Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Wahlberg
6.7
The Union (2024)
မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ်လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကိုရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့်တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန်ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကိုရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်းရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင်အချက်အလက်တွေကို ပြန်လုရတဲ့အခါ.... File size…1.77GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Union (2024)
7.2
Shooter (2007)
Shooter (2007)ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။အေးချမ်းတဲ့သူ့ဘဝထဲကို "သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ"ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့..သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ...
movie
Shooter (2007)
2007
4K HEVC
7.3
Arnold & Sly: Rivals, Friends, Icons (2024)
Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie
Arnold & Sly: Rivals, Friends, Icons (2024)
2024
7.2
Arthur the King (2024)
မင်းသားကြီး Mark Wahlberg နဲ့ Shang-Chiမင်းသား Simu Liu တို့ပါဝင်ထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating အတော်လေးကောင်းတဲ့Sport Drama ကားကောင်းလေးဖြစ်ပါတယ်ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့တင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ကားပါ..ဇာတ်လမ်းအညွှန်းကတော့..လှေလှော်၊ တောင်တက်, မာရသွန် စက်ဘီးစီး..စတဲ့ ၅ မျိုုးစုံစွန့်စားခန်းခရီးကြမ်းပြိုင်ပွဲကို နှစ်စဉ် နိုင်ငံအနှံ့မှာကျင်းပကြပြီးနိင်ငံကိုယ်စားပြုအသင်းတွေက ၄ ယောက်တစ်ဖွဲ့စီနဲ့၅ ရက်တာ ယှဉ်ပြိုင်ကြပါတယ်..ဒီပြိုင်ပွဲကို ၁၉ နှစ်တိတိယှဉ်ပြိုင်ခဲ့တဲ့ မိုက်ကယ်ဟာနာမည်ကြီးထမင်းငတ်ပါပဲ...ထိပ်တန်း အဆင့် ၁၀ ထဲအမြဲဝင်ခဲ့ပေမယ့် ချန်ပီယံဆုကိုရခဲ့ခြင်းတစ်ကြိမ်မှ မရှိပါဘူး..အိမ်ထောင်ကျ ကလေးတွေရပြီးနောက်ပိုင်း အသက်အရွယ်ရလာလို့ ဒီအားကစားကိုစွန့်လွှတ်လိုက်ပေမယ့်..ပြိုင်ပွဲ တစ်နှစ်ပြီးကျင်းပတိုင်း သူ့စိတ်ထဲက ဝါသနာပိုးကထိန်းမရပါဘူး ဒီလိုနဲ့ တစ်နှစ်မှာ သူ့အရင်နယ်ပယ်ထဲကမိတ်ဆွေတွေကို ပြန်လည်စုစည်းပြီး...နောက်ဆုံးတစ်ကြိမ်ဝင်ပြိုင်ဖို့ဖြစ်လာရင်းနဲ့ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ခွေးလေးအာသာနဲ့လည်း တွေ့ရှိခဲ့ပါတယ်..ဒီခွေးလေးကို ပြိုင်ပွဲတွင်းမှာပဲ မွေးစားပြီး သူတို့ပြိုင်ပွဲအနိုင်ရဖို့အဓိကသော့ချက်ဖြစ်လာပါတယ်... File size…(4.8 GB) / 2.28GB , 1.1GB Quality…WEB-DL 4K HEVC/1080p 5.1CH ...
movie
Arthur the King (2024)
4K HEVC
7.5
Lone Survivor (2013)
Lone Survivor (2013)အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ...
movie
Lone Survivor (2013)
2013
4K HEVC
6.2
The Family Plan (2023)
Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း ***************ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာနီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစားလုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကိုတိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ကြည့်ကြည့်လိုက်ကြပါဦး။ File size…4.71GB / 2.06 GB / 989MB Quality…WEB-DL 4K HEVC /1080p 5.1 ...
