Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Wahlberg
5
Me Time (2022)
Me Time (2022)ခုမှ netflix ကနေ အသစ်စက်စက် ထွက်ရှိထားတဲ့ ဟာသကားလေးပါဇာတ်ကားနာမည်က me time ဆိုတဲ့အတိုင်းပဲ ကိုယ့်အတွက်ကိုယ်ပဲ အချိန်ပေးကြမယ်ပေါ့နာမည်ကြီး ဟာသ သရုပ်ဆောင် Kevin Hart နဲ့ Mark Wahlberg တို့ အတူ ပါဝင် သရုပ်ဆောင်ထားတဲ့ ကားလေးမလို့ မရယ်ရမှာတော့ စိတ်မပူပါနဲ့ဇာတ်လမ်းကတော့ ဆွန်နီ (kevin) နဲ့ ဟက် (mark) တို့က ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေ ဖြစ်ပြီးတော့ ဟက်ရဲ့ မွေးနေ့တိုင်းကိုလည်း တူတူဖြတ်သန်းခဲ့ကြတယ်အသက်တွေကြီးလာတော့ ဆွန်နီက မိန်းမနဲ့ ကလေးနှစ်ယောက်ရှိတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်နေပါပြီ ငယ်ငယ်ကလိုလည်း ဟက်နဲ့တူတူပျော်ပျော်ပါးပါး မရှိတော့တာလည်း ကြာပါပြီမိသားစုနဲ့ ကလေးတွေကိုပဲ ဂရုစိုက်နေရတဲ့ ဆွန်နီ တစ်ယောက် ကိုယ့်အတွက်ကိုယ် အချိန်မပေးနိုင်ခဲ့ပါဘူးတစ်ရက်မှာ မိန်းမနဲ့ကလေးတွေက အားလပ်ရက်ခရီးသွားတော့ မိန်းမကလည်း သူ့ကိုယ်သူ အချိန်ပေးဖို့ဆိုပြီး တစ်ယောက်တည်း ထားခဲ့ပါတယ်အဲမှာ ဆွန်နီက ...
movie
Me Time (2022)
2022
6.4
Contraband (2012)
Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie
Contraband (2012)
2012
6.7
Father Stu (2022)
Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie
Father Stu (2022)
2022
6.5
Max Payne(2008)
Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie
Max Payne(2008)
6.6
Uncharted (2022)
Uncharted (2022)Live Actionအနေနဲ့ ရိုက်ကူးမယ်ဆိုတဲ့ သတင်းထွက်ကတည်းက Video Gameဖန်တွေ အကြီးအကျယ် hypeခဲ့ရသလို Cast list ထွက်လာတော့လည်း ဝေဖန်သုံးသပ်မှုအမျိုးမျိုးနဲ့ ကားမထွက်ခင် ပွဲတော်တော်ဆူခဲ့တဲ့ Uncharted ဇာတ်ကားသစ်ရပါပြီ။Columbia Picturesကနေ ရိုက်ကူးရုံတင်နေတာဖြစ်ပြီး Cast တွေအနေနဲ့ Tom Hollandနဲ့ Mark Whalbergတို့က ဂိမ်းထဲက ဇာတ်ဆောင်တွေဖြစ်တဲ့ Nate Drakeနဲ့ Victor Sullivanအဖြစ် အသီးသီး သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်၊ Uncharted ဂိမ်း franchiseထဲက ၄ခုမြောက်ဖြစ်တဲ့ Uncharted 4 - A Thief's End ကို ကျောရိုးတည်ထားကြောင်း Executive Producerဖြစ်တဲ့ Tom Hollandကပြောထားပါတယ်။ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူ ဆမ်ဒရိတ်နဲ့ ကွဲသွားတဲ့ နိတ်ဒရိတ်ဟာ Bartenderတဖြစ်လဲ လူကုံထံတွေဆီက အလစ်သုတ်ရင်း အသက်မွေးလာခဲ့သူပါ၊ တစ်နေ့မှာ ဆမ်ရဲ့မိတ်ဆွေ ဆိုသူ ဗစ်တာဆူလီဗန်က နိတ်ဆီရောက်လာပြီး ကမ္ဘာ့ပထမဆုံးနယ်မြေ စူးစမ်းရွက်လွှင့်သူ ဖာဒီနန်မက်ဂျဲလန်၊ ကပ္ပတိန် ဟွမ်ဆီဘက်ရှန် အယ်ကာနိုအပါအဝင် သင်္ဘောသား ၁၈ ယောက်ရဲ့ ပျောက်ဆုံးနေသော ရွှေသိုက်ကြီးကို ...
