Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mark Stanley
5.4
Hellboy (2019)
ဒီရုပ်ရှင်ကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Hellboy ၁ နဲ့ ၂ ရဲ့ အဆက်မဟုတ်ပါဘူး။အစကနေ ပြန်ရိုက်တဲ့ reboot ဖြစ်ပါတယ်။Dark Horse Comic ရဲ့ Hellboy ဇာတ်ကောင်ကို ကြည့်ဖူးတဲ့သူအတော်များပါတယ်။ဒီတစ်ခါတော့ R rated ဖြစ်တဲ့အတွက် သတ်ဖြတ်ခန်းတွေ နည်းနည်းတော့ ကြမ်းပါလိမ့်မယ်။ဇာတ်လမ်းကတော့ မြှပ်ထားတာတွေ အများကြီးပါလို့ မပြောပြတော့ပါဘူး။action, adventure, fantasy အမျိုးအစားဖြစ်ပါတယ်။စောင့်နေတဲ့လူများကြည့်လို့ရပါပြီနော်... File size… 4GB / 2 GB / 996 MB Quality… BluRay 4k / 1080p / 720p Format… mp4 Duration…. 2hrs Genre ..... Action , Adventures , Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Littleneo
movie
Hellboy (2019)
2019
4K HEVC
6.2
Our Kind of Traitor (2016)
အက်ရှင်ကားကိုမှ စိတ်ခံစားချက်တွေ အပြည့်နဲ့ခံစားစီးမြောပြီး ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Our Kind Of Traitor ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.2 ရရှိထားပြီး တကယ်ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။တခြားကားတွေနဲ့ မတူတာက ဒီကားကဗီလိန်ဖြစ်တဲ့ရှရှားမာဖီးယားကြီးကို သနားပြီး ကြည့်နေရမဲ့ဇာတ်ကားဖြစ်နေလို့ပါပဲ။ပယ်ရီနဲ့ဂေးလ်ဆိုတဲ့ လင်မယားနှစ်ယောက်က သူတို့ရဲ့အိမ်ထောင်ရေး သာယာစေဖို့အတွက် အပျော်ခရီးထွက်လာခဲ့ပြီး စားသောက်ဆိုင်တစ်ခုမှာ ညစာစားနေကြပါတယ်။ဒါပေမယ့် ရှေ့နေဖြစ်တဲ့ မိန်းမဖြစ်သူဂေးလ်က ဖုန်းတစ်လုံးနဲ့အလုပ်များနေတဲ့အတွက် ပယ်ရီလည်းတစ်ယောက်တည်းထိုင်စောင့်နေရပါတော့တယ်။အဲ့ဒီအချိန်မှာ တခြားဝိုင်းမှာထိုင်နေတဲ့ ဒီမာဆိုတဲ့လူတစ်ယောက်ကသူ့ကိုလာခေါ်ပြီးမိန်းမဖြစ်သူမအားလို့ စိတ်ညစ်မနေဖို့ နှစ်သိမ့်ပေးလိုက်တာမိုးလင်းပေါက်ပါတီရောက်ပြီး မနက်ပိုင်းတင်းနစ်ပါရိုက်လိုက်ပါသေးတယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ခင်မင်သွားကြပြီး ပယ်ရီပြန်ခါနီးညမှာ ဒီမာက သူ့လက်ထဲမန်မိုရီစတစ်တစ်ချောင်းထည့်ပေးပြီး အကူအညီတောင်းခဲ့ပါတော့တယ်။တကယ်တော့ ဒီမာဆိုတာဒုစရိုက်မှုတွေအတွက်အကြီးစားငွေကြေးခဝါချပေးနေတဲ့ သူတစ်ယောက်ဖြစ်ပြီးသူ့မိသားစု အသတ်ခံရမှာစိုးလို့ပယ်ရီတို့ နေထိုင်တဲ့ယူကေမှာခိုလှုံခွင့်ရဖို့ အချက်အလက်တွေကို စတစ်ထဲမှာထည့်ပြီးရဲတွေလက်ထဲ ပို့ခိုင်းတာပဲဖြစ်ပါတယ်။ဒါပေမယ့် အစီအစဉ်တွေက ဒီမာထင်ထားသလိုလွယ်ကူမနေတဲ့အခါ ပယ်ရီလည်းအကူအညီတစ်ခုကနေ ဆက်တိုက်ကူညီနေရပြီးနောက်ဆုံးမှာဒီမာ့ အထက်က ငွေကြေးခဝါချမှုအကြီးစားတွေကို ဖော်ထုတ်နိုင်ပြီး ခိုလှုံခွင့်ရသွားကြမလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.6GB / 795MB Quality…Blu-Ray 1080p 5.1CH / ...
movie
Our Kind of Traitor (2016)
7
The Settlers (2023)
The Settlers (2023)Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့.....။ အများကြီးမညွှန်းတော့ဘဲ ...