movie
The Family Plan (2023)
4K HEVC
6.1
The Corruptor (1999)
ဖဲမင်းသားကြီး ချောင်ယွင်ဖတ်နဲ့ အက်ရှင်မင်းသားကြီး Mark Wahlbergတို့ပူးတွဲသရုပ်ဆောင်ထားတဲ့ ရဲစုံထောက်ကားဖြစ်တာမို့ မကောင်းမှာမပူရဘူးဗျ...။ဇာတ်လမ်းဇာတ်အိမ်ကိုတော့ နယူးယောက်က ရာဇဝတ်ဂိုဏ်းသားတွေခြေဆန့်ရာ တရုတ်တန်းမှာ ဇာတ်အိမ်တည်ထားပါတယ်....။ရဲသားတစ်ဦးဖြစ်တဲ့ ချန်းဟာ တရုတ်တန်းမှာတာဝန်ကျရင်း နေ့စဥ်ပဲလူမိုက်ဂိုဏ်းတွေရဲ့ နေ့စဥ်နယ်မြေလုမှုတွေ၊မူးယစ်ဆေးမှုတွေဒုစရိုက်မှုအစုံကို တိုက်ဖျက်နေရတယ်ပေါ့....မှန်မှန်ကန်ကန်နေထိုင်တာလည်းရှိသလို အခြေအနေအရ လူမိုက်တွေနဲ့တွဲဖက်ပြီး အမှုလိုက်ရတာလည်းရှိတဲ့ တရုတ်တန်းကရဲဘဝကို မြင်တွေ့ရမှာပါ...။ဒါကြောင့် ဇာတ်လမ်းနာမည်က The Corruptor(ချစားသူ)ဖြစ်နေတာပါ...။ဒါပေမဲ့ ဒီအခြေအနေတွေက တရုတ်တန်းကို လူဖြူရဲအရာရှိတစ်ယောက်တာဝန်ကျလာတဲ့အချိန်မှာပြောင်းလဲသွားပါတော့တယ်...ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုလို့ရပါပြီ...။ File size…2.38 GB / 1 GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Corruptor (1999)
6.7
2 Guns (2013)
2 Guns (2013)~ IMDb - 6.7/10, Rotten Tomatoes - 64% ~2013 က ထွက်ထားတဲ့ Denzel Washington နဲ့ Mark Wahlberg တို့ရဲ့ အက်ရှင် ဇာတ်ကားလေးပါ။ ဒီမင်းသားနှစ်ယောက်ကို မြင်တာနဲ့ သိပ်ညွှန်းစရာတောင်မလိုလောက်တော့ပါဘူး။အသွင်ယူပြီး ထောက်လှမ်းနေတဲ့ ရေတပ်က စတစ်ဂ်မန်းရယ်၊ အသွင်ယူပြီးထောက်လှမ်းရေးလုပ်နေတဲ့ မူးယစ်အရာရှိ ဘော်ဘီရယ် နှစ်ယောက်ပေါင်းပြီး ဘဏ်ဓားပြတိုက်တာကနေ ဇာတ်လမ်းစပါတယ်။ နှစ်ယောက်လုံးကလည်း အချင်းချင်း မကောင်းတဲ့ကောင်ပဲထင်နေတာပေါ့။ သူတို့တွယ်ချင်နေတဲ့ ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင် ငွေတွေထားတယ်လို့ ဘဏ်ကို ဝင်တိုက်ကြပါလေရော။ သူတို့ ဓားပြတိုက်တဲ့ ဘဏ်မှာက ဂိုဏ်းခေါင်းဆောင်ရဲ့ငွေတွေတင်မကဘဲ ငွေပမာဏက ဆယ်ဆလောက် ပိုများနေတယ်။ အဲဒီငွေတွေက CIA ရဲ့ တရားမဝင်ရန်ပုံငွေတွေဖြစ်နေပါတယ်။နောက်တော့ စတစ်ဂ်မန်းက တပ်ပြေးလို့ ထောင်ခြောက်ဆင်ခံရပြီး ဘော်ဘီက အထက်အရာရှိကို သတ်မှုနဲ့ အကွက်ဆင်ခံရပါတယ်။ စတစ်ဂ်မန်းနဲ့ ...
movie
2 Guns (2013)
2013
4K HEVC
7.1
Three Kings (1999)
Three Kings (1999)~ IMDb - 7.1/10, Rotten Tomatoes - 94% ~ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ဇာတ်လမ်းကတော့... Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။George Clooney က အနားယူမယ့်ဗိုလ်မှူး၊ ...