movie
Uncharted (2022)
2022
6.5
The Happening(2008)
The Happening(2008)အညွှန်း**************************မင်းသား Mark Wahlberg ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီကားတော်တော်ဝင်ငွေကောင်းသလို အဲ့ဒီနောက်ပိုင်းထွက်ရှိခဲ့တဲ့ A Quiet Place , Bird Box တို့လို့ ဇာတ်ကားတွေကိုတော့ အတော်များများသိကြမှာပါ...တစ်မျိုးစီကောင်းကြတယ်ဆိုပေမဲ့ The Happening(2008) ရဲ့ လူသေခန်းတွေနဲ့ဖြစ်ရပ်တွေဟာအတော်ကြောက်စရာကောင်းပါတယ်...ကြည့်နေရင်း ကြက်သီးမွေးညင်းတွေထောင်ထလောက်အောင်ပါပဲ...ဆိုတော့ဒီကားဘယ်လိုအမျိုးအစားလဲ ခန့်မှန်းမိလောက်မှာပါ....A Quiet Palace ကတော့ ကြားလို့မရ BirdBox ကတော့ ကြည့်လို့မရ အမျိုးအစားပေါ့...ဒီကားကိုတော့ စပွိုင်လာဖြစ်နေမှာစိုးလို့ တခြားအရာတွေမညွှန်းတော့ပါဘူး..Mark Wahlberg လည်းပါတယ်..Suspense, thrill အဆန်ဆုံးစာရင်းဝင်လို့ဒီလိုကားမျိုးနှစ်သက်တဲ့သူတွေအတွက်တော့ KBZ Atm မှာ ၂သိန်းထုတ်တုန်း၁၀သိန်းလောက်တစ်ခါထဲထွက်တဲ့ ခံစားချက်မျိုးကို ရရှိစေမှာမို့လက်မလွှတ်သင့်ပါကြောင်း...File Size :(1.7GB) (910 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Mystery , Drama,Sci-Fi Subtitle : Myanmar Subtitle (Hard ...
movie
The Happening(2008)
5.3
Joe Bell (2020)
Joe Bell (2020)=============IMDb Rating - 5.3/10Joe Bell 2021 ဟာ 2013 လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအစမှာ ဂျိုးဘဲဟာ ဂေးဖြစ်နေတဲ့ သူ့သားအတွက် awareness ရစေဖို့ တစ်နိုင်ငံလုံးကိုဖြတ်ပီး လမ်းလျှောက်ထွက်ရာက စထားပါတယ်။အဲဒီအကြောင်းကိုလည်း တစ်နိုင်ငံလုံးက သတင်းတွေမှာပါပြီး နာမည်ကြီးနေပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေကတော့ အတိတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဂျိုးဘဲ ဟာ စိတ်ဆတ်ပြီး စကားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့စရိုက်ကြမ်းသူတစ်ယောက်ပါ။ဂေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သားဖြစ်သူ ဂျေဒင်ဘဲဟာ မိသားစုရဲ့ ထောက်ပံ့မှုကို လိုအပ်နေပါတယ်။အဲလိုနဲ့ ဂျေဒင်ဟာ သူဂေးဖြစ်နေတဲ့အကြောင်းကို မိသားစုကို ဖွင့်ပြောလိုက်ပါတယ်။ဒါပေမယ့် ရိုးရိုးပဲတွေးတတ်ပြီး စကားကိုလည်း ဒဲ့ပြောတတ်တဲ့ ဂျိုးဟာ သူ့သားပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ?ဒီကားဟာ LGBTQ community တွေအပေါ် ပိုမိုနားလည်လာစေဖို့ လူတိုင်းကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ...
