Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Martin Donovan
Saved! (2004)
ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ ...
movie
Saved! (2004)
Wind Chill (2007)
Wind Chill (2007) ==============မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.4 GB) / (521 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Horror Translator.......Alias Encoder..........SWM
movie
Wind Chill (2007)
2007
7.6
BlackBerry (2023)
BlackBerry (2023)ဘလက်ဘယ်ရီဖုန်းလို့ပြောလိုက်ရင် ဘာကိုမှတ်မိကြမလဲ။ လူကြီးနဲ့လူလတ်ပိုင်းတွေက သူတို့တစ်ချိန်တစ်ခါကသုံးခဲ့တဲ့ဖုန်းကို မှတ်မိပြီး လူငယ်တွေအတွက်ကတော့ အပြောင်းအလဲကို အမှီမလိုက်နိုင်လို့ ကျရှုံးခဲ့ရတဲ့သမိုင်းသင်ခန်းစာအဖြစ် သိကြမယ်လို့ထင်တယ်။ ဘလက်ဘယ်ရီက အိုင်ဖုန်းထက်အရင် ပထမဆုံး စမတ်ဖုန်းဖြစ်ခဲ့ပေမယ့် အိုင်ဖုန်းက touchscreen နဲ့ဝင်မိတ်ဆက်လာတဲ့အခါမှာ Keypad ကနေ အမှီလိုက်မပြောင်းလဲနိုင်လို့ အိုင်ဖုန်းကဖြုတ်ချတာကို ခံလိုက်ရတဲ့ကုမ္ပဏီပေါ့။ဒီဇာတ်လမ်းကတော့ Biography သက်သက်မဟုတ်ပဲ ဒရာမာပြုထားတာတော့ အဖြစ်အပျက်အကြောင်းအရာအားလုံးက အမှန်ရယ်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ ဘလက်ဘယ်ရီရဲ့အောင်မြင်ခန်း ကျရှုံးခန်းတွေကို ကောင်းကောင်းကြီးသဘောပေါက်သွားမှာပါ။ ဇာတ်လမ်းသွားအတွက်လဲ တကယ့်အရေးကြီးဖြစ်ရပ်တွေကို သေချာရွေးချယ်တင်ဆက်ထားတာကြောင့် တော်တော်ကိုကြည့်ရတာလွယ်ကူအဆင်ချောပါတယ်။ ဒီလိုနည်းပညာဆိုင်ရာ ဇာတ်ကားတွေမှာ ဘာပြသနာရှိလဲဆိုရင် ရှုပ်ထွေးတဲ့အသုံးအနှုန်းတွေ လေးလံတဲ့အဖြစ်အပျက်သမိုင်းတွေကြောင့် ဝီကီပီးဒီးရားစာမျက်နှာဖတ်နေရသလိုဖြစ်ပြီး သက်ဆိုင်ရာနယ်ပယ်ကလူပဲနားလည်ပြီး သာမန်လူတွေကနားမလည်နိုင်ကြတာပါ။ ဒီ Blackberry မှာတော့ နည်းပညာအသုံးအနှုန်းတွေကို အရိုးရှင်းဆုံးဖြစ်အောင် အလွယ်ကူဆုံးဝေါဟာရတွေသာ သုံးထားပြီး ဇာတ်လမ်းသွားကလဲ သွက်သေးတာမို့ အချိန်နှစ်နာရီလောက်ပေးပြီး သမိုင်းသင်ခန်းစာကောင်းတစ်ခုရမယ့်အခွင့်အရေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p | 480p File size… 1.42Gb | 743MB | ...
movie
BlackBerry (2023)
2023
5.7
Sabotage (2014)
မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီးအရန်အဖြစ်လဲ avatar မင်းသား Sam Worthingtonအပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါမူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကိုဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ်လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင်တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ်ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည်တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက်ရက်ရက်စက်စက်အသတ်ခံရပါတော့တယ်စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်းသံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲတယောက်ပြီးတယောက် သေနေတဲ့အတွက်ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေလူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size… 2.5 GB / 1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie
Sabotage (2014)
2014
6.1
The Sentinel(2006)
ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie
The Sentinel(2006)
7.8
Tenet (2020)
Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie
Tenet (2020)
4K HEVC
6.2
The Quiet (2005)
--- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆားငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။--- ကိုယ်ပျောက်မိန်းကလေး ...