movie
Three Kings (1999)
1999
5.2
Transformers: The Last Knight (2017)
၅ ကားမြောက် ထရန်စဖော်မာကားကို တင်ပေးထားပါတယ်။ အရင်ဇာတ်လမ်းမှာ အော့ပ်တိမက်စ် ပရိုင်းဟာ သူ့ရဲ့ဖန်ဆင်းရှင်တွေကို ရှာဖို့ အာကာသထဲကိုထွက်သွားပြီး ပြန်မလာခဲ့ပါဘူး။သူမရှိချိန်အတွင်းမှာ လူသားတွေဟာ အရင်ရုပ်ရှင်က တိုက်ပွဲအကျိုးဆက်အဖြစ်အော်တိုဘော့တွေကိုပါ တရားမဝင်ကြေညာပြီး တိုက်ခိုက်နေပါပြီ။ခေါင်းဆောင်မဲ့နေတဲ့ အော်တိုဘော့တွေကို ကိတ်ရေဂါက ဖွက်ပေးထားစောင့်ရှောက်ထားရပါတယ်။ဒီဇာတ်လမ်း အစကတော့ ဘုရင်အာသာနဲ့ မာလင်ခေတ်က ထရန်စဖော်မာတွေရဲ့လျို့ဝှက်သမိုင်းကြောင်းကို အခြေခံထားပါတယ်။ အော့ပ်တိမက်စ်ရဲ့ ဖန်ဆင်းရှင်ကကမ္ဘာကိုဖျက်ပြီး ဆိုက်ဘာထရွန်ကို ပြန်မွေးဖွားဖို့ကြိုးစားတာကို အော်တိုဘော့တွေ၊မာလင်ရဲ့မျိုးဆက် နဲ့ ရွေးချယ်ခံရတဲ့ နောက်ဆုံးသူရဲကောင်းစစ်သည်တို့စုပေါင်းကာကွယ်ကြပုံကို တွေ့ရပါလိမ့်မယ်။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(8.2 GB)/(4.2 GB)/(1.5 GB) Quality….BluRay 4K HDR HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:34:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Transformers: The Last Knight (2017)
2017
4K HEVCHDR
5.7
Transformers: Age of Extinction (2014)
ဇာတ်လမ်းကတော့ Dark Side of the moon ဇာတ်လမ်းအပြီး ၅ နှစ်အကြာဖြစ်ပါတယ်။ Transformers တွေကြောင့် Chiacago မြို့ ပျက်ဆီးခဲ့ရတယ်လို့ အစိုးက အပြစ်တင်ပြီး၊ Autobots တွေရော Decepticons တွေကိုပါလိုက်ဖမ်းဆီးနေပါတယ်။ အဲ့ဒီအချိန်မှာ Mark Wahlberg က Optimus Prime ကိုအမှတ်မထင် ရှာတွေ့သွားရာက သူ့ကို လိုက်ရှာနေတဲ့ အစိုးရအဖွဲအစည်းတွေနဲ့ အခြားဂြိုလ်သားတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ အဲ့ဒီမှာ Mark Wahlberg တို့မိသားစုနဲ့ Autobots တွေပေါင်းပြီး အဖြစ်မှန်ကို စုံစမ်းရာမှာ၊ US အစိုးရက Transformer တွေကို ကိုယ်တိုင် တီထွင်နေပြီးတော့၊ Control လုပ်နိုင်ဖို့ ကြိုးစားနေသလို၊ Transformers Army လုပ်နေပါတယ်။ ဒါပေမယ့် သူတို့ယူသုံးနေတဲ့ Sample တွေက Megatron ရဲ့အစိတ်အပိုင်းနဲ့ ဦးနောက်တွေဖြစ်နေပြီးတော့၊ အမှတ်မထင်ပဲ Megatron ကို အသက်ပြန်သွင်း နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုတွေစခန်းသွားကြမယ်ဆိုတာ.......။ (Transformers ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=transformers ...
movie
Transformers: Age of Extinction (2014)
2014
4K HEVCHDR
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)
Entourage(2015)
ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie
Entourage(2015)
The Truth About Charlie (2002)
Angella ဆိုတဲ့အမျိုးသမီးငယ်တစ်ဦးဟာ အပျော်ခရီးထွက်နေရင်း သူ့ယောက်ျားနဲ့ကွာရှင်းဖို့စိတ်ကူးနေပါတယ်။ ခရီးကနေအိမ်ရှိရာ ပဲရစ်မြို့ကိုပြန်လာချိန်မှာတော့ သူ့ယောက်ျားဖြစ်သူ အသတ်ခံလိုက်ရတာကို သိလိုက်ပြီး သူ့တိုက်ခန်းကလည်း ဟောင်းလောင်းဖြစ်နေပါတယ်။ အဲဒီအချိန်မှာပဲ ပြင်သစ်ရဲတွေရော တခြားသူစိမ်းတွေကပါ သူ့ကိုလိုက်လံစုံစမ်းမေးခွန်းထုတ်ရာကနေ Angella လည်းခင်ပွန်းဖြစ်သူ Charles ရဲ့သရုပ်မှန်ကိုတဖြည်းဖြည်းပုံဖော်လာပါတော့တယ်။ 1963 က Cary Grant နဲ့ Audrey Hepburn တို့ရဲ့နာမည်ကျော်ဇာတ်ကားကြီး Charade ကိုပြန်ရိုက်ထားတာဖြစ်ပြီး နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Mark Wahlberg, Thandiwe Newton နဲ့ Tim Robbin တို့ပါ၀င်ထားတဲ့ Mystery ကားလေးပါ။File size…(1.91GB) / (924.47MB) /594.95MBMB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre... Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
The Truth About Charlie (2002)
6.5
The Perfect Storm (2000)
2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB) / (`1.54GB) Quality…. Web 1080P / ...