movie
Joe Bell (2020)
2020
6.1
The Gambler (2014)
The Gambler (2014)ဖဲကစားကြမယ်!!! လူအတော်များများ 21 ဖဲကိုဆော့ဖူးကြမှာပါ ဒီဇာတ်လမ်းထဲမှာဆိုရင်လည်း အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဂျင်ဘန်းနက်ဟာ 21 ကစားနည်းတစ်မျိုးကို အဓိကထားပြီး ဆော့တာကို တွေ့ရမှာပါ သူက တက္ကသိုလ်မှာ ရသစာပေသင်ကြားနေတဲ့ဆရာတစ်ဦးအနေနဲ့ဘဝတစ်ခုရှိနေပေမယ့် တစ်ဖက်မှာလည်း မစွန့်လွှတ်နိုင်တဲ့ဝါသနာကြောင့် လောင်းကစားရုံတွေကိုသွားပြီး အချီကြီးလောင်းကြေးထပ်တတ်တဲ့လောင်းကစားသမားအဖြစ် ဘဝတစ်ခုရှိနေပါတယ် မင်းသမီးအဖြစ်ပါဝင်ထားတဲ့ မမမာဗယ်ကတော့ ဆရာ့အတန်းမှာလာတက်တဲ့ ဉာဏ်ကောင်းတဲ့တက္ကသိုလ်ကျောင်းသူလေးပေါ့ ကဲ ဒီထဲမှာ ဂျင်ရဲ့ပြဿနာကဘာလဲဆိုတော့ လောင်းကြေးထပ်လိုက်ရင် ပုံမှန်ကြေးမဟုတ်ပဲ ရှိသမျှပုံအောလောင်းတတ်တဲ့ All or nothingဆိုတဲ့ ဉာဉ်လေးပါပဲ ဒါကြောင့်လည်း ဟို့လူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ နောက်ဆုံးအကြွေးတွေတင်လာတဲ့အခါ.....သူဘာဆက်လုပ်မလဲ??? ချေးမိတဲ့သူတွေကလည်း ဂိုဏ်းစတားတွေဖြစ်နေတဲ့အတွက် သူနဲ့သူ့ဘေးကလူတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်လာတဲ့အခါ.....သူ ဘယ်လိုဖြေရှင်းမလဲ ??? ကျောင်းသူလေး မမမာဗယ်နဲ့ရော .... ???ဒီဇာတ်လမ်းလေးထဲမှာတော့ လောင်းကစားသမားတွေရဲ့ဘဝတွေ၊ မင်းသားရဲ့ စွန့်စွန့်စားစားလောင်းကြေးထပ်တဲ့အခန်းတွေနဲ့ မျှော်လင့်မထားတဲ့လှည့်ကွက်တွေနဲ့ အကြွေးပြန်ဆပ်ဖို့ပိုက်ဆံပြန်ရှာတဲ့ ဂျင်ရဲ့ဉာဏ်ပြေးမှုတွေကို ရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာပါပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thwal Yadi ပဲ ဖြစ်ပါတယ်။Quality__1080p, 720p IMDb ...
