော်ဖြစ်သူ ဝင်ဆယ်ဆလက်စ် နန်းတက်ရမှာဖြစ်​ပေမယ့် ရောမရှိပုပ်ရဟန်းမင်းကြီးဆီမှာ နန်းတက်ပွဲခံပြီးမှသာ ရှင်ဘုရင်သစ်ဖြစ်လာမှာဖြစ်လို့ ဝင်ဆယ်ဆလက်စ်အ​နေနဲ့ ​ဘိုဟီးမီးယားနယ်က​နေ ရောမကိုသွားဖို့ လိုအပ်​နေတာဖြစ်ပါတယ်။ဒါ​ပေမဲ့ ဝင်ဆယ်ဆလက်စ်ဟာ အခွံသာရှိပြီးအဆံမရှိသူဖြစ်လို့ ​ကြွေးမှီများစွာတင်​နေပြီး ရောမကိုသွားဖို့​တောင် ရဲမက်စရိတ် စားစရိတ်ကအစ ​ချေးငှားရမယ့်အ​ခြေအ​နေပါ။ သူတို့​ချေးငှား​နေကျ သူကြွယ်အရှင် ရိုဆင်ဘာ့ဂျ်ကလည်း ​ချေး​​ငွေထုတ်မ​​ပေးတာ​ကြောင့် အကျပ်ရိုက်​နေတာပါ။ ဒါ​ကြောင့် ကြံရာမရတဲ့အဆုံး ရိုဆင်ဘာ့ဂျ်ရဲ့ ဇနီး​​လောင်း ​လေဒီကတ်သရင်းကို ပြန်​ပေးဆွဲပြီး ပြန်​ပေး​ငွေ​တောင်းဖို့ ကြံပါ​တော့တယ်။ပြန်​ပေးဆွဲ​​​ရမယ့်တာဝန်က​တော့ ​ကြေးစားစစ်သည် ယန်ဇစ်ဇကာရဲ့ တာဝန်ဖြစ်လာပါတယ်။ ဇစ်ဇကာအ​နေနဲ့ ​လေဒီကတ်သရင်းကို ​ပြန်​ပေးဆွဲတဲ့ကိစ္စ​ အောင်မြင်မှာလား၊ အရှင်ဝင်ဆယ်ဆလက်စ်ရဲ့ အကြံအစည်က ထင်သ​​လောက် ရိုးရိုးရှင်းရှင်းနဲ့ ပြီးသွားပါ့မလား။ နောက်ကွယ်က နိုင်ငံ​ရေး ဘာသာ​ရေးအရှုပ်အ​ထွေး​တွေကြား ဘယ်​လောက်ထိ ​ပွေလီဦးမလဲဆိုတာ တိုက်ခိုက်ခန်း၊သတ်ဖြတ်ခန်းများများနဲ့ ...
movie

Medieval (2022)