movie
The Perfect Storm (2000)
The Yards (2000)
Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie
The Yards (2000)
Boogie Nights (1997)
မင်းသား Mark Wahlberg ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားကို တင်ပေးထားလိုက်ပါပြီဒီကားကတော့ အက်ဒီအဒမ်စ်ဆိုတဲ့ကောင်လေးကို ညစ်ညမ်းကားဒါရိုက်တာဂျက်ခ်ဟော်နာက တွေ့ရှိသွားပြီး ခေါ်လာခဲ့ရာမှ နာမည်ကြီးအပြာမင်းသားဖြစ်သွားတဲ့အကြောင်းကိုရိုက်ပြထားတာပါ။ Pornography ဖန်တီးတဲ့အကြောင်းတွေ ထဲထဲဝင်ဝင်ရိုက်ပြထားတဲ့အပြင် အဖော်အချွတ်အခန်းတွေအများကြီးပါတဲ့အတွက် ကလေးတွေနဲ့ကြည့်ရှူဖို့တော့ မသင့်တော်ပါဘူး..Imdb 7.9/10 ရထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုပေါင်းများစွာလည်းရရှိခဲ့ပါတယ်။ အခုအချိန်အထိလည်း Masterpiece ကားလို့တင်စားခံနေရတုန်းပါ။ File size…(3.08GB) / (`1.54GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:35:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Boogie Nights (1997)
Renaissance Man (1994)
1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre... Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina
movie
Renaissance Man (1994)
6.2
Fear (1996)
Fear စိတ္တဇလူသတ်သမားဇာတ်လမ်းအမျိုးအစားတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ထပ်ပြီး ရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ၁၉၉၆ခုနှစ်က အမေရိကန်ရုပ်ရှင်။ အသက်ဆယ့်ခြောက်နှစ်အရွယ် ကောင်မလေး နစ်ခိုးလ်ဟာ သူ့အဖေရဲ့ အိမ်ထောင်အသစ်နဲ့အတူ ဝါရှင်တန်မှာ အတူနေကြတယ်။ အလုပ်တွေပဲ အမြဲများနေတတ်တဲ့ အဖေဖြစ် သူ စတီဗင်က ဒုတိယအိမ်ထောင်ဆက်မှာတော့ သာယာတဲ့မိသားစုလေးကို တည်ထောင်ဖို့ကြိုးစားနေချိန်မှာပဲ နစ်ခိုးလ်က အန္တရာယ်အနံ့အသက်တွေအပြည့်နဲ့ကောင်လေးနဲ့ တွဲလာတယ်။ အစပိုင်းမှာ ယောက်ျားပီသပြီး အရာရာကိုကူညီတတ်တယ်လို့ သူထင်ထားတဲ့ သူ့ကောင်လေးက တဖြည်းဖြည်း စိတ္တဇဆန်လာပြီး လူသတ်ကောင်လိုမျိုးသားရဲဆန်လာတာကို နစ်ခိုးလ် တွေ့လာရတယ်။ အဲဒီအချိန်မှာ နစ်ခိုးလ်က ဒီကောင်လေးနဲ့ ပတ်သက်သမျှကို အဆက်ဖြတ်နိုင်ပါ့မလား သူကစတဲ့ မီးပွားဟာ သူ့မိသားစုဆီမှာပါ လာစင်မလားဆိုတာ သည်းထိတ်ရင်ဖိုဖွယ်ဇာတ်ဝင်ခန်းများနဲ့အတူကြည့်ရှုရမှာပဲဖြစ်ပါတယ်။File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre... Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Fear (1996)
6.0
The Big Hit (1998)
The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ်ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း ...
movie
The Big Hit (1998)
1
2
3
Next