movie
The Gambler (2014)
7.0
The Italian Job (2003)
IMDb Rating (7) / Rotten Tomatoes (73%)Shooter မင်းသား Mark Wahlberg ၊ Transporter မင်းသား Jason Statham ၊ Mad Max: Fury Road ဇာတ်ကားထဲက မင်းသမီး Charlize Theron တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Professional သူခိုးတွေရဲ့ စနစ်ကျနမှုတွေကို မြင်တွေ့ရမှာဖြစ်ပြီးလူ့စိတ်ရဲ့အလင်းအမှောင်နဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကို ရှုမြင်ခံစားရမှာပါ...လှည့်ကွက်အများအပြားနဲ့ဇာတ်ကားမို့လို့ ဇာတ်လမ်းအကျဉ်းကို မိတ်ဆက်မပေးချင်ပါဘူး...။မကြည့်ရသေးရင် သေချာပေါက်ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပြီး ကြည့်ပြီးသွားရင်လဲထပ်ကြည့်လို့ မပျင်းစေရဘူးဆိုတဲ့အကြောင်းပဲ မိတ်ဆက်ပေးချင်ပါတယ်....။Action, Crime, Thriller အမျိုးအစားထဲမှာတော့ ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတစ်ကားဖြစ်ပြီးသတိရတိုင်းပြန်ကြည့်မိတဲ့ဇာတ်ကားပါ။ File size…(2.2 GB) / (1.4 GB) / (600 MB) Quality…BluRay 1080p /720p/ 360p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Italian Job (2003)
7.0
Infinite(2021)
Infinite(2021) အညွှန်း**********************သိပ္ပံစိတ်ကူးယဉ် အက်ရှင် ကောင်းတာလေး ကြည့်လို့ရအောင် တင်ပေးလိုက်ပါတယ်။မင်းသားမင်းသမီးတွေကလည်း သိပြီးသားလူတွေပါပဲ။ဇာတ်လမ်းကတော့ လူဝင်စားအယူအဆတွေကို အခြေခံထားပါတယ်။ကမ္ဘာကြီးထဲက လူအချို့မှာအတိတ်ဘဝတွေအကုန်လုံးကို မှတ်မိနိုင်တဲ့ အစွမ်းပါလာတဲ့ လူတွေရှိနေပါတယ်။သူတို့ သင်ခဲ့သမျှ တတ်ခဲ့သမျှတွေကိုပါ မှတ်မိနေတာဖြစ်တဲ့အတွက်ဘဝတွေ ကြာရှည်လာလေလ ပိုပြီး တော်လာလေလေပါပဲ။ဒီလို လူတွေထဲမှာမှ နှစ်မျိုးကွဲနေပါတယ်။ တစ်ဖွဲ့ကတော့ ဒီအစွမ်းနဲ့ အသိပညာတွေကို လူသားတွေကော်းဖို့ သုံးသင့်တယ်လို့ထင်တဲ့အဖွဲ့ပါ။နောက်တစ်ဖွဲ့ကတော့ ဒီလိုတွေ ပြန်ဝင်စားနေရတာဟာ ဆင်းရဲဒုက္ခမို့ ဒီဘဝကနေ လွတ်မြောက်ဖို့ အတွက် ကြိုးစားမယ့်အဖွဲ့ပါ။သူတို့ ကြိုးစားတာကတော့ ရိုးရှင်းပါတယ်။ ပြန်ဝင်စားစရာမရှိအောင် သက်ရှိတွေ တစ်ယောက်မကျန်သတ်လိုက်ရင် သံသရာအေးသွားမယ်ဆိုတာပါပဲ။ အဲဒီလို နှစ်ဖွဲ့ နှစ်ပေါင်းများစွာ အားပြိုင်လာရင်းနဲ့တစ်နေ့မှာ သူ့ကိုယ်သူ လူဝင်စားမှန်းမသိဘဲ စိတ်ရောဂါရှိနေတယ်ထင်လို့ ပြဿနာတွေတက်နေတဲ့ မင်းသားကိုတွေ့သွားတဲ့အခါ အဲဒီမင်းသားက သူတို့ ...
