Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marlon Brando
8.4
Apocalypse Now (1979)
Apocalypse Now (1979) ================= IMDb Rating (8.4) / Rotten Tomatoes (97%)ကမ္ဘာ့အကောင်းဆုံး War စစ်ကားတွေလို့ရှာလိုက်ရင် ထိပ်ပိုင်းမှာ အမြဲတွေ့ရမှာကတော့ Apocalypse Now (1979) ရုပ်ရှင်ကားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Oscar 8 ဆုထိ ဇကာတင်ဝင်ခဲ့ပြီး ရုပ်ရှင်ဓာတ်ပုံပညာနဲ့ အသံပိုင်းဆိုင်ရာမှာ Oscar 2 ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ The Greatest War film အဖြစ် သတ်မှတ်ကြတဲ့ Apocalypse Now ကို God Fatherရုပ်ရှင်ရဲ့ ဒါရိုက်တာ ဖရန်စစ်ကော်ပိုလာက ရိုက်ထားတဲ့အပြင် God Fatherကြီး မာလွန်ဘရန်ဒိုက Second lead နေရာက သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကို တကယ့်စစ်ပွဲကာလအတွင်း ဗီယက်နမ်အနီးက တောတွင်းတစ်နေရာမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ခက်ခဲကြမ်းတဲ့ ပတ်ဝန်းကျင်အနေအထားတွေကြောင့် သရုပ်ဆောင်တွေရော ဒါရိုက်တာနဲ့ရိုက်ကူးရေးအဖွဲ့တချို့ပါ သေလုမျောပါးဒဏ်ရာတွေရရှိခဲ့တဲ့အထိ ခက်ခက်ခဲခဲရိုက်ကူးခဲ့ရပါတယ်။ ဒါပေမယ့် တကယ့်ဗီယက်နမ်အငွေ့အသက် စစ်ပွဲအငွေ့အသက်တွေနဲ့ တစ်သက်တာအကောင်းဆုံးစစ်ကားကြီးအဖြစ်ဖန်တီးနိုင်ခဲ့ကြပါတယ်။Apocalypse Now (1979) ...
movie
Apocalypse Now (1979)
1979
4K HEVC
7.4
Superman I (1978)
Superman I (1978) Extended Cut===============================~ IMDb - 7.4/10, RT - 93%, Meta - 82% ~ဒီခေတ်လို စူပါဟီးရိုးကားတွေ ရေပန်းစားပြီး ဖောချင်းသောချင်းထွက်မလာခင်ခေတ်တုန်းက စူပါဟီးရိုးကားတော်တော်များများဟာ ဒီခေတ်လို CGI Effects တွေ နာမည်ကြီးသရုပ်ဆောင်တွေ တပုံတပင်နဲ့ သိပ်ခမ်းနားချင်မှခမ်းနားမယ်။ သိပ်လည်းမပေါများခဲ့တော့ တစ်ကားဆိုတစ်ကားဆိုသလို ကြည့်လို့ကောင်းခဲ့ပြီး ကျွန်တော်တို့ငယ်ဘဝရဲ့အမှတ်တရတွေဖြစ်ခဲ့ကြတာကိုတော့ ငြင်းမရဘူး။အဲဒီလိုစူပါဟီးရိုးတွေထဲကမှ စူပါမန်းကားတွေလည်း တော်တော်များများထွက်ခဲ့ပေမဲ့ ခရစ္စတိုဖာရိဗ်ရဲ့ပထမဆုံးကားတဖြစ်လဲ ဒီကားက သမိုင်းရဲ့ အခမ်းနားဆုံး စူပါမန်းကားတစ်ကားဆိုတာကတော့ ရုပ်ရှင်သမားတိုင်း လက်ခံထားရမယ့် အမှန်တရားတစ်ခုပဲ။ ဘာလို့ဆို ဒီစူပါမန်းက The Godfather ရဲ့ စာရေးဆရာ ဇာတ်ညွှန်းဆရာ မာရီယိုပူဇိုတစ်ယောက် The Godfather ရိုက်ပြီးတဲ့နောက် ပထမဆုံးဇာတ်ညွှန်းပြန်ရေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ Godfather ကြီး မာလွန်ဘရန်ဒိုကိုယ်တိုင်လည်း စူပါမန်းအဖေ Jor-El အဖြစ်သရုပ်ဆောင်ခဲ့တယ်။ ...