movie
The Quiet (2005)
6.1
Crisis (2021)
Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie
Crisis (2021)
2021
5.3
Redemption Day (2020)
Redemption Day (2021)===================IMDb Rating - IMDb Rating - 5.3/10 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် ဒီရက်ပိုင်း ပူပူနွေးနွေးထွက်ရှိထားတဲ့ action, thriller ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဘရက်ဒ်ပက်စတန်ဆိုတဲ့ အမေရိကန်ရေတပ်ကပ္ပတိန်တစ်ဦးရဲ့ ဇနီးဖြစ်သူ ရှေးဟောင်းသုတေသနပညာရှင် ကိတ်ပတ်စတန်ဟာမော်ရိုကိုနိုင်ငံမှာတွေ့ရတဲ့ လူသားအရိုးစုတွေကို သုတေသနလုပ်ဖို့ အဖွဲ့နဲ့အတူ မော်ရိုကိုနိုင်ငံကိုလာခဲ့ကြပါတယ်။ ကံဆိုးချင်တော့အရိုးစုတွေကိုလေ့လာရင်း မော်ရိုကိုနဲ့ အာလ်ဂျီးရီးယားရဲ့ နယ်စပ်မျဥ်းကို မတော်တဆဖြတ်မိသွားပြီး ဓားစာခံအဖြစ်ဖမ်းခေါ်သွားခံရပါတယ်။ ဒီသတင်းကိုကြားရတဲ့အခါ ခင်ပွန်းဖြစ်သူ ဘရက်ဒ်ပက်စတန်တစ်ယောက် သူကြုံခဲ့ရတဲ့ သူ့ကိုအိပ်မက်ဆိုးအဖြစ် ခြောက်လှန့်နေတဲ့ စစ်အနိဌာရုံတွေကို အန်တုပြီး ဇနီးဖြစ်သူကိုသွားကယ်ဖို့ သူ့မိတ်ဆွေဖြစ်သူ မော်ရိုကိုအထက်တန်းအရာရှိ ယိုးနက်စ်နဲ့အတူရန်သူ့နယ်မြေထဲ စွန့်စားလာကြတဲ့ စစ်ဆင်ရေးပုံရိပ်တွေကို မြင်ကြရမှာပါ။ Action ကားဆိုပေမယ့်လည်း သွေးထွက်သံယိုခန်းတွေသိပ်မပါတဲ့အတွက် အသည်းငယ်တတ်သူတွေအဖို့ရော မိသားစုတွေနဲ့ပါ ကြည့်လို့သင့်တော်မယ့်ဇာတ်ကားတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA မှရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ MTA, August တို့ပဲဖြစ်ပါတယ်။) Quality – 1080p, ...