movie
Infinite(2021)
HEVC 1080p 5.1
6.7
The Lovely Bones (2009)
The Lovely Bones 2009 --------------------------- စာရေးဆရာမ Alice Sebold ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုဖြစ်တဲ့ ဒီဇာတ်လမ်းလေးကို ဆုရဒါရိုက်တာတစ်ဦးဖြစ်တဲ့ Andrew McKeoughက ၂၀၀၉ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်. ဒီဇာတ်လမ်းအပေါ်သူတို့ရဲ့ အားစိုက်မှုကြောင့် အော်စကာဆုမှာလဲ ဇကာတင်အနေနဲ့ ပါခဲ့ပြီး ဆုပေါင်း၁၀ဆုနဲ့စကာတင် ၄၆ဆုထိ ရခဲ့တဲ့ ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်.....ဇာတ်လမ်းအကျဉ်း ----------------- သူမ နာမည်က ဆယ်လ်မွန်ပါ(ငါးနာမည်လေးတစ်ခုပေါ့) ဆယ်လ်မွန်က ၁၄နှစ်ရွယ်ရွှေအိုရောင်ဆံပင်လေး မျက်လုံးပြာပြးလေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့ ကလေးမလေးပါပဲ. သူမရဲ့နှလုံးသားဟာလဲ မိသားစုကပေးတဲ့ချစ်ခြင်းတွေ သူမက မိသားစုအပေါ်ထားတဲ့ ချစ်ခြင်းတွေနဲ့ နွေးထွေးနေခဲ့တာပါ.ဒီလို ဘဝကို ကြင်နာမှုတွေ မေတ္တာတွေနဲ့ အေးချမ်းစွာ ဖြတ်သန်းနေခဲ့တဲ့ ဆယ်လ်မွန်လေးဟာ အသက်၁၄နှစ်အရွယ်မှာ လူသတ်ခံခဲ့ရပါတယ်. သတ်တဲ့လူကလဲ သိပ်ကို စိတ္တဇတဲ့လူတစ်ယောက်ပေါ့ဗျာ. ဒီလောက်ဖြူစင်တဲ့ကလေးမလေးဟာ ဆန္ဒမပါပဲ အဓ္ဓမပြုကျင့်ခြင်းကို ခံခဲ့ရပြီး သေဆုံးသွားပြီး နောက်မှာတော့ သူ့ရဲ့ဝိညာဉ်က........... သရုပ်ဆောင်အနေနဲ့လဲ ဆယ်လ်မွန်လေးရဲ့ အဖေနေရာမှာ မင်းသားကြီးMark Wahlberg နဲ့ အမေနေရာမှာ Rachel Weiszဆိုတော့ ရင်ထဲကိုရောက်စေမယ့် Dramaဇာတ်လမ်းတပုဒ်မလို့ ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်... Translated by :: Mr.AndersonEncoded and Reviewed by : YKFile Size : 1.9Gb and1.04GBQuality : 1080op Blu-Ray 5.1Ch ...
movie
The Lovely Bones (2009)
2009
6.4
Pain and Gain (2013)
[Unicode]ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ...သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်... သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ...အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။ဒီဇာတ်ကားဟာ IMDb Rating - 6.4/10 ရရှိထားပြီး ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ File size__( 1.1 GB) and ( ...
movie
Pain and Gain (2013)
6.2
Scoob! (2020)
Scoob! (2020)============IMDb Rating 6.1/10#Unicode2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေသူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲကဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို ...
