Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Martin Dunne
6.2
The Devil’s Own (1997)
အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie
The Devil’s Own (1997)
7.8
My Left Foot: The Story of Christy Brown (1989)
ခရစ်စတီဘရောင်းဟာ မွေးကတည်းက မသန်စွမ်းလေးဆိုပြီး ပတ်ဝန်းကျင်က ဝိုင်းနှိမ်တာခံခဲ့ရတဲ့ ကလေးတစ်ယောက်ပါ။မိသားစုတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကိုရင်ဆိုင်ပြီး မသန်ပေမယ့်စွမ်းတယ်ဆိုတဲ့စကားအတိုင်း ခရစ်စတီ ဘရောင်းတစ်ယောက်ဝါသနာပါရာ ပန်းချီကိုရေးဆွဲဖြစ်လာတယ်။စကားပြောတတ်အောင် သင်ပေးတဲ့ ဆရာဝန်မလေး အယ်လင်က သူဝါသနာပါရာတွေကို တတ်နိုင်သမျှ ကူညီပေးရာကနေ မိသားစုငွေရေးကြေးရေး အကြပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ အယ်လင်ကြောင့် ကဗျာစာပေတွေကိုချစ်မြတ်နိုးသွားပြီး အယ်လင့်ကိုပါချစ်မိသွားရာက ဖွင့်ပြောလိုက်တဲ့အခါ အယ်လင်မှာ လက်ထပ်တော့မဲ့သူဆိုတာ သိလိုက်ရပြီးနောက် ဘယ်လို ဘဝကို ရှေ့ဆက်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန် My Left Foot ဆိုတဲ့ ဝတ္ထု အပေါ်အခြေခံရိုက်ကူးထားပြီး ဆုပေါင်း ၁၁ခုရရှိခဲ့ပါတယ်။ ကျွန်တော်တို့ Christmas တိုင်းကြည့်ခဲ့တဲ့ Home alone ဇာတ်လမ်းထဲမှ ခိုအစာကျွေးတဲ့အမျိုးသမီးလို့သိကြတဲ့ Brenda Frickerဟာ ခရစ်စတီဘရောင်းရဲ့ အမေနေရာအဖြစ် ပါဝင်ထားပါတယ်။ File size…(1.8 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Drama, ...
movie
My Left Foot: The Story of Christy Brown (1989)
8.1
In the Name of the Father (1993)
ဒီရုပ်ရှင်ဟာ ၁၉၇၄ ခုနှစ်က အင်္ဂလန်နိုင်ငံ ဂေလ်ဖို့ဒ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုရဲ့ တရားခံအဖြစ် မတရားစွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ သားကောင်တွေဖြစ်တဲ့ ကွန်လန်မိသားစုအကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။အချိန်ကာလအားဖြင့် ၁၉၇၄ ခုနှစ်ဖြစ်ပြီး ဗြိတိသျှအင်ပါယာလက်အောက် ကျရောက်နေတဲ့ အိုင်ယာလန်နိုင်ငံကနေ ပေါက်ဖွားလာခဲ့တဲ့ အိုင်ယာလန် ရီပဗ္ဗလစ်ကန်အာမီ (Provisional IRA)ဟာ အင်္ဂလန်နိုင်ငံတဝှမ်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပြီး ဂေလ်ဖို့ဒ်ဗုံးခွဲမှုကလည်း တခုအပါအ၀င်ဖြစ်ပါတယ်။ ဗြိတိသျှစစ်သားတွေကို ပစ်မှတ်ထားခဲ့တဲ့ ထိုဗုံးခွဲတိုက်ခိုက်မှုမှာ ဗြိတိသျှစစ်သား ၄ ယောက် ပြည်သူ ၁ ယောက် သေဆုံးပြီး ၆၅ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဘဲလ်ဖက်စ်မြို့မှာနေထိုင်တဲ့ အလုပ်လက်မဲ့ လူငယ်တဦးဖြစ်တဲ့ ဂျယ်ရီကွန်လန်ဟာ နေအိမ်တစ်လုံးရဲ့ အိမ်ခေါင်မိုးပေါ်က သံတိုသံစကိုခိုးယူနေရင်းကနေ ဗြိတိသျှစစ်သားတွေက IRA စနိုက်ပါသမားအဖြစ် အထင်မှားပြီး ပစ်ခတ်ဖမ်းဆီးဖို့လုပ်ပါတယ်။ ဗြိတိသျှနဲ့ IRA အကြား မီးမွှေးခဲ့တဲ့ ဂျယ်ရီကို အဖေဖြစ်သူ ဂျစ်ဆပ်ပီကွန်လန်က ဂေလ်ဖို့ဒ်မြို့မှာ ...
movie
In the Name of the Father (1993)