movie
Redemption Day (2020)
2021
7.1
The United States of Leland (2003)
The United States of Leland (2003) လီလန်းဖစ်စ်ဂျဲရက် ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးဟာ ကျပ်မပြည့်တဲ့ကလေးတစ်ယောက်ကိုရက်စက်စွာသတ်ခဲ့ပြီး သတ်ရတဲ့အကြောင်းအရင်းဟာလူတွေရဲ့ဝမ်းနည်းမှုတွေကြောင့်လို့ပြောခဲ့ပါတယ်။ လီလန်းဟာအဖမ်းခံရပြီးနောက် အသက်ငယ်သေးတဲ့အတွက်ပြုပြင်ရေးစခန်းကိုပို့ခံရပါတယ်။ ထိုစခန်းက လီလန်းရဲ့အတန်းကိုစာသင်ကြားပေးတဲ့ဆရာဟာ လီလန်းရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုစိတ်ဝင်စားပြီး လူသတ်ခဲ့ရတဲ့ရည်ရွယ်ချက်အစစ်အမှန်ကိုသိလိုစိတ်နဲ့ လီလန်းရဲ့အတွေ့အကြုံတွေကိုမေးမြန်းကာ စာအုပ်ရေးဖို့ကြိုးစားပါတော့တယ်။ Translated by : Pyi.T.Nyein Encoded by : August
movie
The United States of Leland (2003)
6.5
White Lie (2019)
movie
White Lie (2019)
2019
7.1
Unthinkable (2010)
ကျွန်တော် ခဏခဏမေးဖြစ်တဲ့ မေးခွန်းလေးတစ်ခုမေးကြည့်ချင်ပါတယ်။ ခင်ဗျားက စနိုက်ပါ တစ်လက်နဲ့ လူတစ်ယောက်ကို ချိန်ထားတယ်။အဲဒီလူက လူတွေအများကြီးရှိနေတဲ့ နေရာမှာ ဗုံးခွဲမလို့ လုပ်နေတဲ့သူ။ အဲဒီလူကို ပစ်သတ်ဖို့ ခင်ဗျား သေနတ်မောင်းကို ဆွဲမှာလား။ခင်ဗျားလက်မှာ သွေးအစွန်းခံပြီးတော့ ဗုံးကွဲလို့သေမယ့်သူတွေကို ကယ်မှာလား။ ဒါမှမဟုတ် လူသတ်သမားတစ်ယောက် အဖြစ်ခံပြီး ပစ်သတ်လိုက်မှာလား။ပစ်သတ်လိုက်မယ်ဆိုရင်တော့ ခင်ဗျားက သူရဲကောင်းကြီးတစ်ယောက် ဖြစ်သွားနိုင်တာပေါ့။ ဒါပေမဲ့ လူသတ်သမားတော့ ဖြစ်သွားလိမ့်မယ်။ခင်ဗျားက လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်လို့ သေနတ်မောင်းခလုတ်ကို မဆွဲဘဲ လှည့်ထွက်သွားမယ်ဆိုရင်လည်း ရပါတယ်။ အနေသာကြီးပါ။ဒါပေမဲ့ လူပေါင်းများစွာ သေကြေပျက်စီးရမယ့် ကိစ္စကို တားနိုင်တဲ့ အစွမ်းရှိရဲ့သားနဲ့ မတားနိုင်ဘူးဆိုရင် အဲဒီအသက်တွေအတွက် ခင်ဗျားမှာ တာဝန်ရှိသွားလိမ့်မယ်။အဲဒါဆို လူအများနဲ့ တစ်ယောက် လဲမှာလား။ Witcher ထဲက ဇာတ်ဆောင်ရဲ့စကားကို ငှားပြီးပြောရမယ်ဆိုရင် မကောင်းမှုဆိုတာက မကောင်းမှုပါပဲ။သေးသေး၊ ကြီးကြီး။ အလတ်စားလောက်ပဲဖြစ်ဖြစ် မကောင်းမှုက မကောင်းမှုပါပဲ တဲ့။သေးတဲ့မကောင်းမှုကို ကျူးလွန်မှာလား ...