movie
Scoob! (2020)
2020
6.3
Spenser Confidential (2020)
Confidential(2020) အားလုံးစောင့်မျှော်ခဲ့ကြတဲ့ မင်းသားMark Wahlberg ရဲ့ Spenser Confidential ရုပ်ရှင်ဖြစ်ပါတယ်။အမေရိကန် comedy-thriller ရုပ်ရှင်အမျိုးအစားပါ။ဒါရိုက်တာ Peter Berg ရိုက်ကူးထားပြီးNetflix Production က ထုတ်လုပ်ဖြန့်ချီထားပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် Mark Wahlberg ရဲ့ ပထမဦးဆုံး Netflixရုပ်ရှင်ကားပါ။အမေရိကန်ရက်ပ်ပါ Post Malone တစ်ယောက် ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ဒီဇာတ်လမ်းမှာ ဘော်စတွန်မြို့ရဲ့ရဲအရာရှိတစ်ယောက်ဖြစ်တဲ့Spenser ဟာ အကျင့်ပျက်ခြစားနေတဲ့ သူ့အထက်အရာရှိကိုကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ထဲမှာ ငါးနှစ်နေခဲ့ရတယ်။Spenser က ထောင်ကထွက်လာပြီးတဲ့အချိန်မှာ ဘော်စတွန်မြို့ကနေထွက်သွားပြီးထရပ်ကားမောင်းသူအဖြစ် ဘဝအသစ်ပြန်စတော့မှာပါ။ဒါပေမယ့် သူ ထောင်ကထွက်လာပြီးတဲ့ နောက်နေ့မှာရာဇဝတ်မှုတစ်ခုရုတ်တရက်ပေါ်ပေါက်လာခဲ့တယ်။အဲ့ဒီရာဇဝတ်မှုရဲ့ ရှုပ်ထွေးပွေလီမှုကို တွေ့ရှိလိုက်ရတဲ့Spenser တစ်ယောက် အမှန်တရားကို ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ File ...
movie
6.3
Rock Star (2001)
ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက်2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်...ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်...ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ...ဇာတ်လမ်းအကျဉ်းလေးကတော့...ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီးအဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်....တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်....သူ Steel Dragon ...
movie
Rock Star (2001)
2001
7.3
The Basketball Diaries (1995)
IMDb (7.3/10)လီယိုနာဒိုကို ခေါင်းဆောင်မင်းသားအဖြစ် ပို့ဆောင်ပေးနိုင်ခဲ့တဲ့ ဇာတ်ကားပါ။ဒီဇာတ်ကားဟာ Jim Carroll ဆိုတဲ့ အမေရိကန် နာမည်ကျော် ကဗျာဆရာ စာရေးဆရာ ဂီတပညာရှင် တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပါ။သူ့အသက် ၁၃ နှစ် မြီးကောင်ပေါက်အရွယ်က ဘတ်စကတ်ဘောကစားခြင်း လူပျိုရည်ပျက်သုန်းခြင်း မူးယစ်ဆေးစွဲခြင်း နေ့စဉ်မှတ်တမ်းတွေအကြောင်းပေါ့။လူငယ်ဆိုတာ အဖြူထည်...လောကကြီးက နိုင်ရာစား...အရသာဆို ခါး..ဘဝက ဓါးသွား။လီယိုနာဒိုရဲ့ မြီးကောင်ပေါက်သရုပ်ဆောင်မှုတွေက Jim Carroll ဝိညာဉ်ပူးကပ်နိုင်မလား...မင်းသား Mark Wahlberg ကိုလဲ မအောင်မြင်ခင်က ဒီဇိုင်းနဲ့ ဒီဇာတ်ကားမှာ တွေ့မြင်ရမှာပါ။ File size…(999 MB) and (600 MB) Quality….Blu-ray Rip 720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Hein Htet Aung
movie
1995
7.3
Instant Family (2018)
Instant Family (2018) IMDb - 7.3/10_____Rotten - 82%Instant family ဇာတ်ကားဟာ IMDB 7.3 အထိရထားပြီး ဇာတ်အိမ်ဆန်းသစ်စွာနဲ့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းးညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား..... မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး..... လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ..... အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ..... ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ချစ်တဲ့လူ ဒီကမ္ဘာပေါ်မှာမရှိဘူးလို့ ထင်နေတဲ့ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်တို့ နားလည်မှုတည်ဆောက်ကြတာကို ကြည်နူးမှုနဲ့ ဝမ်းနည်းမှုရသမြောက်အောင် ရိုက်ပြထားတာကိုတွေ့ရမှာပါ..... ငယ်ရွယ်တဲ့ကလေးတွေကို ချစ်ခြင်းမေတ္တာဂရုစိုက်မှုတွေပေးရုံနဲ့ မိဘနေရာကို ခံယူလို့ရပေမယ့်... မိခင်အရင်းကိုသိပ်ချစ်တဲ့ ၁၅ ...