movie
Superman I (1978)
1978
6.9
Last Tango in Paris (1972)
Last Tango in Paris (1974)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ခေတ်အဆက်ဆက်မှာ အနုပညာအဆက်ဆက်ရဲ့ အနုပညာမြို့တော်အဖြစ် ရပ်တည်ခဲ့တဲ့ ပါရီဟာ အနုပညာအစစ်အမှန်ပေါင်းများစွာရဲ့ ဇာတိချက်ကြွေဖြစ်တဲ့နေရာပီပီသသပဲ ရုပ်ရှင်အနုပညာရဲ့ ရေစီးကြောင်းရှည်မျောကျယ်ပြန့်လာတဲ့ ခေတ်မှာလည်း ရုပ်ရှင်အနုပညာကို စတင်တီထွင်ခဲ့ရာဒေသပီသစွာနဲ့ နောက်ကျကျန်မနေခဲ့ပါဘူး။ အခုလက်ရှိအထိလည်း ပြင်သစ်ကားတွေဟာ သူ့နည်းသူ့ဟန်နဲ့ အနုပညာကိုဖော်ကျူးနေကြတုန်းပါပဲ။ တိုင်းအရပ်ရပ်က ပိတ်ပင်ခြင်းခံရတဲ့ရုပ်ရှင်တွေ အနုပညာတွေကို ပြင်သစ်ကနေ ဖွင့်ချပြနေကြတုန်းပါပဲ။ ဒီရုပ်ရှင်ဟာလည်း အီတလီဒါရိုက်တာ Bernardo Bertolucci က သူ့အနုပညာကို ပြင်သစ်မှာ သွားဖွင့်ချထားတဲ့ ရုပ်ရှင်ပါပဲ။ သူဟာ The Last Emperor နဲ့ The Dreamers တို့လို မာစတာပိစ်ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဆိုလည်းမမှားပါဘူး။မင်းသားတွေကတော့ တကယ့် ဂန္ထဝင်ကိုမှ ထိတ်ထိတ်ကြဲတွေပါ။ ပါချီပါချက်မဟုတ်ဘဲ အနုပညာအရရော အောင်မြင်မှုအရရော ...
movie
Last Tango in Paris (1972)
1972
6.1
Superman Returns(2006)
Superman က သူ့အမိကမ္ဘာ Krypton ကို သွားရောက်စစ်ဆေးရင်း ငါးနှစ်အကြာမှာတော့ ကမ္ဘာမြေကို တစ်ဖန်ရောက်ရှိလာပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ အရာရာဟာ အရင်ကလိုမဟုတ်တော့ပါဘူး။ ဒီအပြောင်းအလဲတွေကို Superman တစ်ယောက် ရင်ဆိုင်ဖြေရှင်းရတော့မှာပါ။ ဒါ့အပြင် ရန်သူတော် Lex Luthor ရဲ့ ကောက်ကျစ်စဥ်းလဲမှုတွေ၊ ဉာဏ်နီဉာဏ်နက်များတာတွေကိုလည်း တားဆီးဖို့လိုအပ်လာပါပြီ။ ဒါတွေကို Superman ကျော်ဖြတ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ဦးမလဲဆိုတာတွေကို ကောင်းကောင်းလေးကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Kelvin ဖြစ်ပါတယ်) File size…1.90GB / 784.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 34m Genre ..... Aciton , Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kelvin
movie
Superman Returns(2006)
9.2
The Godfather(1972)
The Godfather(1972) IMDb...9.2,,,,Rotten...98% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ... (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်...) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်.....အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့....ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်...တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ...ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ...ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့....ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ... File ...
movie
The Godfather(1972)
1972
6.8
The Score(2001)
The Score(2001)IMDb....6.8,,,,Rotten...73%ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ...Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ....နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်...အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်...ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်....သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ....တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်းသူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဉာဏ်များတယ်...သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ..ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့......ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်....၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie
The Score(2001)
2001