movie
Unthinkable (2010)
2010
6.1
Come to Daddy (2019)
၂၀၁၉ ခုနစ်မှာထွက်ရှိခဲ့တဲ့ Horror/ Drama / Mystery အမျိုးအစားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ နိုဗက်ဟာ ကယ်လီဖိုနီးယားပြည်နယ်ဘာဘလီဟေးမှာ မိခင်ဖြစ်သူနဲ့ နှစ်ယောက်တည်းနေထိုင်ပါတယ်...တစ်ရက်မှာတော့ သူငါးနှစ်သားကတည်းက ထွက်သွားတဲ့ဖခင်ဖြစ်သူဆီက သူ့အမှားကိုခွင့်လွှတ်ပေးဖို့သားအဖေပြန်လည်ဆုံစည်းချင်တာကြောင့်သူ့ကိုလာတွေ့ဖို့ ရေးထားတဲ့ စာတစ်စောင်ရောက်လာပါတယ်...နိုဗယ်လည်း သူ့အဖေကိုတွေ့ဖို့ရာ ခရီးထွက်လာခဲ့ပါတယ်ဒါပေမယ့် တကယ်တမ်းဆုံကြတဲ့အခါဖခင်ဖြစ်သူဟာ သူထင်ထားသလိုလူတစ်ယောက်ဘဖြစ်မနေခဲ့ပါဘူး...တစတစနဲ့ သူသိလာရတဲ့ အတိတ်အပိုင်းအစတွေကဘာတွေလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...IMDB 6.1 /10 ရရှိထားပြီး Lords Of the Rings ရဲ့ မင်းသားချော Eijan Woods ကပါဝင်ထားပါတယ်.. File Size : ( 888 MB , 247 MB ) Quality : WEB-DL 720p Running Time ...
movie
Come to Daddy (2019)
7.4
The Art of Racing in the Rain (2019)
Rating 7.4 အထိရထားတဲ့ကားလေးပါ..ဒန်နီဆွဖ်က အရမ်းတော်တဲ့ပြိုင်ကားမောင်းသမား တစ်ဦးဖြစ်ပြီးတော့သူ့မှာအန်ဇိုလို့ခေါ်တဲ့ ခွေးလေးတစ်ကောင်ရှိပါတယ်အန်ဇိုကိုယ်တိုင်လည်း ကားမောင်းပြိုင်ပွဲတွေကို သိပ်သဘောကျပြီးတော့နောင်ဘ၀ကျရင် လူအဖြစ်ပြန်ဝင်စားပြီးသူကိုယ်တိုင်တက်မောင်းချင်တဲ့အထိ အိပ်မက်ပြင်းပြတဲ့ခွေးလေးပါသူ့သခင်ဖြစ်သူ ဒန်နီနဲ့အတူ ပြိုင်ပွဲပေါင်းများစွာကိုလသားအရွယ်တည်းက လိုက်ခဲ့ပြီး သခင့်ဘေးနားမှာအတက်အကျ အကြမ်းအရမ်းအကုန် အမြဲတူတူရှိနေပေးခဲ့ပါတယ်သူ့သခင်ပြိုင်ပွဲဆက်ဝင်ရေးသာ သူ့အတွက်အရေးကြီးဆုံးဖြစ်နေတဲ့အချိန်မှာဘ၀ရဲ့အလှည့်အပြောင်းတစ်ခုက သူတို့ကြားဝင်လာတဲ့အခါမှာတော့…သူ့သခင်လိုအပ်တိုင်း သူအနားမှာရှိနေပေးနိုင်ပါတော့မလားသူ့ရဲ့ကြိုးစားအားထုတ်မှုတွေအရာထင်မလားသူ့ရဲ့အိပ်မက်တွေအကောင်အထည်ပေါ်ဦးမလားဆိုတာကိုဒီကားလေးမှာကြည့်ရမှာပါသခင့်အပေါ်ထားတဲ့ခွေးလေးတစ်ကောင်ရဲ့မေတ္တာတရားတွေကိုလည်း ရှင်းခနဲမြင်ရမယ့်ကားကောင်းလေးပါ File Size : ( 1 GB , 209 MB)Quality : BluRay 720pRunning Time : 1 hr 49 minFormat : Mp4Genre : Comedy , Drama , RomanceSubtitle ...
movie
2019
5.0
Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။Translated & Review ...