movie
Instant Family (2018)
2018
6.7
The Other Guys (2010)
နယူးယော့စီးတီးရဲ့ စုံထောက်လောကမှာ ထင်သလို ဖြစ်မလာ တတ်တဲ့ ကို့ယို့ကားယား ကိစ္စတွေကို ဟာသ အက်ရှင် ဇာတ်ကားအဖြစ် တင်ပြထားတဲ့ The Other Guys ဟာကျွန်တော်ကြိုက်တဲ့ ဟာသဇာတ်ကားတွေထဲက တစ်ကားပါ........ နာမည်ကြီးအက်ရှင်မင်းသားကြီးတွေ ပေါတောတောရဲဝန်ထမ်းစရိုက်ကို သရုပ်ဆောင်ထားတာ အမှန်အကန်ရယ်ရပါတယ်... အနောက်တိုင်းဟာသဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စကားပြောတွေက 18+ တွေပါနေလို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး....... File size…(1 GB) and (500 MB) Quality…Unrated.BluRay.720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie
The Other Guys (2010)
2010
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
6.1
Mile 22 (2018)
ဒီရုပ်ရှင်ကားဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Mile 22 ဖြစ်ပြီး မင်းသား Mark Wahlberg ရဲ့ အကြမ်းပတမ်း အက်ရှင် ရုပ်ရှင်ကားဖြစ်ပါတယ် ဂျိမ်း ဟာ အင်မတန် ဒေါသကြီးသူဖြစ်ပြီး ငယ်စဉ်ကတည်းက သူများနဲ့ တမူကွဲပြီး ထူးချွန်တဲ့သူ ဖြစ်တယ် နောက်ပိုင်းမှာ အမေရိကန် အစိုးရပိုင်းက သူ့ကို သဘောကျသွားပြီး လျို့ဝှတ်စစ်ဆင်ရေးတွေမှာ ဦးဆောင်ပါဝင်ခိုင်းခဲ့ပါတယ်... သိပ်မကြာသေးခင်က ဂျိမ်း နဲ့ အဖွဲ့ဟာ ဖောက်ခွဲပစ္စည်းတွေ နဲ့ လျို့ဝှတ်နေထိုင်တဲ့ သံသယရှိတဲ့ အိမ်တလုံးကို ရှာဖွေသုတ်သင်ခဲ့ပါတယ် ရှိသမျှ လူ အားလုံးကို မျက်ခုံး တစ်ချက်မလှုပ်ပဲ သတ်ပစ်ခဲ့ကြပြီး သူတို့ အချင်းချင်းပြသနာ တက်သလို ပုံစံ သတင်းလွှင့်ခဲ့ကြပါတယ်... ဒါပေမဲ့ ဂျိမ်း တို့ ရှာနေတဲ့ ဖောက်ခွဲပစ္စည်းတွေတော့ မတွေ့ခဲ့ရပါဘူး... တစ်ရက်မှာတော့ လီ လို့ နာမည်တွင်တဲ့ လူငယ်တစ်ယောက်ဟာ အစိုးရ ရုံးရှေ့မှာ လက်ဆောင်ပေးစရာ ရှိတယ်ဆိုပြီး ဟာ့ဒရိုက် တစ်ခုကို ကိုင်လျက် ရောက်လာပြီး အဖမ်းခံခဲ့ပါတယ် လက်ဆောင်ပေးစရာရှိတယ်လို့လဲ ပြောရင်း အေးဆေးပဲ အဖမ်းခံလိုက်တယ်... အဲ့ဒီ ဒရိုက်ထဲမှာ ဗုံးတွေ ရဲ့ တည်နေရာပါတယ် လျို့ဝှတ်ကုဒ်နံပါတ်နဲ့ ခံထားပြီး ၈ နာရီအတွင်း ...
movie
Mile 22 (2018)
2018
1
2
3
Previous
Next