Channel Myanmar

Markki Stroem

Lolo and the Kid (2024)
Lolo and the Kid (2024)  အဖွင့်မှာတော့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့ အစပြုထားပြီး မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ဆွဲခေါ်သွားမယ် သံယောဇဉ်တွေ မေတ္တာတွေအကြောင်း လှလှပပဖော်ပြသွားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။သူတစ်ပါးကို လိမ်လည်လှည့်ဖြားရင်း အသက်မွေးကြတဲ့ မြေးအဘိုးနှစ်ယောက် ဘယ်လိုတွေဉာဏ်ဆင်ကြမလဲ။ လမ်းဘေးမှာနေရပေမယ့် မြေးဖြစ်သူက လိမ္မာယဉ်ကျေးကာ လူရမ်းကားမဖြစ်စေလိုတဲ့ အဘိုးတစ်ယောက်ရဲ့ဆန္ဒ ၊ဘဝအကြောင်းမလှသော်လည်း မြေးဖြစ်သူအားမငယ်အောင် မိမိတို့ဘဝကို ကြံဖန်ဂုဏ်ယူပြောတတ်သော အဘိုးတစ်ယောက်ရဲ့မေတ္တာ အဆုံးသတ်မှာ မြေးလေးကောင်းစားဖို့ အဘိုးတစ်ယောက်ရဲ့ အနစ်နာခံပုံတို့ကို ရင်နင့်အောင်ခံစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.4 GB)/(813 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Drama, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

Lolo and the Kid (2024)

[18+] Virgin Forest (2022) 6.0
[18+] Virgin Forest (2022) ဖရန်စစ်ဟာ နာမည်ကျော်ဓာတ်ပုံသတင်းထောက်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ဘူကစ်နွန်ခရိုင်မြို့တော်ဝန်ရဲ့ ဆက်သွယ်တာဝန်ပေးမှုကြောင့် ဒေသတွင်းထိန်းသိမ်းထားတဲ့အပျိုစင်သစ်တောတွေထဲမှာ ရပ်ဖလေးရှား လို့ခေါ်တဲ့ ဆန်းကြယ်တဲ့ ကမ္ဘာအကြီးဆုံးပန်းတွေကိုဓာတ်ပုံရိုက်ဖို့ဖြစ်လာပါတယ်။မြို့တော်ဝန်က သူနဲ့အတူလမ်းပြအဖြစ် ရော်ဂျာဆိုတဲ့ဒေသခံကောင်လေးတစ်ယောက်ကိုထည့်ပေးလိုက်ပြီး စကားစပ်မိရာကနေ ရော်ဂျာရဲ့အရွယ်နဲ့မမျှတဲ့မိသားစုတာဝန်တွေ၊ ဝန်ထုပ်ဝန်ပိုးတွေအကြောင်းသိသင့်သလောက်သိလာခဲ့ပါတယ်။ ဖရန်စစ် မသိခဲ့တာက ရှေ့မှာစောင့်ကြိုနေမယ့် တောရဲ့ဆန်းကြယ်မှုတွေ ပဟေဠိတွေနဲ့ ဘယ်သူမှမရိပ်မိကြသေးတဲ့ လူသားနဲ့သဘာဝရဲ့ဆန်းကြယ်မှုတွေကြားက ပဋိပက္ခတွေအကြောင်းပါပဲ၊အိမ်မက်လိုလိုတကယ်လိုလိုကြားရတတ်တဲ့ နားနားကပ်ပြောတဲ့ စကားသံတွေ၊ မျက်လုံးမှိတ်လိုက်တဲ့အခါမြင်ရတတ်တဲ့ အဝတ်ဗလာမိန်းမလှလေးတွေနဲ့ ချစ်တင်းနှောရပုံတွေ၊ ကျွန်မတို့ကိုကယ်ပါ ဆိုတဲ့ အကူအညီတောင်းခံသံတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်တွေကို သူအဖြေရှာရမှာဖြစ်ပါတယ်။Brillante Ma Mendoza ရဲ့ကားသစ်ဖြစ်ပြီး သူ့လက်စွဲတော် မင်းသားမင်းသမီးတွေအပြင် တစ်ခြားသရုပ်ဆောင်အင်အား အများအပြား ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်နဲ့တင်ဆက်ထားတာပါ။ သရုပ်ဆောင်အင်အားများသလို မိသားစုနဲ့ ကြည့်လို့မသင့်တဲ့အခန်းတွေလဲ ရှည်လျားများပြားစွာပါဝင်တဲ့အတွက်အချိန်ပေးပြီးတစ်ယောက်တည်းကြည့်ကြတာကောင်းပါလိမ့်မယ်။File Size : (1.9 GB) & (950 MB) Quality : WEB-DL 1080p & 720p Running Time : 01:54:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