movie
Silent Hill: Revelation ( 2012 )
2012
5.8
Fahrenheit 451 (2018)
ဒီရုပ်ရှင်ကတော့ HBO ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ Fahrenheit 451 ဆိုတဲ့ရုပ်ရှင်ကားကောင်းတစ်ကောင်းဖြစ်ပါတယ်။အနာဂတ်ကာလမှာ အာဏာပိုင်တွေဟာ လူတွေ ပညာဆည်းပူးနေတာတွေ၊ အသိပညာရှာဖွေတာတွေကို ပိတ်ပင်တားဆီးနိုင်ဖို့၊ သတင်းအမှောင်ချနိုင်ဖို့၊ စိတ်ကြိုက်ခြယ်လှယ်နိုင်ဖို့အတွက် စာအုပ်တွေအားလုံးကို မီးရှို့ဖျက်ဆီးဖို့ စေခိုင်းပါတော့တယ်။စာအုပ်တွေကို မီးရှို့ဖျက်စီးတဲ့သူတွေထဲမှာ Guy Montag ဆိုတဲ့လူငယ်တစ်ယောက်လဲ ပါဝင်ပြီး အာဏာပိုင်တွေရဲ့ အမိန့်အတိုင်း ဘာအမေးအမြန်းမှမရှိပဲ ဖျက်စီးပေးနေခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့လုပ်ရပ်တွေကို မေးခွန်းထုတ်လာတဲ့ ကောင်မလေး တစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီးနောက် စာအုပ်တွေကို ဖျက်စီးတဲ့လုပ်ရပ်ကို သူကိုယ်တိုင်ပြန်လည်တားဆီးဖို့ ကြိုးစားပါတော့တယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့ Black Panther ဇာတ်ကားထဲမှ Michael B. Jordan နဲ့ ဒိတ်ဒိတ်ကြဲမင်းသားကြီးဖြစ်တဲ့ Michael Shannon တို့ဖြစ်ပါတယ်။ Fahrenheit 451 ဆိုတဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး မင်းသားကောင်း ၂ လက်နဲ့အတူ ဇာတ်လမ်း အစအဆုံးဆွဲခေါ်သွားမှာဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပဲ ညွန်းလိုက်ပါရစေ။(ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (750 MB) and (350 ...
movie
Fahrenheit 451 (2018)
2018
5.9
The Haunting in Connecticut (2009)
The Haunting in Connecticut (2009)_____IMDb - 5.9/10 ဒီနေ့ အတွက်တော့ ကြောက်စရာကောင်းတဲ့ သရဲကား တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်လို့ ကြည့်ရှုရတာ ပိုပြီး အရသာရှိစေမှာပါ... မတ် ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးဟာ ကင်ဆာ ရောဂါ ကို ရင်ဆိုင်နေရပါတယ် အမြဲလိုလို မြို့ပေါ် တက်ပြီး ဆေးရုံပြရလို့ မတ် ရဲ့ အမေ ဟာ အဲ့ဒီ မြို့ပေါ်က ဆေးရုံနားမှာ အိမ်ငှားပြီး မတ်ရဲ့ ရောဂါ ကို ကုသဖို့ ဆုံးဖြတ်လိုက်ပါတယ် ဒါပေမယ့် သူမ တို့မှာ အိမ်ငှားဖို့ ပိုက်ဆံ မလုံလောက်တဲ့အတွက် ဈေးသင့်မယ့် အိမ်ကို ရှာဖွေရင်း ဆေးရုံနားမှာပဲ အိမ်အကြီးကြီး တစ်ခုကို မထင်မှတ်ထားတဲ့ ဈေးနဲ့ ရရှိခဲ့ပါတယ်.. အိမ်ငှားပြီးနောက် မိသားစု အားလုံးပါ ပြောင်းရွှေ့လာပါတယ် အိမ်မှာ အခန်းတွေ အများကြီး ရှိတဲ့ အနက် မတ် ကတော့ သူနေပျော်မယ်ထင်တဲ့ မြေအောက်ခန်းကို ရွေးချယ်ပြီးနေခဲ့ပါတယ် ဒီအိမ်က ဘာကြောင့်ဈေးပေါနေလဲဆိုတော့ အိမ်ကြီးရဲ့ ဟိုးအရင်ပိုင်ရှင်တွေဟာ ဒီအိမ်ကို အသုဘ ပြင်တဲ့ လုပ်ငန်းအဖြစ် အသုံးပြုခဲ့ကြတာ ဖြစ်ပြီး အိမ်ရဲ့ ဇတ်ကြောင်းဟာလဲ ...