movie
The Settlers (2023)
2024
7.8
Star Wars: Episode VII – The Force Awakens (2015)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VII – The Force Awakens (2015)
4K HEVC
6.8
Mr. Turner (2014)
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie
Mr. Turner (2014)
2014
6.4
How I Live Now(2013)
မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်းဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်ကအဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့အမေရိကန်လူမျိုး ဒေစီ...ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရတယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်တို့မိသားစုနဲ့လည်းကင်းကင်းရှင်းရှင်းပဲနေပါတယ်.. တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီးဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စားစောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူမရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်..စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကိုဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်..ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်.. File size…2.38GB / 1.04GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Benni
movie
How I Live Now(2013)
7.8
Ready Player One (2019)
ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie
Ready Player One (2019)
2018
4K HEVC
7.1
Kajaki 2014
Kajaki 2014 စစ်ကားကောင်းကောင်းလေးကြည့်မလား ? မျက်စိလည်းမနောက် ၊ ဇာတ်လမ်းလေးလည်းကောင်း ၊ တကယ့်အဖြစ်အပျက်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးမယ်နော် ဒုံးဒုံးဒိုင်းဒိုင်း နဲ့ ပစ်တဲ့စစ်ကားတော့မဟုတ်ဘူးနော် ဒါပေမဲ့ ပါးစပ်အဟောင်းသားနဲ့ကြည့်ရမှာတော့ အာမခံပါတယ်။ မိုင်းထိတဲ့ကားလေးပါ ။ ဇာတ်လမ်းလေးကရိုးပါတယ် ။ ဟိုဘက်ကမ်းကိုသွားဖို့ လမ်းဖြတ်ကူးရမယ်ပေါ့။ အဲ့လမ်းက ဖြစ်ချင်တော့ ဗုံးမြေဖြစ်နေတယ် ။ပေါက် လိုက်တာမှ တအုံးအုံး နဲ့ ။ ပြီးတော့ ကယ်ဆယ်ရေးကိုစောင့်ရင်း ဇာတ်လမ်းကိုအဆုံးသတ်ထားပါတယ်။ ဘာကြောင့် ဒီဇာတ်ကားလေးကို ညွှန်းချင်လည်းဆိုတော့ အဲ့လမ်းမှာဗုံးထိရင်း အချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်ဓါတ်၊ စစ်ဆိုတာ ဘယ်လောက်တောင်အကြပ်ရိုက်လဲဆိုတာကို ဒါရိုက်တာက ပညာသားပါပါ ရိုက်ပြထားပါတယ်။ အဲ့ဒါကြောင့် စစ်ပြန်တွေ အချင်းချင်း အရမ်းရင်းနှီးတယ်ဆိုတာ ဒီလိုအခက်အခဲတွေကြောင့်ဆိုတာ အခုမှသိရတော့တယ်။ စစ်သုံးစကားတွေလည်း ဗဟုသုတအဖြစ်ထည့်ပေး ထားသေးတယ်နော်။ အရမ်းကောင်းတဲ့ကားလေးပါ... ကြည့်ဖို့တိုက်တွန်းပါတယ်နော်....။ ။ Translator : Jo Jo Va Encoder : Thit San Khant Quality : 1080p and 720p Size :1.14 GB and 539MB
movie
Kajaki 2014
2014
6.5
Dark River (2017)
နာမည်ကြီးမင်းသမီး Ruth Wilson ပါဝင်သရုပ်ဆောင်ထားပြီးတော့ IMDB Rating 5.8 နဲ့ Rotten Tomato 75% ရရှိထားပါတယ်။Heavy Drama ဇာတ်ကားတစ်ပုဒ်ဖြစ်လို့ ဇာတ်ကားကိုအေးအေးဆေးဆေးနဲ့ ခံစားပြီးကြည့်တတ်တဲ့သူတွေ အတွက်ပဲအဆင်ပြေပါလိမ့်မယ်။ဇာတ်လမ်း အကျဉ်းကတော့ ၁၅ နှစ်ကြာ အိမ်ကနေ စိတ်နာစရာဇာတ်လမ်းတွေကြောင့်ထွက်သွားခဲ့တဲ့ Alice တစ်ယောက် ဖခင်ဆုံးပါးခဲ့ချိန်မှာ စိတ်လေးလံစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။သူရဲ့မောင်ဖြစ်သူ Joe နဲ့ ဆက်ဆံရေးကိုပြန်တည်ဆောက်နေချိန်မှာ အတိတ်ကနာကျင်စရာများကိုပြန်အမှတ်ရပြီးခံစားရတာတွေ ဒီလယ်ကိုဘယ်သူအမွေဆက်ခံသင့်မဆက်ခံသင့်အငြင်းပွားကြ ပြီးတော့ သူတို့ အဆင်ပြေသွားကြပါမလား။အတိတ်ကအရိပ်ဆိုးတွေကရောရုန်းထွက်နိုင်ပါ့မလား ဆိုတာကိုကြည့်ရမှာဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (750 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 30min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-EiDER Translated ...
movie
Dark River (2017)
2017
6.7
Euphoria (2018)
ဒီ Euphoria ဆိုတဲ့ Adventure, Drama ဇာတ်ကားကို 2017 Toronto International Film Festival မှာပြသခဲ့ပေမယ့် 2018ခုနှစ်မှ Digital Release အဖြစ်ထုတ်ဝေခဲ့တာပါ။ဒီဇာတ်ကားကို ရိုက်ကူးတဲ့သူကတော့ အမျိုးသမီးဒါရိုက်တာ Lisa Langseth ဖြစ်ပြီး နာမည်ကျော်မင်းသမီးနှစ်ဦးက ခေါင်းဆောင်ပြီး ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ပထမတစ်ယောက်ကတော့ The Danish Girl, Ex Machina နဲ့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Tomb Raider ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Alicia Vikander ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Miss Peregrine's Home for Peculiar Children, Casino Royale, 300: Rise of an Empire တို့နဲ့အတူ ပရိသတ်တော်တော်များများအကြိုက်တွေ့ခဲ့တဲ့မင်းသမီးကြီး Eva Green ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ==========Emilie နဲ့ ...
movie
Euphoria (2018)
2018