[18+] Virgin Forest (2022)

Can We Still Be Friends? (2017) 6.8
Can We Still Be Friends? (2017)  "အချစ်စစ်မှာ ပြီးပြည့်စုံမှုကိုတောင်းဆိုနေတာဟာ သိပ်ကိုရူးမိုက်တဲ့လုပ်ရပ်ပါပဲ"တဲ့ Movieထဲကအကြိုက်ဆုံးစာသားလေးပါ…ဇာတ်လမ်း အကျဉ်းလေးကတော့ ဒီလိုပါ… ဆမ်နဲ့ဒစ် ဟာ တွဲလာကြတာ ၈နှစ်ကြာပြီဖြစ်ပြီး တစ်အိမ်တည်း အတူနေထိုင်ကြတဲ့ စုံတွဲတစ်တွဲပေါ့... ဆမ်(မင်းသမီး)ကတော့ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ဒစ် (မင်းသား)ကတော့ဝင်ငွေချောက်တိ ချောက်ချက်ရတဲ့ Comicရေးသူပါ…ဆမ်နဲ့ဒစ်ဟာတစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြပေမယ့် ဒစ် ဟာပေါ့ပေါ့နေတတ်သူဖြစ်တာကတစ်ကြောင်း… ပုံမှန်ဝင်ငွေလည်းမရတာတစ်ကြောင်းကြောင့် အိမ်စရိတ်တွေ အိမ်မှုကိစ္စတွေအားလုံးဟာ ဆမ့်တစ်ယောက်တည်းအပေါ်မှာပဲအမြဲကျရောက်နေတဲ့အချိန်…ဆမ်ကလည်းမိန်းကလေးပီပီ ရုံးကသူငယ်ချင်းကိုအားကျပြီး ချစ်သူရဲ့ဂရုစိုက်မှုတွေ စပရိုက်တွေ ကိုလာတွေ မျှော်လင့်လာမိရာက…သူတို့နှစ်ဦးလမ်းခွဲတဲ့အထိဖြစ်လာရပါတယ်…လမ်းခွဲပြီးနောက် ဆမ်ဟာ သူ့ရဲ့စိတ်ကူးယဉ်မင်းသားပုံစံ ဆရာဝန် ဥစ္စာပေါ ရုပ်ချော စပရိုက်တွေလည်းလုပ်ပေးတတ်တဲ့ ယောက်ျားတစ်ယောက်နဲ့ တွေ့တဲ့အခါ....ဆမ်ဟာပျော်ရွှင်သွားရတော့မှာလား??? ဒစ်ကရော ပြောင်းလဲလာမှာလား??? ဘာ ညာ ကိုတော့ ပရိသတ်ကြီးဘာသာပဲရှုစားလိုက်ဖို့ "Can we still be friend?" ဆိုတဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုဘာသာပြန် တင်ဆက်လိုက်ပါတယ်ဘာသာပြန်နဲ့အညွန်းကတော့ မေသဇင်မြင့် ဖြစ်ပါတယ် QTY - web dl 720pFormat - Mp4 (×264)Duration - 1hr53minSubtitle - Myanmar HardsubGern - RomanceTranslator - May Thazin ...
movie


2017