movie
The Haunting in Connecticut (2009)
2009
5.1
Agent Cody Banks (2003)
Agent Cody Banks ဇာတ်ကားဟာ ၂၀၀၃ ခုနှစ်ကထွက်ရှိထားတဲ့ အမေရိကန်အက်ရှင်ဟာသကားလေးဖြစ်ပါတယ်Imdb rating 5.1/10 ရရှိထားတဲ့ စီအိုင်အေလူငယ်စုံထောက်ကားလေးပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ Frankie Muniz,Hilary Duff,Angie Harmon တို့ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ သာမန် ၁၅နှစ်အရွယ်ဆယ်ကျော်သပ်တစ်ဦးဖြစ်သူ ကိုဒီဘန့်ခ်မှာ လျို့ဝှက်ချက်တစ်ခုရှိပါတယ် ဒါကတော့ သူဟာစီအိုင်အေလူငယ်အေးဂျင့်တစ်ယောက်ပါဒီလိုနဲ့ သူ့အတွက်ပထမဦးဆုံးတာဝန်ထမ်းဆောင်ဖို့အကြောင်းဖန်လာပါတော့တယ် ဒါကတော့ ERIS (အားရစ်)လို့ခေါ်တဲ့ လျို့ဝှက်အဖွဲ့အစည်းက ဒေါက်တာကွန်နာ ကို စုံစမ်းဖို့နဲ့ သူတီထွင်ထားတဲ့ပစ္စည်းနမူနာကိုရယူဖို့ပါ.....ကိုယ့်ကိုယ်ကိုေဆာ်ကြည်ဘဲဖြစ်ကြောင်းကြွားဝါထားတဲ့ ကိုဒီတစ်ယောက် ဒေါက်တာကွန်နာရဲ့သမီးဖြစ်သူ နာတာလီကို ချဉ်းကပ်ဖို့တာဝန်ပေးခြင်းခံရပါတော့တယ်.....ကိုဒီတစ်ယောက် အိမ်ကမိဘတွေမရိပ်မိအောင်ဖုံးကွယ်ရ....ကျောင်းစာတစ်ဖက်....တာဝန်တစ်ဖက်နဲ့အတူ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ကြည့်လိုက်ဦးနော်......File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 42min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle ...
movie
Agent Cody Banks (2003)
2003
6.2
Rememory(2017)
၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ Lionsgate Premiere က ဖြန့်ချိရုံတင်ခဲ့တဲ့ Rememory ဇာတ်ကားကို Director Mark Palansky က ရိုက်ကူးထားပြီး Peter Dinklage(Samuel Bloom) , Martin Donovan (Gordan Dunn) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်အရုပ်ငယ်လေးတွေနဲ့ မော်ဒယ်ပုံသေးသေးလေးတွေတည်ဆောက်တဲ့ပညာရှင် ဆမ်မျူရယ်ဘလွန်းဟာ သူ့ညီနဲ့ အရက်ဘားကနေအိမ်ကိုကားမောင်းအပြန်မှာ ကားမတော်တဆမှုဖြစ်ပွားပြီး သူ့ညီလေးသေဆုံးခဲ့ပါတယ်နောက် နှစ်နည်းနည်းကြာလာတဲ့အချိန်မှာ ဂေါ်ဒန်ဒန်းဆိုတဲ့ သိပ္ပံပညာရှင်တယောက်က ဦးနှောက်ထဲက မှတ်ဥာဏ်တွေကို အတိအကျပြန်လည်တူးဖော်ပေးနိုင်တဲ့ မှတ်ဥာဏ်ဖော်စက်ကို