Channel Myanmar

Mark Robert Ellis

Radio (2003) 6.9
Radio (2003)  ဘောလုံးအသင်းကို မိန်းမနဲ့ကလေးထက် ပိုပြီးတော့ ဦးစားပေးတဲ့ နည်းပြဟာရိုးဂျုံး၊ တစ်ရက်မှာ နည်းပြဂျုံးရဲ့ အသင်းသားတွေက ဉာဏ်ရည်မမှီတဲ့ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ခဲ့ရာကစလို့ သူ့ကို ကူညီပေးခဲ့ပါတယ်။ စစချင်းတွေ့တဲ့အချိန်မှာ ကောင်လေးဟာ စကားတောင် မပြောရဲဘဲ ကြောက်နေတဲ့အတွက် ရေဒီယိုတွေကိုချစ်တဲ့သူ့ကို ရေဒီယိုဆိုပြီးနာမည်ပေးရာကနေ အမည်တွင်ခဲ့ပါတော့တယ်။ရေဒီယိုလေးကို ကြည့်ပြီး ကူညီပေးချင်တဲ့ နည်းပြဂျုံးဟာ ရေဒီယိုကို ဘေးကနေ အဖော်လုပ်ပေးရင်း သူ့ကို တဖြည်းဖြည်း တိုးတက်လာအောင်လုပ်ရင်းနဲ့ လူပေါင်းဆံ့လာပါတော့တယ်။ ဒီလိုနဲ့ နည်းပြဂျုံးနဲ့ ရေဒီယိုတို့ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်သွားကြမလဲ ..... ရေဒီယိုလေးဟာရော နည်းပြဂျုံးရဲ့ အကူအညီကြောင့် ဘယ်လောက်အထိ တိုးတက်လာမလဲ...... ဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre... Football, Biography, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Radio (2003)

Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

The Longest Yard(2005) 7.0
The Longest Yard(2005) The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့...  File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Longest Yard(2005)