ရှေ့ပြေးပုံစံငယ်တည်ဆောက်နိုင်ခဲ့ပါတယ်ဂေါ်ဒန်ဒန်းမှာ ဂျိန်းလို့ခေါ်တဲ့သမီးလေးတယောက်ရှိပြီး အဲဒီသမီးလေးဟာ ကားမတော်တဆမှုတခုမှာ ဆုံးပါးသွားခဲ့ပါတယ် သမီးလေးဆုံးပါးပြီးတဲ့နောက် ဇနီးဖြစ်သူနဲ့ပါ အဆင်မပြေဖြစ်လာတဲ့ ဂေါ်ဒန်ဟာ သူ့သမီးငယ်လေးရဲ့ပုံရိပ်တွေကို ပြန်လည်မြင်တွေ့နိုင်ဖို့ မှတ်ဥာဏ်ဖော်စက်ကို ဖန်တီးခဲ့တာပါသူ့ကုမ္ပဏီက တာဝန်ရှိသူတွေကတော့ မှတ်ဥာဏ်ဖော်စက်ကို တည်ဆောက်တာက ကိုမာဝင်နေတဲ့လူနာတွေကို ပြန်လည်ကယ်တင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စီးပွားတွက်တွက်ကြပါတယ်အဲဒီ နမူနာပုံစံကို ဈေးကွက်ကိုစတင်မိတ်မဆက်ခင် စက်ကိုစမ်းသပ်တုန်းက စမ်းသပ်ခံအနေနဲ့ ပါဝင်ခဲ့သူတွေဟာ စမ်းသပ်ခံပြီးနောက်မှာတော့ ပြဿနာမျိုးစုံကြုံခဲ့ရပြီး ...
movie
Rememory(2017)
2017
7.2
Insomnia (2002)
IMdb 7.2 ရထားပြီး ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့သဲထိပ်ရင်ဖို ကားတစ်ကား ကိုတင်ဆက်ပေးခြင်ပါတယ် ဇာတ်ကားလေးးကတော့ ခပ်ကြမ်းကြမ်းတော့မဟုတ်ဘူး ဆိုပေမယ့် ဒရာမာ အချိုးလေးတွေနဲ့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အလှည့်အပြောင်းလေး တွေက တော့ ပရိတ်သတ်ကြီးကို တကားလုံး မထတန်းကြည့်အောင် ဆွဲဆောင်သွားမှာပါ ဇာတ်လမ်းး အကျဉ်းလေးကတော့ အလက်စကာ မြို့ကို အပို့ခံလိုက်ရတဲ့ စုံထောက်ကြီးဟာ တစ်နေ့မှာ မိန်းကလေး တစ်ယောက်အသတ်ခံရတဲ့ အမှုကိုလိုက်ရင်း မတော်တဆ သူ့ တွဲဖက်ကို သေနတ်နဲ့ ပစ်လိုက်မိပါတယ် ဒါပေမဲ့စုံထောက်ဟာ သူ့အပြစ်ကို ဝန်ခံရမယ် အနေအထားကနေ မထင်မှတ်ထားတဲ့ အလီဘိုင် တစ်ခုကိုပြနိုင်ခဲ့ပြီး အပြစ်ကနေလွတ်သွားပါတယ် ဒါပေမဲ့ သူ့ဟာ သူ့ကို သူတော့ လိပ်ပြာမသန့်ခဲ့ပါဘူး ဒီလိုနဲ့ တစ်နေ့မှာ သူ့ အကြောင်းတွေကို သိထားတဲ့ တစ်ယောက်က သူ့ကို ခြိမ်းခြောက်အကြပ်ကိုင်လာတဲ့ အခါမှာတော့ ကဲ စုံထောက်ကြီး ဘယ်လိုတုံ့ပြန်မလဲ နောက်ကွယ်က သူကကော ဘယ်သူလဲ ဘယ်လို အရှုပ်ထုတ်တွေကြောင့် သမိုင်းရှုပ်နေလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက မထတမ်းကြည့်ကြရမှာပါ ဘာသာာပြန်ကတော့ ပြည့်စုံဇော်ဖြစ်ပါတယ် ဗျာ ------------------------------------------------------------- IMdb 7.2 ရထားျပီး ၂၀၀၂ ...
movie
Insomnia (2002)
2002
1
2
Next